.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 17, 2011

မြန်မာ့သမိုင်းတကွေ့မှ အဓိပတိကြီး ဒေါက်တာဘမော်

မြန်မာ့သမိုင်းတကွေ့မှ အဓိပတိကြီး ဒေါက်တာဘမော်
သန်းဝင်းလှိုင်
ဧပြီ ၂၈၊ ၂၀၁၁

            ဒေါက်တာဘမော်သည် ကိုလိုနီခေတ်၊ ဂျပန်ခေတ်၌ ထင်ရှားခဲ့သော ပထမဆုံး ပါရဂူဘွဲ့ရ နိုင်ငံရေးသမားနှင့် ခေါင်းဆောင်တဦးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ နိုင်ငံရေးတွင် ကျင်လည်၍ နိုင်ငံရေးပါး ဝသည်။ ထို့ပြင် မြန်မာတိုင်းရင်းသားများထဲမှ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ပထမဆုံးသော ကထိကရာထူးရခဲ့သူဖြစ်ပြီး၊ လန်ဒန် ဂရေးအင်းဥပဒေကျောင်းမှ (Bar of Law) ဝတ်လုံဘွဲ့နှင့် ပြင်သစ်နိုင်ငံ ဘောလ်ဒိုးတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (ပါရဂူ)ဘွဲ့ကို ပထမဆုံးရခဲ့သူဖြစ်သည်။ သူသည် ကိုလိုနီခေတ် ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးကာလတွင် ပညာရေးဝန်ကြီးချုပ်၊ နန်းရင်းဝန် (ဝန်ကြီးချုပ်)၊ ဂျပန်ခေတ်တွင် နိုင်ငံတော်အကြီးအကဲ (အဓိပတိ) တာဝန်များကိုထမ်းရွက်ခဲ့သူ ဖြစ်သည်။
          ဒေါက်တာဘမော်ကို ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်ဗုဒ္ဓဟူးနေ့တွင် မအူပင်မြို့၌ အဖ ဦးကျေး၊ အမိ ဒေါ်သိန်းတင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အငယ်ဖြစ်သည်။ အစ်ကို ဖြစ်သူမှာ ဥပဒေပါမောက္ခ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉) ဖြစ်သည်။ ဖခင် ဦးကျေး (ဦးမောင်မောင်ကျေး)မှာ သာသနာပြုဆရာကြီး ဒေါက်တာမှတ်၏ တပည့်ရင်းတဦးဖြစ်၍ မန္တလေး သံထဲကျောင်းတွင် မင်းတုန်းမင်း၏ သားတော်မင်းညီမင်းသားများနှင့်အတူ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သထုံဒေသ တော်လှန်ပုန်ကန်မှု တွင်ပါဝင်၍ ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။
          ဒေါက်တာဘမော်သည် ငယ်စဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဥရောပမှပြန်လာပြီးနောက် ဗုဒဘာသာဝင်ဖြစ်လာသည်။ ငယ်စဉ်ကစိန်ပေါကျောင်း (အ.ထ.က (၆) ဗိုလ်တထောင်) မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်၍ ၁၉၁၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ရန်ကုန် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်ပြီး ကာလကတ္တား တက္ကသိုလ်မှ ၁၉၁၇ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့(M.A) ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် ပထမဆုံး ဗမာလူမျိုး ကထိကအဖြစ် ၁၉၁၆ မှ ၁၉၂၀ အထိ လေးနှစ်တာမျှ ဆောင်ရွက်ခွင့်ရရှိခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်ပြည် ကိန်းဗရစ်တက္ကသိုလ်သို့ သွားရောက် ပညာ သင်ကြားခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် လန်ဒန်မြို့ ဂရင်းအင်းမှ ဘာရစ်စတာ (Barrister at Law) ဝတ်လုံ ဘွဲ့ရသည်။ ၁၉၂၄ ခုနှစ်မှာပင် ပြင်သစ်နိုင်ငံ ဘောလ်ဒိုးတက္ကသိုလ်မှ ဗုဒ္ဓဘာသာကျမ်းပြု၍ ပါရဂူ (Ph.D) ဘွဲ့ရရှိခဲ့သည်။ ပီအိပ်ခ်ျဒီအတွက် တင်သွင်းခဲ့သည့်စာတမ်းမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာရှိ ဈာန်ကမ္မဌာန်းများကို နှိုင်းယှဉ်လေ့လောသည့် ‘အိစ်တင်းမစ်တစ်ဇင်း’ (Eastern Mysticism) စာတမ်း ဖြစ်သည်။
          ၁၉၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဝတ်လုံလိုက်ရာ ၁၉၃၀ ပြည့်နှစ် သာယာဈတီ ဂဠုန်ဆရာစံနှင့် မျိုးချစ်တော်လှန်ရေးသမားများဘက်မှ လိုက်ပါဆောင်ရွက်ရာမှ ထင်ရှားလာခဲ့သည်။
          ၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံနှင့် ခွဲရေးတွဲရေးကိစ္စ ပေါ်ပေါက် လာသောအခါ အိန္ဒိယနှင့်ခွဲရေးကိုလိုလားသော ဦးဘဘေ ခေါင်းဆောင်အဖွဲ့များက ခွဲရေးအသင်း ဖွဲ့စည်းခဲ့သလို ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ ဝတ်လုံဦးကျော်မြင့်၊ ဦးကျော်ဒင်၊ ရမ်းဗြဲ ဦးမောင်မောင်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘခိုင်တို့ ပါဝင်သည့်အဖွဲ့က တွဲရေးကိုလိုလားသူများက မခွဲခွာရေး အသင်း (တွဲရေးအဖွဲ့)ကို ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့ကို အတိုကောက်အားဖြင့် ‘မော်မြင့်ဗြဲ ပါတီ’ ဟုလည်း ခေါ်ကြသည်။ ထိုအချိန်မှစ၍ ဒေါက်တာဘမော်သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။
          ထို့ပြင် ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းတိုက်၌ ခွဲရေး တိုက်ရေး အချေအတင်စကားပြောပွဲ ကျင်းပရာ ခွဲရေးဘက်မှ ဦးဘဘေနှင့် ဝတ်လုံဦးဘစီ၊ တွဲရေးဘက်မှ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန် ညီအစ်ကိုတို့က ဟောပြောကြသည်။
          ၁၉၃၂ ခု နိုဝင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒိုင်အာခီအုပ်ချုပ်ရေးအရ

သမိုင်းတကွေ့မှ ဂဠုန်ဦးစော

သမိုင်းတကွေ့မှ ဂဠုန်ဦးစော
သန်းဝင်းလှိုင်
ဧပြီ ၃၀၊ ၂၀၁၁
          မြန်မာနိုင်ငံ လွတ်လပ်ရေးရအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်ကြီးများအား ဂဠုန်ဦးစောနှင့် သူ၏ နောက်လိုက်လူသတ်သမားတစုက လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရရှာသည်။ ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ကို အမှတ်တရရှိစေခြင်းငှာ ‘အာဇာနည်နေ့’ အဖြစ်ကျင်းပလာခဲ့သည်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ၆၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ‘သေသောသူ ကြာလျှင်မေ့’ ဆိုရိုးစကားရှိသော်လည်း ယနေ့တိုင် ပြည်သူတရပ်လုံးက ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့တိုင် တအောက်မေ့မေ့၊ တတမ်းတတနှင့် လွမ်းရှိန်မပျောက်၊ တသွေ့သောင်းသောင်း၊ တပြောင်းပျပျ သတိရနေဆဲဖြစ်သည်။
          ထိုနည်းတူစွာ ဗိုလ်ချုပ်တို့အား ရာဇဝင်ရိုင်းအောင် ယုတ်မာလှသော အကြံမိုက်ဖြင့် ပြုခဲ့ကြသော လူမသမာတို့သည် တရားဥပဒေအတိုင်း မိုက်ပြစ်ကိုခံလိုက်ရပြီဖြစ်သော်လည်း သူတို့၏ဘဝနှင့် သူတို့အမိုက်ဇာတ်ကို အမှတ်ရနေဆဲပင် ဖြစ်သည်။
          ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်ခဲ့သော ဂဠုန်ဦးစော၏ ဘဝတစေ့တစောင်းနှင့် နှောင်းအတိတ်မှ သမိုင်းပုံရိပ်ကို လူငယ်များသိရှိနိုင်စေရန် ပြန်လည်ဖော်ပြလိုက်ပါသည်။
          နိုင်ငံတော်လုပ်ကြံမှု တရားခံအဖြစ် ဘဝဇာတ်သိမ်းပိုင်းမလှခဲ့သော နန်းရင်းဝန်ဟောင်း ဂဠုန် ဦးစောကို ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌ အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိဒေါ်ပန်းတို့မှ ၁၉၀၀ ပြည့်နှစ် မေလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၄ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်းများမှာ အစ်မ ဒေါ်ယုံ၊ ဂဠုန်ဦးစော၊ ညီ မောင်တင့်၊ ဦးထွန်းလေး (ခေါ်) ဦးမောင်မောင်ကြီးတို့ ဖြစ်ပါသည်။
          ငယ်စဉ်က ကြို့ပင်ကောက်မြို့၊ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမတန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ သွားရောက်သင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နောက်ဆုံး ကျင်းပခဲ့သည့် တတိယတန်း ရှေ့နေစာမေးပွဲကို အောင်မြင်ခဲ့သည်။
          သာယာဝတီ မြို့မဝံသာနုကောင်စီတွင် စက္ကတေရီအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ် ဂျီစီဘီအေ အကွဲတွင် ဖခင်ဦးဖိုးကြူးနှင့်အတူ ၂၁ ဦးဂျီစီဘီအေအဖွဲ့က ပါဝင်လှုပ်ရှားဆောင်ရွက်သည်။ ၁၉၂၅ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီ ဦးပုကိုအနိုင်ရ၍

သမ္မတကြီးမန်းဝင်းမောင်

 
သမိုင်းတကွေ့မှ သမ္မတကြီး မန်းဝင်းမောင်
သန်းဝင်းလှိုင်
မေ ၂၊ ၂၀၁၁
          ၁၉၅၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန်လူမျိုးစုလွှတ်တော် တွဲဖက်ညီလာခံမှ မြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ မန်းဝင်းမောင်အား ရွေးကောက်တင်မြှောက် ခဲ့ကြသည်။ သမ္မတ မန်းဝင်းမောင်သည် ဖက်ဆစ်တော်လှန်ရေးကာလ၌ ရှေ့တန်းမှပါဝင်ခဲ့ပြီး၊ တိုးတက်သောအမြင်ရှိသည့် ကရင်လူငယ် ပညာတတ်ဖြစ်သည်။ သူသည် ကရင်-ဗမာ ချစ်ကြည်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
          သမ္မတကြီး မန်းဝင်းမောင်ကို ၁၉၁၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖ ပညာအုပ် ဦးရွှေရင် နှင့် အမိ ဒေါ်သာယာ တို့ဖြစ်သည်။
          ငယ်စဉ်က ပုသိမ်မြို့ မွန်ကရင် အထက်တန်းကျောင်း၊ ဂျဒ်ဆင်ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာ(BA) ဘွဲ့ရရှိ  ခဲ့သည်။
          ဘွဲ့ရပြီးနောက် ၁၉၃၇ မှ ၁၉၄၀ အထိ သန်လျင် ဘီအိုစီကုမ္ပဏီတွင် စာရင်းဌာန၌ ဝန်ထမ်းအဖြစ် လည်းကောင်း၊ အတွင်းဝန်ရုံး (နောင် ဝန်ကြီးများရုံး)၌ အစိုးရဝန်ထမ်းအဖြစ် လည်းကောင်း ထမ်းရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်မြို့) တွင် ဗိုလ်သင်တန်းတက်ရောက်၍ ၁၉၄၁-၄၁ တွင် အရာခံဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂ တွင် အင်္ဂလိပ်စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်တော့ဘဲ မြန်မာပြည်၌နေခဲ့သည်။ ထို့နောက် မန်းဝင်းမောင် သည် ၁၉၄၂ မတ်လတွင် ရန်ကုန်မြို့နေ ဦးစံလှ ဒေါ်ဒွေးတို့၏သမီးဖြစ်သူ မမြမေနှင့် လက်ထပ်၍ သားသမီး ၆ ဦးထွန်းကားခဲ့သည်။
          ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်၍ ဖက်ဆစ်တော်လှန်ရေးအတွက် ၁၉၄၄ ခုနှစ် ဒီဇင်ဘာ လ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ စစ်ပညာသင်ကြားရန် ရန်ကုန်မှ ထွက်ခွာခဲ့သည်။ သူနှင့်အတူ သခင်ဗိုလ်၊ သခင်လှကွန်း၊ ကိုအုန်းမောင်၊ ကိုစောဟန်၊ ကိုသောင်း၊ ကိုဘသောင်း၊ ကိုအောင်ထွန်း (ဗိုလ်မှူး ချစ်ကောင်း) ၊ ဦကျော်ရင် (ကထိက) ၊ ကျော်ဝင်းမောင်၊ သခင်တင်ရွှေ၊ မစ္စတာဂိုရှယ်၊ ကိုစောဖြူ (ဒုတိယ ကာကွယ်ရေးဦးစီးချုပ်လေး)၊ ကိုစံတင့် (စံတင့်-ရှမ်းပြည်)၊ ကိုညိုထွန်း၊ သခင်ဖေတင့်၊ မမြရီ၊ ကိုဘစော (သံအမတ်ကြီး) စသည်တို့ပါဝင်၍ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လက်နက်ငယ် ကိုင်တွယ်ပစ်ခတ်ရေးနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများကို တက်ရောက်ခဲ့သည်။ စစ်သင်တန်းပြီးဆုံးသောအခါ သီဟိုဋ္ဌ် (သီရိလင်္ကာ) နိုင်ငံ၌ ဆက်လက်၍ စစ်သင်တန်းများ တက်ရောက်ခဲ့ပြန်သည်။
          ၁၉၄၅ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် တောင်ငူခရိုင် ဖြူးမြို့နယ်အရှေ့ဘက် ဘွားအေစုရွာအနီး၌ လေထီးဆင်းခဲ့ရာတွင် မန်းဝင်းမောင်သည် လယ်ကန်သင်းပေါ်ကျပြီး ပေါင်တဖက် ကျိုးခဲ့သည်။ တောရွာများတွင် နေထိုင်ခဲ့ရသောကြောင့် တိုင်းရင်းဆေးဝါးဖြင့် ပတ်တီးစီးပေးခဲ့ရသည်။ တော်လှန်ရေးကာလတလျှောက်လုံး မန်းဝင်းမောင်သည် ထန်းစင်ထက်တွင်လှဲ၍ ကရင် တိုင်းရင်းသားများကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇွန်လတွင် မန်းဝင်းမောင်ကို ဗြိတိသျှ တပ်ဖွဲ့တဖွဲ့က လေယာဉ်ပျံဖြင့် အိန္ဒိယနိုင်ငံ ဆေးရုံတရုံသို့ပို့၍ ဆေးဝါးကုသပေးခဲ့သည်။
          ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် သခင်သိန်းဖေ( သိန်းဖေမြင့်) နှင့်အတူ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်၍ ကရင်-ဗမာချစ်ကြည်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စောထွန်းစိန်၊ စောမြင့်သိန်း၊ စောစံဘိုးသင်၊ မန်းဘခိုင်တို့နှင့် ကရင်လူငယ်များအစည်းအရုံး (Karen Youths Organization – KYO) ကို ဖွဲ့စည်းတည်ထောင်၍ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဥက္ကဋ္ဌမှာ အာဇာနည် မန်းဘခိုင် ဖြစ်သည်။ မန်းဝင်းမောင်သည် ကရင်လူငယ်အစည်းအရုံးက ထုတ်ဝေသော ‘တိုင်းရင်းသားဂျာနယ်’ ၏ အယ်ဒီတာအဖြစ်လည်း တာဝန်ယူခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသားအဖွဲ့၏ ဥက္ကဋ္ဌဖြစ်လာသည်။
          မန်းဝင်းမောင်သည် ၁၉၄၇ ခုနှစ် ဧပြီလ ၁၁ တွင် ပုသိမ်မြောက်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ် မေလ အခြေခံဥပဒေရေးဆွဲရေး ကော်မတီအဖွဲ့ဝင်၊ လမ်းညွန်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် သခင်နု ဦးဆောင်သော ယာယီအစိုးရအဖွဲ့၌ ဓာတ်သတ္တုဌာနဝန်ကြီး၊ ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၌

ဗိုလ်ချုပ်အောင်ဆန်း - (၁၉၁၅ - ၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း - (၁၉၁၅ - ၁၉၄၇)
သန်းဝင်းလှိုင်
မေ ၁၀၊ ၂၀၁၁။

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံ မကွေးတိုင်းရှိ မြေလတ်ဒေသ နတ်မောက်မြို့ကလေးတွင် မြန်မာသက္ကရာဇ် ၁၂၇၆၊ တပေါင်းလဆန်း ၁ ရက် (ခရစ် ၁၉၁၅၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက် ၅ နာရီ၊ ၃၅ မိနစ်တွင် ဦးဖာ (တတိယတန်းရှေ့နေ) ဒေါ်စုတို့မှ ဖွားမြင်ခဲ့သည်။
      ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဇာတာအမည်မှာမောင်ထိန်လင်းဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါကမျှ ထိန်းလင်းဟု မခေါ်ဟုဆို၏။ နောက်တွင် အကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ် တွင်လေသည်။ မိခင်ဒေါ်စု၏ သားသမီးကိုးယောက်အနက် မောင်အောင်ဆန်းသည် အထွေးဆုံးဖြစ်သည်။ ဗိုလ်ချုပ်၏မွေးချင်းများမှာ (၁) မခင်ညွှန့် (လယ်ဝန်ကတော်)၊ (၂) မ၀က် (အိမ် ထောင်မပြု) (၃) မောင်ဘ၀င်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ကျဆုံးခဲ့ရသူ)၊ မရွှေမှန် (ငယ်စဉ်ကွယ်လွန်)၊ (၅) မောင်နေအောင် (အမိန့်တော်ရရှေ့နေ)၊ (၆) မောင်ညိုမောင် (ငယ်စဉ်က ကွယ်လွန်)၊ (၇) မောင်ထွန်း လင်း၊ (၈) မောင်အောင်သန်း (ဘီအေ)၊ (၉)မောင်အောင်ဆန်းတို့ဖြစ်ကြသည်။
ကိုအောင်ဆန်းသည် ရှစ်နှစ်သားအရွယ်မှ ကျောင်းနေရသော်လည်း ဉာဏ်ကောင်းသူဖြစ်သောကြောင့် အသက် ၁၂ နှစ်အရွယ်တွင် မြန်မာ လေးတန်းသို့ တက်ရောက်ခဲ့သည်။ ထိုစဉ်က အင်္ဂလိပ် - မြန်မာ စာသင်ကျောင်းတွင် စာသင်နေကြပြီဖြစ်သော အစ်ကိုများကို အားကျလာ သောကြောင့် ကိုအောင်ဆန်းအား အင်္ဂလိပ်-မြန်မာ စာ သင်ကျောင်းသို့ ပို့ပေးရလေသည်။ ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် အမှုထမ်းနေသော အစ်ကိုဖြစ်သူ ဦးဘ၀င်းနှင့်အတူလိုက်နေကာ ရေနံချောင်းအမျိုးသားကျောင်းတွင် ဆက် လက်ပညာသင်ကြားခဲ့သည်။ ကိုအောင်ဆန်းသည် ပညာလိုလားသူဖြစ်သောကြောင့် အတန်းတိုင်းတွင် ထူးချွန်သည်။ ခုနစ်တန်းစာမေးပွဲ တွင် အမှတ်အများဆုံးရသဖြင့် ဦးရွှေခို ရွှေတံဆိပ်ချီးမြင့်ခြင်းခံရလေသည်။ ထို့ပြင် တစ်လ (၁၀) ကျပ် သုံးနှစ်အတွင်း စကောလားရှစ်ရသည်။
၁၉၃၂ တွင် ရေနံချောင်း အမျိုးသားကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်၍ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်ကျောင်းတွင် ကိုအောင်ဆန်းသည် ကျောင်းစာသက်သက်ကိုသာ လေ့ ကျက်မှတ်နေသူမဟုတ်။ အပြင်ဗဟုသုတ အများအပြားကိုလည်း လေ့လာဖတ်ရှုသူဖြစ်သည်။ အထူးသဖြင့် သူ့အခန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သော စာနယ်ဇင်းများစွာ တွေ့မြင်နိုင်လေသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ်ရောက်သည်နှစ်တွင် ရန်ကုန်တက္ကသိုလ်တွင်ရှိသော မကွေးအသင်းဝင်ဖြစ်ခဲ့သည်။ အသင်းဝင်ဖြစ်ေ သ်ာလည်း မကွေးအသင်းမှ ကြီးမှူးကျင်းပသည့် မိတ်ဆက်ဧည့်ခံပွဲများကျင်းပခြင်း၊ အငြိမ့်ခံခြင်းများကို မကြို က်နှစ်သက်ချေ။ ၁၉၃၂ -၃၃ အတွက် မကွေးအသင်းဥက္ကဌဖြစ်လာသောအခါ အငြိမ့်ခံခြင်း ပကာသနဖက်သော မိတ်ဆက်ခံပွဲများ မပြုလုပ်သည်သာမက သူဥက္ကဋ္ဌဖြစ်သော နှစ်တွင်ပင် မကွေးအသင်းကိုပင် ဖျက်သိမ်းပစ် လိုက်သည်။
ကိုအောင်ဆန်းသည် ၁၉၃၄ တွင် ဥပစာဝိဇ္ဇာ ဒုတိယနှစ်စာမေးပွဲကို (ခုံအမှတ် ၂၃၁) ဖြင့် အောင်မြင်ပြီးနောက် ၀ိဇ္ဇာပထမနှစ် (ဘီအေဂျူနီယာ) တွင် တက်ရောက်သင်ယူသည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အမှုဆောင် ရွေးကောက်ပွဲဝင်ရာတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၁၉၃၅-၃၆ တွင် တက္ကသိုလ်သမဂ္ဂ အမှုေ ဆာင်လူကြီးများအတွက် ရွေးကောက်ပွဲကျင်းပရာ ကိုအောင်ဆန်းသည် အမှုဆောင်အဖြစ် အရွေးခံရလေသည်။ ယင်းနောက် တက္ကသိုလ်သမဂ္ဂ၏ မဂ္ဂဇင်းဖြစ်သော အိုးဝေမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင် ရွက်ရလေသည်။ မဂ္ဂဇင်းအယ်ဒီတာဘ၀တွင် မိမိအနှစ်နှစ်အလလက လေ့လာမှတ်သားဖတ်ရှုခဲ့ရသော နိုင်ငံရေး ဗဟုသုတများကို ဆောင်းပါးအဖြစ် အိုးဝေမဂ္ဂဇင်းတွင်ရေးသားခဲ့သည်။
တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်းကိုယ်တိုင်တည်းဖြတ်ထုတ်ဝေနေသော အိုးဝေမဂ္ဂဇင်း (အတွဲ - ၅၊ အမှတ် - ၁) တွင် အင်္ဂလိပ်ကဏ္ဍ ပိုင်း၌ ဦးညိုမြသည် ယမမင်းကလောင်အမည်ဖြင့် The Hell Hound At Large (ငရဲခွေးကြီး လွတ်ပြေးနေသည်) အမည်ရှိ အယ်ဒီတာထံပေးစာတိုလေးကြောင့် ရန်ကုန်တက္က သိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ် (D.J.Sloss) က ထိုးပေးစာသည် တက္ကသိုလ်အာဏာပိုင်တစ်ဦး အားထိ ပါးပုတ်ခတ်သည်ဟု ယူဆသည်။ ထိုကြောင့် ပေးစာရေးသူအမည်ကို ဖော်ထုတ်ပေးရန် အယ်ဒီတာကိုအောင် ဆန်းအား တောင်းဆို လိုက်သည်။ သို့သော် အယ်ဒီတာကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်ဝတ္တရားအရ ကလောင်အမည်ကို ဖွင့်ဟထုတ်ဖော်ပြောဆိုရန် ငြင်းပယ်လိုက်သည်။ ထိုအခါ အယ်ဒီတာကိုအောင်ဆန်း အား ကျောင်းမှထုတ်ပစ်ရန် တက္ကသိုလ်အာဏာပိုင်များ ကြံရွယ်နေကြောင်း သတင်းထွက်ပေါ်လာသည်။
ဤဖြစ်ရပ်မတိုင်မီ တက္ကသိုလ်သမဂ္ဂဥက္ကဌကိုနုအား အမျိုးသားနေ့ မိန့်ခွန်းနှင့်ပတ်သက်၍ ၁၉၃၆ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ ဤသို့ သမဂ္ဂနှင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို ကျောင်းမှ ထုတ်ပစ်လိုက်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးကိုစော်ကားခြင်းဟု သမဂ္ဂကယူဆသည။် ထို့ကြောင့် ၁၉၃၆ ခု၊ ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကို သမဂ္ဂက ဦးဆောင် ၍ ကျောင်းသားများ တညီတညွတ်တည်း ဆင်နွှဲခဲ့ကြသည်။ သပိတ်တိုက်ပွဲပြီးသောအခါ တက္ကသိုလ်အာဏာပိုင် များက ကိုအောင်ဆန်းကို ကျေင်းပြန်နေခွင့်ပေးရသည်။ ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ တွင် ဘီအေစီနီယာ တန်းကို ပြန်တက်ရာ ပဲခူးဆောင် အခန်းအမှတ် ၁၁၃ တွင် ဆက်လက်နေထိုင်သည်။ ထိုနှစ်တွင် ပဲခူးဆောင် သဟာယအသင်းတွင် အောင်ဆန်းသည် အမှုဆောင်အဖြစ် ပြိုင်ဘက်မရှိ အရွေးခံရသည်။ ယင်းနောက် ပဲခူး သဟာယအသင်းနှင့် စာဖတ်အသင်းတို့တွင် ကိုအောင်ဆန်းသည် ဥက္ကဌအဖြစ်ဆောင်ရွက်သည်။ ထို့ပြင် ၁၉၃၆-၃၇ တက္ကသိုလ်သမဂ္ဂတွင် ကိုအောင်ဆန်းသည် ဒုတိယဥက္ကဌအဖြစ် အရွေးခံရသည်။ ၁၉၃၇ တွင် ကိုအောင်ဆန်းသည် အင်္ဂလိပ် စာပေ၊ ဥရောပ ရာဇ၀င်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်းကို ခုံအမှတ် ၅၆ ဖြင့် အောင်မြင်ခဲ့သည်။ ကိုအောင်ဆန်းသည် ထိုနှစ် မေလ ၉ မှ ၁၀ ရက်နေ့အထိ မန္တလေးမြို့တွင်ကျင်း ပသော ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာညီလာခံသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။
ထို့နောက် ကိုအောင်ဆန်းသည် ၁၉၃၇-၃၈ တွင် ဥပဒေပညာကို ဆည်းပူးလိုသောကြောင့် ဘီအယ်လ်တန်းကို တက်ရောက်သင်ကြားသည်။ ထိုနှစ်တွင်ပင် တက္ကသိုလ်သမဂ္ဂတွင် အရံအမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းေ ကာင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတွင် ဥက္ကဌ အဖြစ်လည်းကောင်း အရွေးခံခဲ့ရသည်။
ကိုအောင်ဆန်းသည် ပုသိမ်၊ မော်တင်စွန်း၊ ဇီးချိုင်ရွာ ဘုန်းကြီးကျောင်းအလှူတွင် ကျောင်းသားများနှင့် ကျေး ရွာ လူထုကိုမြန်မာပြည်လွပ်လပ်ရေးရရရှိရန်အတွက်လည်း လက်နက်ကိုင်တိုက်ပွဲဆင်နွှဲမှသာ ရရှိမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားခဲ့လေသည်။
ထို့နောက် ၁၉၃၈ - ၃၉ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌနှင့် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဌ အဖြစ်အရွေးခံရသော်လည်း နှစ်ဆုံးအောင်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ချေ။ နိုင်ငံေ ရးကိုဇောက်ချလုပ်ရန် ရည်သန်နေပြီဖြစ်ရကား တို့ဗမာအစည်း အရုံးသို့ ၁၉၃၈ အောက်တိုဘာလ ၁ ရက်တွင် ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး သခင်အောင်ဆန်းအမည်တွင်လာခဲ့သည်။ အစည်းအရုံးဝင်ပြီး များမကြာမီမှာပင် အောက်တိုဘာလကုန်တွင် တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၏ခန့်ထားသော အထွေထွေအ တွင်းရေးမှူးဖြစ်လာသည်။
သခင်အောင်ဆန်းသည် ၁၉၃၈၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဌအဖြစ်မှလည်းေ ကာင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ်မှလည်းကောင်း နုတ်ထွက်ခဲ့ပြီး သူ၏တာဝန် များကို ကိုလှရွှေ၊ ကိုဗဟိန်း၊ ကိုဗဆွေတို့အား လွှဲအပ်ပေးခဲ့သည်။
သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးဌာနချုပ် အထွေအထွေအတွင်းရေးမှုးအဖြစ် အမျိုးသားရေးလှုပ်ရှား မှုများတွင် တက်ကြွစွာပါဝင် လုပ်ဆောင်ခဲ့မှုကြောင့် ဗြိတိသျှအစိုးရက ရန်ကုန် အရေးတကြီး လုံခြုံရေးအက် ဥပဒေအရ ၁၉၃၉ ခု၊ ဇန်န၀ါရီ ၂၃ ရက်နေ့တွင် အဖမ်းခံရကာ ထောင်ဒဏ် ၁၅ ရက် ကျခံခဲ့ရသည်။ ထို့နောက် ထောင်မှ ဖဖော်ဝါရီ ၈ ရက်နေ့တွင်လွတ်မြောက်ပြီးနောက် ဖေဖော်ဝါရီလ၂၅၊ ညသန်းခေါင် ကျော်၂ နာရီခွဲအချိန်တွင် မြို့မကျောင်းတွင်ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားခေါင်းဆောင်များ (ကျောင်း သားသပိတ်အရေးနှင့်စပ်လျဉ်းပြီး) တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ထိုနှစ်ဧပြီလ ၆ ရက်မှ ၉ ရက်နေ့အထိကျင်းပသော တို့ဗမာအစည်းအရုံး မော်လမြိုင်ညီလာခံတွင် အခမ်းအနား မှူးအဖြစ် တာဝန်ခံဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၉၊ ဧပြီ ၃၀ မှ မေလ ၅ ရက်နေ့အထိကျင်းပသော တို့ဗ မာအစည်းအရုံး၏ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အထွေထွေအတွင်းအရေးမှူးအဖြစ် ရွေးကောက်ခံခဲ့ရသည်။
ထိုနှစ်ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိကျင်းပသော တို့ဗမာအစည်းအရုံးမော်လမြိုင်ညီလာခံတွင် အခမ်းအ နားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၉၊ ဧပြီ ၃၀ မှ မေလ ၅ ရက်နေ့အထိကျင်းပသော တို့ဗမာ အစည်းအရုံး၏ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်ခံရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု
ထိုနှစ် သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရေကျော်ရပ် တို့ဗမာအစည်းအရုံးတည်ရာနေရာတွင် သခင်အောင် ဆန်း၊ သခင်လှဖေ၊ ကိုဗဟိန်း၊ကိုသိန်းဖေ၊ မစ္စတာဂိုရှယ်၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံးအတွင်း တွင် ကွန်မြူနစ် (ကလာပ်စည်း) အဖွဲ့အစည်းကလေး တရပ်ကို ဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်အမှတ် ၁၈၈ တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင်ပြီး သခင်အောင်ဆန်းသည် အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ (သခင်စိုးက စမ်းချောင်း ရပ်၊ မြေနုလမ်း၊ အမှတ် ၁၄၊ ကိုဗဟိန်းအိမ်တွင် မြေအောက်ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းသည်ဟု ဆိုသည်။)
၁၉၃၉ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့လေသည်။ ထိုစစ်ကြီး မဖြစ်မီ ၂ ရက်အလိုမှာပင် တို့ဗမာအစည်းအရုံးမှ ပြည်လုံးဆိုင်ရာအလုပ်မှုဆောင်အဖွဲ့၏ အထူးအစည်းအဝေး တရပ်ကို ဒေါက်တာဘမော်အိမ်တွင် ကျင်းပကာ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်များ၊ ဆင်းရဲသားဝံသာနုအဖွဲ့ဝင် များ၊ နပြည်တော်အဖွဲ့ဝင်များ၊ ကရင်အမျိုးသားအဖွဲ့ဝင်များ၊ ငါးပွင့်ဆိုင်အဖွဲ့ဝင်များပူးပေါင်းပြီး ဗမာ့ထွက်ရပ် ဂိုဏ်း (Burma Freedom Bloc) ကို စက်တင်ဘာလ (၁) ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့ တွင် ဒေါက်တာဘမော်ကို အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ သခင်အောင်ဆန်းအား အထွေထွေအတွင်းရေးမှူး အဖြစ်ဆောင်ရွက်ရန် တာဝန်ပေးကြသည်။
ဗမာ့ထွက်ရပ်ဂိုဏ်းကိုတည်ထောင်လိုက်ပြီးနောက် နိုင်ငံရေးလှုပ်ရှားများ အရှိန်အဟုန်ပြင်းစွာဖြင့် တစ်ခုပြီးတခု ဆင့်ကာ ဆင့်ကာ ပေါ်ထွက်လာကာ သပိတ်မှောက်မှု၊ စီတန်းလမ်းလျှောက်ပြီးအင်အားပြမှု အစရှိသည့် တော် လှန်ရေး လှိုင်းတံပိုးတို့ ပေါ်ပေါက်ခဲ့သည်။ ယင်းနိုင်ငံရေး လှုပ်ရှားမှုများကို နယ်ချဲ့အစိုးရသည် အမျိုးမျိုးနှိပ် ကွပ်ခဲ့သည်။ ကံကောင်းထောက်မသောကြောင့်သာ သခင်အောင်ဆန်းသည် နယ်ချဲ့အစိုးရကပစ်လိုက်သော ပိုက်ကွန်အတွင်းသို့ မသက်ဆင်းခဲ့ရပေ။
သခင်အောင်ဆန်းသည် မော်လမြိုင်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးညီလာခံတွင် ဒုတိယကမ္ဘာစစ်တွင် ဗြိတိသျှနယ်ချဲ့အား မြန်မာတို့က အကူအညီမပေးသင့်ကြောင်း တရားဟောခဲ့လေသည်။
ယင်းနောက် ၁၉၄၀၊ မတ်လ ၁၂ ရက်တွင် အိန္ဒိယ ရမ်းဂါးမြို့တွင်ကျင်းပမည့် အိန္ဒိယအအမျိုးသားကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်း သည် သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင်အုန်းဖေ၊ သခင်အုန်းမြင့်(တိုးတက်ရေး) တို့နှင့်အတူတက်ရောက်ပြီး မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၄၀၊ ဇွန် ၅ တွင် သခင်အောင်ဆန်းသည် ရန်ကုန်တက္က သိုလ်အုပ်ချုပ်ရေးအဖွဲ့တွင် ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားများကိုယ်စားလှယ်အဖြစ် ရွေးချယ်တ င်မြှောက်ခံရသည်။
သို့နှင့် ၁၉၄၀၊ ဇွန် ၁၇ တွင် ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးတရားပွဲတခုတွင် သခင်အောင်ဆန်းသည် ချင်းတောင်တန်းအကြောင်း ဟောပြောသောကြောင့် သခင်အောင်ဆန်းနှင့် ကျုံမငေး သခင်တင်မောင်တို့အား ကာကွယ်ရေးဥပဒေနှင့်ဖမ်းဆီးရန် ဟသာင်္တရာဇ၀တ်ဝန် မစ္စတာဇေဗီးယား (Mr.Xavier) က ၀ရမ်းထုတ်လိုက်သည်။ ကံအားလျော်စွာ ဗမာပလိပ်အရာရှိတဦး၏ အကူအညီဖြင့် ဟသာင်္တ ခရိုင်မှ လွတ်မြောက်ကာ ရန်ကုန်မြို့တွင်းတွင် ပုန်းလျှိုးနိုင်ခဲ့သည်။ ထိုအတောအတွင်း နယ်ချဲ့အစိုးရ၏အ လိုတော် ရိ ဖေဗီးယားကပင် ‘‘သခင်အောင်ဆန်းအား ဖမ်းဆီးပေးနိုင်လျှင် ဆုငွေ ၅ ကျပ်ပေးမည်” ဟု ကြေ ညာလိုက်သည်။ ယင်းဆုငွေ ၅ ကျပ် ထုတ်ပြန်သည့် သတင်းကို ဇူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာများတွင် အသီးသီးပါရှိလာရာ သခင်အောင်ဆန်းကိုသာမက မြန်မာတမျိုးသားလုံးကိုပင် စော်ကားလိုက်သောကြောင့် တစ်ပြည်လုံးကရှုံ့ချခဲ့သည်။ ထိုကြောင့် ယင်းဆုငွေကို ၁၉၄၀၊ သြဂုတ် ၂၀ တွင် ပြန်လည်ရုပ်သိမ်း ပေးခဲ့ရ သည်။
သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏ အဖမ်းမခံလိုပဲ ပြည်ပတွင်ထွက်ပြီး နိုင်ငံခြားအကူအညီရှာရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါ တီနှင့်ဆက်သွယ်ရန် သခင်အောင်ဆန်းသည် တန်လွန်ရှောင်ဟူသော တရုတ်အမည်ခံယူပြီးလည်းကောင်း၊ သခင်လှမြိုင်သည် တန်ဆူတောင်ဟူသော တရုတ်အမည်ခံယူပြီး လည်းေ ကာင်း ၁၉၄၀၊ သြဂုတ် ၈ ရက်နေ့တွင် နော်ဝေးပိုင် ‘‘ဟိုင်လီ” (Hai Lee) သဘောင်္ဖြင့်ရန်ကုန်မှထွက်ခွာလာခဲ့ရာ ၁၉၄၀၊ သြဂုတ် ၂၄ တွင် အမွိုင်ရှိ ကူလန်စုကျွန်း (Kulangsu Island) သို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်း တို့သည် အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီနှင့်အဆက်အသွယ်မရပဲသောင်တင်နေစဉ် မြန်မာနိုင်ငံရှိ ရဲဘော် များ၏ကြိုးပမ်းချက်အရ ဂျပန်နှင့်ဆက်သွယ်မိခဲ့သည်။
ဗိုလ်မှူးကြီး စူဇူကီး (နောင်ဗိုလ်မိုးကြိုး) သည် သခင်အောင်ဆန်းတို့အား အမွိုင်မှ ဂျပန်သို့ဆက်သွယ်ခေါ်ယူခဲ့ ရာ ၁၉၄၀၊ နိုဝင်ဘာ ၁၂ တွင် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံတွင် မြန်မာ့ လွပ်လပ်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ပြီးနောက် မြန်မာပြည်တွင်းရှိ ရဲဘော်ရဲဘက်များနှင့်တိုင်ပင် ရန် မြန်မာနိုင်ငံသို့ ရွှန်းတင်းမားရူးသင်္ဘောဖြင့်ရောက်ရှိပြီး ပြည်သူ့အရေးတော်ပုံပါတီဝင်များနှင့် မြန်မာ့လွတ် လပ်ရေးလုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့သည်။
သခင်အောင်ဆန်းသည် ၁၉၄၁၊ မတ် ၁၀ တွင် ရွှန်းတင်းမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့အပြန်တွင် ရဲဘော် သုံးကျိပ် ပထမအသုတ်ဖြစ်သည့် သခင်လှဖေ (ဗိုလ်လကျာင်္)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့ကိုခေါ်ဆောင်သွားခဲ့ရာ ၁၉၄၁၊ မတ် ၂၇ တွင် တိုကျိုမြို့သို့ရောက်ရှိခဲ့ သည်။ ထိုမှတဆင့် စစ်ပညာသင်ရန် ၁၉၄၁၊ ဧပြီတွင် ဟိုင်နန်ကျွန်းသို့သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများသင်ကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၄၁၊ ဒီဇင်ဘာ ၂၆ တွင် လက်မောင်းသွေးဖောက်ပြီး သစ္စာပြုကာ ဗမာ့လွပ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁၊ ဒီဇင်ဘာ ၂၇ တွင်ဖွဲ့စည်းခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် ဒုတိယစစ်သေနာပတိအဖြစ်ဖြင့် မြန်မာနိုင်ငံ အတွင်းချီတက်ကာ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။
၁၉၄၂၊ ဇူလိုင် ၂၇ တွင် ဂျပန်တို့က ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်မှူးကြီး အဆင့်ဖြင့် ဘီဒီအေ၏ စစ်သေနာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ မတ်တွင် ဗိုလ်ချုပ်ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။
ဂျပန်အစိုးရ၏ဖိတ်ကြားချက်အရ ၁၉၄၃၊ မတ် ၁၁ တွင် ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြတို့နှ င့် အတူဂျပန်နိုင်ငံသို့ သွား ရောက်ခဲ့သည်။ ထိုနှစ် မတ်၂၂ တွင် တိုကျိုမြို့တွင် ဂျပန်ဘုရင်ဟီရိုဟီတို၏ တက်နေ၀န်းတံဆိပ် (တတိယအဆင့်) နှင့် စလွယ်လတ် (Third Class Order of Rising Sun With Middle Class) ကို ချီးမြှင့်ခံခဲ့သည်။ ၁၉၄၃၊ သြဂုတ် ၁ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံအစိုးရ ဖွဲ့ စည်းသောအခါ ကာ ကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး (စစ်ဝန်ကြီး) အဖြစ် တာဝန်ယူခဲ့သည်။
ဖက်ဆစ်ဂျပန်တို့သည် မြန်မာပြည်သူတို့အား ဖိနှိပ်အုပ်ချုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ဖက်ဆစ်ဂျပန်တို့ကို တော်လှန် ရန်ပြင်ဆင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄၊ သြဂုတ် ၄ မှ ၇ ရက်နေ့အထိ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့်တွေ့ဆုံဆွေးနွေးကာ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ဖွဲ့စည်းရေးအတွက် အစည်းအဝေးခေါ် ယူခဲ့သည်။ ထိုစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းအား ၁၉၄၄၊ စက်တင်ဘာ ၄ တွင်ရန်ကုန်မြို့တွင် ဂျပန်ဘုရင် ဟီရိုဟီတို၏ မွန်မြတ်သောရတနာ (ပထမအဆင့်) ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသည်။
၁၉၄၅၊ မတ်၁ မှ ၃ အထိ ရန်ကုန်မြို့မှ ကန်တော်ကြီးပတ်လမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင် ဆန်းနေအိမ်တွင် ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များချမှတ်ခဲ့သည်။
၁၉၄၅၊ မတ် ၂၇ တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်သောအခါ ရှေ့တန်းစစ်ဌာနချုပ်တွင် တာဝန်ယူကာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန် တိုက်ခိုက်ခဲ့သည်။ ၁၉၄၅၊ မေ ၁၆ တွင် မိတ္ထီလာမြို့တွင် ဗြိတိသျှ ဗိုလ်ချုပ် ဆာဝီလျံစလင်း (နောင်ဖီးမာရှယ်) နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၁၉၄၅ မေ ၁၉ တွင် မိတ္ထီလာမှ ရန်ကုန်သို့ လေယာဉ်ဖြင့်ရောက်ရှိခဲ့သည်။ ၁၉၄၅၊ မေ ၁၉ တွင်ကျင်းပသော နေသူရိန်ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနေ့မှာပင် ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဗမာ့တပ်မတော်အရေးနှင့်ပတ်သက်ပြီး ၁၉၄၅၊ စက်တင်ဘာ ၇ တွင် ကန္ဒီသဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်း အား ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယစစ် ဆေးရေးအရာရှိချုပ် (Deputy Inspector-General) အဖြစ် ခန့်အပ်မည်ဟု ကမ်းလှမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်သား ဘ၀ကိုလို လားသော်လည်း သမိုင်းပေးတာဝန်ဖြစ်သည့် မပြီးဆုံးသေးသော မြန်မာ့လွပ်လပ်ရေးလုပ်ငန်းကို ဆက်လက်ေ ဆာင်ရွက်ရန် ၁၉၄၅၊ အောက်တိုဘာ ၂၇ တွင် မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces) ၏ ဗိုလ်ချုပ်ရာထူးမှနုတ်ထွက်ခဲ့ပြီး နိုင်ငံရေးနယ် ပယ်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်ကဖဆပလအား အမှုဆောင်ကောင်စီ (၀န်ကြီးအဖွဲ့) တွင် ပါဝင်ရန် ဖိတ်ေ ခါ် ခဲ့သော်လည်း ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်က မိမိတို့တောင်းဆိုချက်များ မ ရသောေ ကြာင့် အမှုဆောင်ကောင်စီသို့မ၀င်ခဲ့ပေ။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့သည် မြန်မာပြည်သူလူထု၏ အင်အားဖြင့် မြန်မာ့ လွပ်လ ပ်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။ ၁၉၄၅၊ ဒီဇင်ဘာ ၁ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာ ပတိအဖြစ် တာဝန်ယူပြီး ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၁၉၄၆၊ ဇန်န၀ါရီတွင်ကျင်းပသော ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလဥက္ကဌအဖြစ် ပြန် လည်ရွေးကောက်တင်မြှောက်ခံရသည်။
မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်၏အုပ်ချုပ်ရေးကာလတွင် မြန်မာပြည်သူတို့၏မကျေနပ်မှု ပိုမိုကြီးထွားလာ ကာ နိုင်ငံရေးမငြိမ်မသက်ဖြစ် လာခဲ့သည်။ ထိုအခါ ဗြိတိသျှအစိုးရက ဆာဒေါ်မန်စမစ်ကို အင်္ဂလန်နိုင်ငံ သို့ပြန်ခေါ်ကာ မြန်မာနိုင်ငံဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်ကို စေလွှတ်ခဲ့သည်။
ဆာဟူးဘတ်ရန့်စ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်ရန် ဖဆပလကို ဖိတ်ခေါ်ခဲ့သည်။ ၁၉၄၆၊ စက်တင်ဘာ ၂၆ တွင် ဗိုလ်ချုပ်အောင် ဆန်းသည် အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရ) တွင် ဒုတိယသဘာပတိ (၀န်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးဌာနနှင့် နိုင်ငံခြားရေးဌာနများကိုပါ တာဝန်ယူခဲ့သည်။
ဖဆပလအဖွဲ့ချုပ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်လာပြီးနောက် ၁၉၄၆၊ နိုဝင်ဘာ ၈ တွင် ဗြိတိသျှအစိုးရ ထံ မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။
ဗိုလ်ချုပ်နှင့် အင်္ဂလိပ်နန်းရင်းဝန် မစ္စတာအက်တလ
ဖဆပလ၏တောင်းဆိုချက်ကိုတုံ့ပြန်သည့်အနေဖြင့် အင်္ဂလိပ်နန်းရင်းဝန်မစ္စတာ အက်တလီ (C.R.Attlee, P.C. ., O.M.., C..H..) က ၁၉၄၆၊ ဒီဇင်ဘာ၂၀ တွင်ဗြိတိသျှပါလီမန်အောက်လွှတ်တော်တွင် မြန်မာကိုယ်စားလှယ် အဖွဲ့ကို အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ဖိတ်ခေါ်ဆွေး နွေးမည်ဟုကြေငြာခဲ့သည်။ ဗြိတိသျှအစိုးရ၏ဖိတ်ကြားချက် အရ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်ပြည်သို့သွားရောက်ပြီး ဗြိတိ သျှအစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ ၁၉၄၇၊ ဇန်န၀ါရီ ၂၇ တွင် ‘‘အောင်ဆန်း-အက် တလီစာ ချုပ်”ကို ချုပ်ဆိုခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့်တောင်တန်းဒေသများအပါအ၀င် ပေါင်းစည်းပြီး မြန်မာ့လွပ် လပ်ရေးရယူနိုင်ရန် ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်မြေအတွင်းရှိ ပင်လုံမြို့ ကလေးတွင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့နှင့်အတူ သမိုင်းဝင် ‘‘ပင်လုံစာချုပ်” ကို ချုပ်ဆိုခဲ့ပေသည်။ ၁၉၄၇၊ ဧပြီ ၉ တွင် ကျင်းပသောတိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်းအဖြစ် ရန်ကုန်မြို့မ (လမ်းမတော်) မဲဆန္ဒနယ်မြေမှ ၀င် ရောက်အ ရွေးခံပြီး လွှတ်တော်အမတ်အဖြစ် ပြိုင်ဘက်မရှိရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ထို့နောက် ၁၉၄၇၊ မေ ၁၉ မှ ၂၃ ထိကျင်းပသော ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၇၊ ဇွန် ၁၆ တွင် တိုင်းပြည်ပြုလွှတ်တော်ညီလာခံ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့်အခြေခံမူများ ကို တင်သွင်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂၊ စက်တင်ဘာ ၆ တွင် မြောင်းမြမြို့နေဦးဖိုးညှင်း၊ ဒေါ်ဖွာစုတို့၏ သားသမီး ၁၀ ဦးအနက် အဌမမြောက် သမီးဖြစ်သူ သူနာပြုဆရာမ မခင်ကြည် (နောင် မဟာသီရိသုဓမ္မဘွဲ့ရ၊ အိန္ဒိယနိုင်ငံ လုံးဆိုင်ရာနှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)နှင့် ထိမ်းမြားလက်ထပ်ပြီး သား (၂) ဦး၊ သမီး (၂) ဦး၊ [အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်၊ သမီးထွေး (ငယ်စဉ်ကကွယ်လွန်)] ထွန်းကားခဲ့သည်။
ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ကလာပ်ကို ၁၉၄၈၊ ဧပြီ ၁၁ တွင် အခြားဝန်ကြီးများနှင့်အတူ ဂျူဗလီဟောမှ အာဇာ နည်ကုန်းသို့ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ၁၁ နှစ်အကြာ ၁၉၅၉၊ မတ် ၂၇ တွင် မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍအထိ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွပ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်းအထိမ်းအမှတ်အဖြစ် လွပ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) (Star of the Revolution) တံဆိပ်များချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသည်။

မြန်မာ့ကာတွန်းဝိဇ္ဇာ ဦးဘဂျမ်း


 
မြန်မာ့ကာတွန်းဝိဇ္ဇာ ဦးဘဂျမ်း
သိပ္ပံချစ်သူ
မေ ၁၅၊ ၂၀၁၁
          မြန်မာ့ကာတွန်းဆရာကြီး ဦးဘဂျမ်းသည် ၁၉၂၆ ခုနှစ်တွင် ကောလိပ်ကျောင်းသားဘဝ၌ ကောလိပ်မဂ္ဂဇင်းထဲတွင် ကာတွန်းစတင်ရေးဆွဲရာမှ ကာတွန်းဆရာကြီး ဖြစ်လာသူဖြစ်သည်။ ဦးဘဂျမ်း၏ ပထမဆုံးပုံနှိပ်ဖော်ပြခံရသည့် ကာတွန်းပုံမှာ ကောလိပ်ဘော်ဒါဆောင်၌ ထမင်းကျွေးသည့်အခါ ဟင်းဖတ်နည်းပြီး အရည်များနေသည့်အကြောင်း ရေးဆွဲထားသည့်ပုံ ဖြစ်သည်။ ထို့နောက် ဆရာကြီးသည် စကောက်ခေါ် ကင်းတပ်အဖွဲ့က ထုတ်ဝေသည့် ‘ဘားမားဘွိုင်’ (Burma boy) မဂ္ဂဇင်းနှင့် ကဝိမျက်နှာ မဂ္ဂဇင်းများ၌ ကာတွန်းများ ဆက်လက် ရေးဆွဲခဲ့သည်။
          ရန်ကုန်ကောလိပ်၌ အိုင်အေအထက်တန်းအထိ ပညာသင်ကြားပြီးနောက် ကျောင်းထွက်၍ အတွင်းဝန်ရုံး (နောင် ဝန်ကြီးများရုံး)တွင် တလ ၉၀ ကျပ်ဖြင့် စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သို့သော် အချုပ်အခြယ် မခံချင်သောကြောင့် အလုပ်မှထွက်လိုက်၏။
          ဆရာကြီးက …
          “ပန်းချီဆရာတို့၊ ကာတွန်းဆရာတို့ဟာ စိတ်နဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် နေချင်ကြတယ်၊ ချုပ်ချယ်မှုကို တစိတ်ကလေးမှ ခံချင်ကြတာမဟုတ်ဘူး” ဟု နောင်တွင် သူအလုပ်မှ ထွက်ခံရပုံကို ပြောပြခဲ့သည်။ ထို့မျှမက နာမည်ကျော်ကြားလာသောအခါ ဖဆပလ အစိုးရက ရာထူးကြီးကြီးပေးပြီး ခန့်ထားသည်ကိုလည်း ငြင်းပယ်ခဲ့လေသည်။ “အစိုးရအလုပ် မပြောနဲ့၊ ဆရာပင်တိုင် ကာတွန်းဆွဲနေတဲ့ သတင်းစာတိုက်က လခစားခန့်သည်ကိုပင် မလုပ်ဟု” ဆိုသည်။
          ဆရာဦးဘဂျမ်းသည် အနုပညာသမားပီပီ အချုပ်အချယ်ကို မကြိုက်၊ လွတ်လွတ်လပ် နေထိုင်တတ်သလို၊ သူ့ကလောင်ကို ကန့်သတ်ချုပ်ချယ်မှုကိုလည်း မခံချင်ပေ။ ဤသည်နှင့် ပတ်သက်၍ ကာတွန်းဆရာဦးဘထွေး၏ “ကာတွန်းဦးဘဂျမ်းနှင့် သူတို့အမြင်” စာအုပ်၌
          “စစ်အတွင်း ဂျပန်ခေတ်တုန်းက ကိုဘဂျမ်းနဲ့ ပန်းချီကိုဘကြည်က ပြန်ကြားရေးဌာနမှာ ဝင်လုပ်တယ်။ ဆရာကတော့ ဂျပန်အစိုးရထုတ် ဗမာ့ခေတ်သတင်းစာမှာ လခစားကာတွန်း ဆရာအဖြစ်နဲ့ ကာတွန်းဆွဲတယ်။ အဲဒီတုန်းက သံဖြူဇရပ်မှာ ဖောက်နေတဲ့ ယိုးဒယား-မြန်မာ မီးရထားလမ်းအတွက် လှုံ့ဆော်တဲ့ကာတွန်းပုံတပုံကို ဦးဘဂျမ်းဟာ ဆွဲပေးတယ်။ အဲဒီ ချွေးတပ်ထဲဝင်ရင် လခ၊ ရိက္ခာ၊ အဝတ်၊ ဆေးဝါးကောင်းကောင်း ရနိုင်မယ်ဆိုတာတွေ ပါတယ်။ တနေ့မှာ ကိုဘဂျမ်းဟာ ဘူတာဘက်ရောက်လို့ ချွေးတပ်သားတွေ အဝတ်မပြည့်စုံ၊ အစားချို့ငဲ့၊ ဆေးဝါးလည်းမရှိဘဲ ဒုက္ခရောက်နေတာတွေ တွေ့ရတော့ စိတ်ထိခိုက်ပြီး ဆက်မလုပ်တော့ဘဲ ညောင်တုန်း ပြန်နေတယ်။ နောက် စစ်ပြီးမှ ရန်ကုန်ပြန်လာတယ်”         

ကာတွန်းဆရာကြီး ဦးဘဂျမ်း
         “ပြီးတော့ ဖဆပလ အစိုးရက သူ့ကို ရာထူးကြီးပေးပြီး ခန့်ပါမယ်ဆိုခဲ့ဖူးတာဖြစ်ပေမယ့် ဆရာဦးဘဂျမ်းက ဖဆပလ အစိုးရကိုလည်း သူ့ကာတွန်းနဲ့ဝေဖန်၊ ဖဆပလရဲ့ ပြည်တော်သာ စီမံကိန်းဆိုတာကြီးကိုလည်း သရော်လုပ်ခဲ့တာပါ။ အဲဒီလိုပဲ အတိုက်အခံတွေကိုလည်း အလွတ်မပေးပါဘူး။ သူက ပုဂ္ဂိုလ်ရေး မသရော်ဘူး။ ခေတ်ကိုသာ သရော်တာ၊ သူက သတင်း စာဖတ်၊ တိုင်းပြည်မှာ ဘာဖြစ်နေသလဲဆိုတာ အကဲဖြတ်ပြီးတော့ ကာတွန်းရေးတာပဲ၊ သူ မကြိုက်ရင် ရေးခိုင်းလို့ မရဘူး၊ သူ ယုံကြည်တာကို ဆန့်ကျင်ပြီး ဘယ်တော့မှ မရေးဘူး။ ဖော်လံလည်း မဖားဘူး” ဟူ၍ မှတ်တမ်းတင်ထားသည်။
          ဆရာကြီး ကာတွန်းဦးဖေသိန်းကလည်း သူ၏ “စာနယ်ဇင်းကာတွန်းသမိုင်း စာတမ်း” တွင်
          “အနုပညာရှင်တယောက်အနေဖြင့် ဦးဘဂျမ်း၏ အထူးခြားဆုံးဂုဏ်အင်္ဂါမှာ ငွေမမက်ခြင်း ဖြစ်သည်။ ဦးဘဂျမ်းသည် ငွေရရန်အတွက် ကာတွန်းဆွဲသည် မဟုတ်၊ သူသည် တိုင်းပြည်အတွက် ကာတွန်းဆွဲနေသည်ဟူသော ယုံကြည်ချက်ဖြင့် ရေးဆွဲနေခြင်းဖြစ်သည်” ဟု ရေးသားထားလေသည်။
          အိုးဝေဦးညိုမြကလည်း ဆရာဦးဘဂျမ်းနှင့်ပတ်သက်၍ ဤကဲ့သို့ ကောက်ချက်ချခဲ့ပါ သည်။
          “ဆရာဦးဘဂျမ်းဟာ စိတ်သဘောထား နူးညံ့ပျော့ပျောင်းသူတယောက်ပါ။ ဒါပေမယ့် သူ့သိက္ခာကို ထိပါးလာရင်တော့ ဆတ်ဆတ်ထိ မခံတတ်ပါဘူး။ မာနလည်းကြီးပါတယ်”
          တဖန် ကာတွန်းဦးကျော်ဆန်း(ကဆ) ကလည်း -
          “အဲဒီအခါ ဆရာဦးဘဂျမ်းဟာ ကာတွန်းကို စက်နဲ့လှည့်ထုတ်သလို ရေးနေတဲ့အခါပေါ့၊ ဆရာက ကာတွန်းကို ဟိုပြင်ဒီပြင်လုပ်တဲ့တိုက်ကိုတော့ ကာတွန်းမပေးဘူး။ တခါလည်း သတင်းစာတိုက်ကြီးတတိုက်က နိုင်ငံအဖွဲ့အစည်းတခုကို ဆော်တဲ့ကာတွန်းတခုရေးပို့ဖို့ ဦးဘဂျမ်းကို ချဉ်းကပ်တယ်။ ပေးနေကျ ကာတွန်းခ ၂၅ ကျပ်အစား ၅၀ ပေးပါ့မယ်လို့လည်း ပြောတယ်။ အဲဒီတော့ ဦးဘဂျမ်းက ၅၀ မဟုတ်၊ ၅၀၀၀ ပေးလည်း မရေးဘူး။ ကျုပ်ဆီက ကာတွန်းရဖို့လည်း မမျှော်လင့်နဲ့တော့ဆိုပြီး အဲဒီတိုက်ကို ကာတွန်းဖြတ်ထားလိုက်တယ်။ ပြီးတော့ ဆရာဦးဘဂျမ်းက ကျနော်တို့ကို စာများများဖတ်ဖို့ တိုက်တွန်းလေ့ရှိတယ်။ တဖက်သား နစ်နာသွားအောင် မရေးဘဲ ဟာသနှောပြီး ခံသာအောင်ရေးဖို့ အမြဲပြောတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးဖို့လည်း ပြောတယ်၊ သူများခိုင်းတိုင်း မရေးဘဲ ကိုယ်ယုံမှ ရေးဖို့လည်း ဆုံးမတယ်” ဟူ၍ ဖောက်သည်ချခဲ့သည်။
          သို့ကလို မိမိယုံကြည်ချက်နှင့် မိမိခံယူချက်ကို အတိမ်းအစောင်းမခံ သူ့ကလောင်ဖြင့် ဝေဖန်သင့်သည်ထင်လျှင် ရဲရဲဝံ့ဝံ့တင်ပြခဲ့သော ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ၁၉၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ကြာသပတေးနေ့တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ၉ လမ်း၌ အဖ ပိုးကုန်သည် ဦးဖောင်၊ အမိ ဒေါ်မြစ်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။
          ငယ်စဉ်က ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျောင်းတွင် စတင် ပညာသင်ကြားပြီးနောက် ရန်ကုန်မြို့၊ ကူရှင်ကျောင်းသို့ ပြောင်းရွှေ့ကာ သတ္တမတန်းမှစ၍ ပညာဆည်းပူးရာ ထိုကျောင်းမှပင် ဆယ်တန်းအောင်ခဲ့သည်။ ပုံဆွဲဘာသာကို အပိုဘာသာအဖြစ် ယူကာ ဆယ်တန်းအောင်ခဲ့ခြင်း ဖြစ်သည်။ ခရစ်နှစ် ၁၉၂၄ တွင် ရန်ကုန်ကောလိပ်သို့ရောက်၍ အိုင်အေ (ဥပမာ ဝိဇ္ဇာ) အထက်တန်းအထိ ဆက်လက်ပညာဆည်းပူးခဲ့လေသည်။
          ဦးဘဂျမ်းသည် မြန်မာကာတွန်း သို့မဟုတ် ရုပ်ပြောင်လောကတွင် အထူးထင်ရှားသော ကာတွန်းဆရာတဦး ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ သုံးလေးနှစ်ခန့်မှ ကွယ်လွန်သည်။ ၁၉၅၃ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး၊ လူကြိုက်အများဆုံးသော ကာတွန်း အနုပညာရှင်ကြီးဖြစ်ခဲ့ရာ ‘ကာတွန်းဝိဇ္ဇာ’ ဟူ၍ ချီးကျူးခေါ်ဝေါ်ခြင်းခံရပေသည်။
          ဦးဘဂျမ်း၏ ပထမဆုံးရေးဆွဲသော ကာတွန်းသည် ၁၉၂၆ ခုနှစ်ထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းတွင် ပါခဲ့လေသည်။ ရန်ကုန်ကောလိပ်မှ ထွက်သောအခါ ကဝိမျက်မှန်မဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ် အလင်းမဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ်ဂျာနယ်၊ ရန်ကုန်ဂေဇက် အင်္ဂလိပ်သတင်းစာ၊ ဒီးဒုတ်ဂျာနယ်၊ သူရိယ၊ မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ ဟံသာဝတီ စသည့် သတင်းစာများနှင့် ဒဂုန်၊ ရှုမဝမဂ္ဂဇင်းများ၊ ယုဝတီဂျာနယ်တို့တွင် ရုပ်ပြောင်ကာတွန်းများ ရေးဆွဲခဲ့သည်။
          ဟာသရုပ်ပြောင်ကာတွန်းများသာမက ကြော်ငြာကာတွန်းများ၊ ပုံပြင်ကာတွန်း ရုပ်စုံများကိုလည်း ရေးဆွဲသည်။ ပဲရောက်ရုပ်ရှင်တွင် ပထမဆုံး မြန်မာကာတွန်းရုပ်ရှင် ‘အသူရာ’ နှင့် ‘ကြက်တောင်ကွ’ ဟူသော ဇာတ်ကားများကို စီစဉ်ရေးသား ရိုက်ကူးခဲ့သည်။ ဘီဂျီစတီဒီယို ဟူသောအမည်ဖြင့် ဘလောက်တိုက် တည်ထောင်ခဲ့သည်။ ၎င်းအပြင်၊ ‘ရွှေမြို့တော်ဝတ္ထုတိုက်’ ဟူသောအမည်ဖြင့် ဝတ္ထုများထုတ်ဝေခဲ့ရာ၊ ဦးဘဂျမ်းကိုယ်တိုင်ရေးသားသော ‘ညီမလေး’ ဝတ္ထုသည် ထိုတိုက်မှ ထွက်ရှိခဲ့သည်။
          ဦးဘဂျမ်းသည် ကာတွန်းရုပ်ပြောင်များရေးဆွဲရာတွင် ကိန်းကြီးခန်းကြီးမရှိဘဲ အလျား ၅ ပေ၊ အနံ ၄ ပေ ခန့်ရှိသော စားပွဲဟောင်းကြီးပေါ်တွင် ကတ်ထူပြားခင်းကာ ရေးဆွဲခဲ့သည်။ လယ်ဂျာစက္ကူ အပြာနုရောင်ကို အများဆုံးအသုံးပြုကာ ရေးဆွဲခဲ့သည်။ တရုတ်မင်တောင့်ကိုလည်း သွေး၍ သုံးတတ်သည်။ ရုပ်ပုံများကို အရောင်ပေးသောအခါများတွင် ချည်ဆိုးဆေး ရောင်စုံတို့ဖြင့် ပေးလေ့ရှိသည်။
          ဦးဘဂျမ်းသည် စာနယ်ဇင်းများတွင် မိမိအာဘော်ဖြင့် ရေးသည့်ပုံပြင်များကို ‘ဘဂျမ်း’ ဟူ၍ လက်မှတ်အပြည့်အစုံ ရေးထိုးပြီး၊ မိမိအာဘော်မဟုတ်ဘဲ အခြားသူများ၏ အာဘော်ကို သရုပ်ဖော်ပေးရသောအခါ ဘီဂျီ (B.G) ဟူ၍ အတိုကောက် လက်မှတ်ရေးထိုးလေသည်။
         

ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာတချို့
         နိုင်ငံခြား၌ ပညာဆည်းပူးရာ အစိုးရက စေလွှတ်မည်ဆိုသော်လည်း လိုလိုချင်ချင် မရှိ၊ ငြင်းဆန်ခဲ့လေသည်။ ဦးဘဂျမ်းတွင် ကိုယ်ပိုင်ဇာတ်ကောင်များရှိခဲ့သည်။ ဗမာ့ခေတ် သတင်း စာတွင် ဦးဖျောက်ဆိပ်၊ ဟံသာဝတီ သတင်းစာတွင် ‘ချာရာဏသီ မောင်မြေဇာ’ စသည်တို့ ဖြစ်သည်။ ဇာတ်ကောင် ဦးဖျောက်ဆိပ်ကို ဒုတိယကမ္ဘာစစ်မတိုင်မီက သူရိယ သတင်းစာတွင် ရေးပြီး စစ်ပြီးသောအခါ သူရိယသတင်းစာတိုက်က မယူ၍ ဗမာ့ခေတ်သတင်းစာတိုက်သို့ ပြောင်းပေးခဲ့သည်။
          ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ရေးအရ သရော်ပြီး ရေးသားခြင်း မပြုခဲ့ပေ။ ခေတ်နှင့် စရိုက် သဘာဝကိုသာ အဓိကထား သရော်ခဲ့သည်။ နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုကာ တိုင်းပြည်တွင်း ဖြစ်ပျက်နေသော အကြောင်းကိစ္စတို့ကို လေ့လာအကဲဖြတ်ပြီးမှ ကာတွန်း ရေးဆွဲလေ့ရှိသည်။
          “ဦးဘဂျမ်းစကားပြောလျှင် သလိပ်ကပ်သံပါသည်။ စကားပြောလျှင် လေသံတိုးတိုးဖြင့် ပြောတတ်သည်။ ရယ်ရွှင်ဖွယ်ရာများကို အမြဲပြောလေ့ရှိသည်။ ကာတွန်းရုပ်ပြောင်များ ရေးဆွဲလျှင် ဆွဲ၊ မဆွဲလျှင် စာဖတ်နေတတ်သည်” ဟူ၍ ဆရာကြီးနှင့် နီးနီးကပ်ကပ်နေထိုင်ခဲ့သော ဦးဟိန်စွန်း (၁၉၀၂-၁၉၈၇) က ပြောသည်။
          ဆရာကြီးသည် စာဖတ်ဝါသနာထုံ၍ စာလည်းအလွန်ဖတ်သူ ဖြစ်သည်။ စာနယ်ဇင်းများ၌ အခါအခွင့်သင့်လျှင် ဆောင်းပါးများ ရေးဆွဲလေ့ရှိသည်။ ဆရာကြီးသည် ဗလရှင်ဆေးပြား ငုံထားလေ့ရှိသည်။ ကိုယ်တိုင်ဓာတ်ပုံရိုက်တတ်ရုံမက ဖလင်ဆေးခြင်း၊ ကူးခြင်း လုပ်ငန်းများကိုလည်း နိုင်နင်းစွာ လုပ်ကိုင်နိုင်သည်။
          ၁၉၃၆ ခုနှစ် စက်တင်ဘာလတွင် ပဲခူးမြို့သူ ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။ ဆရာကြီး၏ လက်ထပ်မင်္ဂလာပွဲကို ရန်ကုန်မြို့ ကွန်တင်နင်တယ် အဆောက်အအုံ၌ ကျင်းပခဲ့သည်။ ဆရာဦးဘဂျမ်းသည် ရှေးဦးစွာ ရန်ကုန်မြို့ ၁၄ လမ်း၊ အမှတ် ၄၈ နေအိမ်တွင် နေထိုင်ပြီး ထိုမှတဆင့် ၁၃ လမ်း အမှတ် ၃၇ နေအိမ်သို့ ပြောင်းရွေ့နေထိုင်သည်။
          ၁၉၄၈ ခုနှစ်တွင် ဇနီးဒေါ်ခင်ကြည်သည် သားဦးယောက်ျားလေး မောင်ကျော်ညွန့်ကို မွေးဖွားပြီးနောက် မကြာမီ ကွယ်လွန်သွားခဲ့ရာ ဆရာကြီးသည် အလွန်စိတ်ထိခိုက်သွားရရှာသည်။ ထို့ကြောင့် ဦးဘဂျမ်း၏ ဇာတ်လိုက်ကျော် ဦးဖျောက်ဆိပ်သည် ရသေ့ဝတ်ပြောင်းကာ ရသေ့ကြီး ဦးဖျောက်ဆိပ် ဖြစ်လာရသည်။
          ၁၉၅၃ ခုနှစ် ဇန်နဝါရီလတွင် အနာပဆုပ်ပေါက်ကာ မကျန်းမမာ ဖြစ်လာပြီးလျှင် အရွယ်ကောင်း နာမည်တက်ဆဲအချိန်တွင် ၁၉၅၃ ဖေဖော်ဝါရီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဦးဘဂျမ်း၏ ကြွင်းကျန်သော ရုပ်ကလပ်ကို တာမွေ စာဆိုတော် သုဿန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။ ထို့နောက် တာမွေစာဆိုတော် သုဿန်ကို တော်လှန်ရေးကော်စီခေတ်၌ ဖျက်လိုက်သောကြောင့် ဆရာကြီး၏အုတ်ဂူလည်း ပျက်စီးသွားလေသည်။
          
ကာတွန်းဆရာကြီး ဦးဘဂျမ်း၏ အုတ်ဂူ
          ဦးဘဂျမ်းကွယ်လွန်ပြီးနောက် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ အစိုးရက ဦးဘဂျမ်းအတွက် အလင်္ကာကျော်စွာဘွဲ့ကို ကျန်ရစ်သူ ဦးဘဂျမ်း၏ တဦးတည်းသောသား မောင်ကျော်ညွန့်အား ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့လေသည်။ ထိုဂုဏ်ပြုပွဲ၌ ပန်းပုပညာရှင် ဦးဟန်တင် ထုလုပ်ထားသော ဦးဘဂျမ်း၏ ကိုယ်တပိုင်းပုံတူ ပန်းပုရုပ်ကို ပန်းချီကျော် ဦးငွေကိုင်က ဖွင့်လှစ်ပေးခဲ့လေသည်။
          ဆရာကြီးဦးဘဂျမ်းသည် ဖဆပလ အစိုးရပေးအပ်ခဲ့သော အလင်္ကာကျော်စွာဘွဲ့ကို ကွယ်လွန်ပြီးမှ ရရှိခဲ့သော်လည်း ဖဆပလ အစိုးရက အလင်္ကာကျော်စွာဘွဲ့များ၊ ဝဏ္ဏကျော်ထင်ဘွဲ့များ ဖောဖောသီသီပေးအပ်နေသည်ကို သရော်ခဲ့လေသည်။ ဖဆပလ အစိုးရသည် စာပေနှင့် အနုပညာလောက၌ ထင်ရှားခဲ့သော ဆရာကြီး သခင်ကိုယ်တောင်မှိုင်း၊ ဇာတ်မင်းသား ရွှေမန်းတင်မောင်၊ ဂီတစာဆို ရွှေပြည်အေး တို့ကို အလင်္ကာကျော်စွာဘွဲ့ ပေးအပ်ခဲ့သလို စာရေးဆရာကြီး ရွှေဥဒေါင်း၊ လူရွင်တော် ဟာသမင်းသားကြီး ဖိုးပါကြီး၊ ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး၊ ဇာတ်မင်းသားကြီး စိန်အောင်မင်း၊ ဂီတပညာရှင် ဒေါ်အောင်ကြည် တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့များ ပေးအပ်ခဲ့လေသည်။ ဦးဘဂျမ်းသည် ပန်းချီဆရာကြီး ဦးငွေကိုင် ဘိလပ်သို့ လေ့လာရေးခရီး ထွက်ခါနီး ဂုဏ်ပြုနုတ်ဆက်ပွဲ၌ “ဦးငွေကိုင်ဟာ ဝိရိယကြီးသူဖြစ်တဲ့အတိုင်း နိုင်ငံခြားမှာ ပန်းချီပညာကို ကြိုးစားလေ့လာ ရေးဆွဲမှာ မလွှဲကြောင်း၊ မြန်မာပြည် ပြန်ရောက်တဲ့အခါ ဆီဆေး၊ ရေဆေး၊ မင်ဆွဲပန်းချီလက်ရာအစုံ ထူးချွန်ပြောင်မြောက်လာမှာ သေချာကြောင်း အဲဒီအခါ ဖဆပလအစိုးရက ‘ဝဏ္ဏစုတ်တံ’ ‘သတိုးသီရိဆီဆေး၊ ရေဆေး’ စတဲ့ ဘွဲ့တွေချီးမြှင့်သင့်ကြောင်း” စသည်ဖြင့် ထည့်သွင်း ပြောကြားသွားရာ ပရိတ်သတ်များ ဆရာကြီး၏ပျက်လုံးကို အတော်ပွဲကျသွားခဲ့သည်ဟု သိရပေသည်။
          မည်သို့ဆိုစေ … ကွယ်လွန်သည့်တိုင်အောင် လူထုအား ကာတွန်းပညာဖြင့် နိုင်ငံတော်၏ ဖြစ်ပျက်နေသော အခြေအနေအမှန်တရားကို ဝေဖန်ထောက်ပြ ဖော်ထုတ်တင်ပြခဲ့သော ဆရာကြီး၏ ကာတွန်းအနုပညာလက်ရာများနှင့် ဂုဏ်သတင်းသည် နှစ်ပေါင်းများစွာ သင်းပျံ့ မွေးထုံနေမည်မှာ မလွှဲဧကန်ပင်တည်း။

  Next >

သင်သေလို. ဒီလိုဆိုရင်

ရွှေမြန်မာ ဥယာဉ် က ကူးလာတာပါ...
ဗဟုသုတ / သံဝေဂပေါ့  .............
(နတ်နွယ်ရဲ့ မြန်မာပြည် မြောက်ပိုင်းမှာလဲ..ရေးထားတယ်...)

ရက်စက်ပြီးတော့ စိတ်ပျက်စရာကောင်းတဲ့ အသုဘချနည်းသာဖြစ်ပါတယ်။ဒါပေမယ့် မြေမြှုပ် မီးသဂြိုလ်မဲ့အတူတူ လင်းတတွေကို အစာကြွေးလိုက်ခြင်းဟာ ပိုပြီးတော့ကောင်းတယ်လို့ ခံယူထားသူတွေဖြစ်ပါတယ်။လင်းတငှက်တွေကတော့ အမြဲတမ်းပဲ တိဘက်နှိင်ငံရဲ့တောင်ထိပ်တွေမှာ ပျံဝဲလျှက်ရှိနေပါတယ်။လူသေအလောင်းကိုတောင်ပေါ်ယူသွားပြီး အခေါင်းဖွင့်ကာ ဓါးဖြင့်မွန်းပြီး လင်းတများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။များသောအားဖြင့် တိဘက်များဟာ ဗုဒ္ဒဘာသာဝင်များဖြစ်ပြီး နောင်ဘဝကိုယုံကြည်သူများလည်းဖြစ်ပါတယ်။ဒီအတွက်ကြောင့် ဝိဥာဉ်မရှိတော့တဲ့ ဒီခန္ဒာကိုယ်ကြီးဟာ ဘာမှတန်ဖိုးမရှိတော့ပါဘူး။ဒါကြောင့် အကောင်းဆုံး သဘာဝသားကောင်းများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။နောက်ပြီး ထိုသို့ပြုလုပ်ရခြင်းအကြောင်းရင်းတစ်ခုကတော့ သူတို့(လူသေအလောင်း)တွေကိုမြေမြှုပ်ဖို့အတွက်ကျင်းတူးရင် တိဘက်နှိင်ငံရဲ့ပထဝီမြေအနေအထားအရ မြေသားအောက်ခံတွေဟာ ကျောက်သားတွေဖြစ်တဲ့အတွက့်ကြောင့် လူတစ်ကိုယ်စာမြေမြှုပ်နှိင်ရန်အတွက် လုံလောက်တဲ့အနက်ပေရအောင်တူးဖို့အတွက်တောင် အလွန်ခက်ခဲသလို မီးသင်းဂြိုလ်ဖို့အတွက်ကျတော့လည်း သစ်သားကအလွန်ရှားပြီး တန်ဖိုးကြီးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။နောက်ဆုံးလူဟာသေဆုံးသွားသည့်တိုင်အောင် သူခန္ဒာနဲ့ သတ္တဝါတွေကို ကောင်းမူ့ကုသိုလ်ပြုပြီး ကျွေးမွေးသွားတာဟာ မွန်မြတ်တယ်လို့ တိဘက်လူမျိုးတွေက ခံယူချက်ရှိလို့လည်းဖြစ်ပါတယ်..။
             ဤ POST နဲ့ပက်သက်ပြီး မိတ်ဆွေတို့ ခံယူချက်အမြင်ကို သုံးသပ်ပေးစေခြင်ပါတယ်..။
မှတ်ချက်/
            ဤ POST ကို မလေးရှားနှိင်ငံတွင်မြန်မာဘာသာဖြင့် ထုတ်ဝေသော "ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်
အတွဲ(၁)၊အမှတ်(၁၅)ပါဝင်သော ထူးဆန်းထွေလာ ကဏ္ဍမှ ကိုးကားပြီး ဓာတ်ပုံများအား အင်တာနက်စာမျက်နှာများတွင် ရှာဖွေကူးယူ
ပြီး ပြန်လည်ဖေါ်ထားပါသည်...။
အပြည့်အစုံအား ဤနေများမှ ဝင်ရောက်ကြည့်ရူ့နှီင်ပါသည်..။
http://factsanddetails.com/china.php?itemid=210&catid=6&sub...
http://fractalenlightenment.com/729/culture/the-tibetan-sky-burial



Monday, May 16, 2011

သိမှတ်ဖွယ်ရာ သံဃာ့ သပိတ်

သံဃာတော်တွေ သပိတ်မှောက် ခြင်းလှန်ခြင်း အကြောင်းကို လေ့လာကြပါကုန်

(မင်းလွမ်းနောင်)

သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင့် သပိတ်လှန်ပုံ ။
သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင့် သပိတ်လှန်ပုံ ။ ။
ရဟန်းတော်များက ဒါယကာများအားသပိတ်မှောက်ရခြင်း အင်္ဂါ၈-ပါးဟူ၏။ ၀ိနည်းတော်မှ။
(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန- ရဟန်းတို့အား လာဘ်တိတ်၊ လာဘ်မရအောင် ပြုလုပ်ခြင်း၊
(၂) အနတ္တာယ ပရိသက္ကန- အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊
(၃) အ၀ါသာယ ပရိသက္ကန- နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊
(၄) အက္ကောသန- ဆဲရေးခြင်း၊
(၅) ဘေဒန- ရဟန်းချင်းဂိုဏ်းကွဲအောင်ဩပြုခြင်း၊
(၆) ဗုဒ္ဓ အ၀ဏ္ဏ ဘာသန- ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊
(၇) ဓမ္မ အ၀ဏ္ဏ ဘာသန- တရား၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊
(၈) သံဃ အ၀ဏ္ဏ ဘာသန- သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။
မှတ်ချက်။ ။ ဤအင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးနှင့်ပြည့်စုံသူအား သိမ်အတွင်း၌ လည်းကောင်း၊
အိမ်ပသို့ သွား၍ မြစ်စသည်တို့၌ လည်းကောင်း ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာဖြင့် သပိတ်မှောက်အပ်သည်။
ဤသို့ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထု တစ်စုံတစ်ခုကို မခံယူအပ်။
ဤမည်သောသူ၏ အိမ်၌ ဆွမ်းမခံကြပါနှင့် ဟု တစ်ပါးသော ကျောင်းတို့သို့လည်း စေလွှတ်အပ်၏။
ထိုသူ၏ဥစ္စာကိုသိ၍ ခံယူသူအား ဒုက္ကဋ အာပတ် သင့်သည်။ အထက်ပါ အင်္ဂါ ၈-ပါးကို မကျူးလွန်
တော့ဘဲ သံဃာတို့အား ရိုသေစွာ သုံးကြိမ်တောင်းပန်ပါက ဉတ်္တိဒုတိယ ကံဖြင့် သပိတ်လှန်အပ်၏။

Sunday, May 15, 2011

မိမိနိုင်ငံမဟုတ်ရင်တော့ ဒါတွေတွေ.နေရအုံးမှာပဲ

ထိုင်း သဘောထားကြောင့် မြန်မာဒုက္ခသည်တွေ ပိုအခက်အခဲတွေ့

2011-05-15
ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက မြန်မာ ဒုက္ခသည်တွေအပေါ် ထားတဲ့ ကြမ်းတမ်းတဲ့ သဘောထားကြောင့် ဒုက္ခသည်တွေ ပို အခက်အခဲ ဖြစ်ကြရတဲ့ အကြောင်းနဲ့ ဒုက္ခသည်တွေအပေါ် ကရုဏာထားကြဖို့ ထိုင်း ဒုက္ခသည်များ ကော်မတီ TRC အကြီးအကဲက ပြောကြားလိုက်ပါတယ်။
(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)
ဒုက္ခသည်အဖြစ် ထိုင်းအစိုးရက မှတ်ပုံတင် အသိအမှတ်မပြုတဲ့ မြန်မာဒုက္ခသည် ၆ သောင်းကျော်ဟာ ဒီ အခက်အခဲတွေကို ပိုခံစားနေရကြောင်း၊ ထိုင်းစစ်တပ်ဟာ မှတ်ပုံမတင်သေးတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပေးပို့တာကို မကြာသေးခင် ရက်ပိုင်းကပဲ ရပ်တန့်ခဲ့ကြောင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ TRC အကြီးအကဲ Veerawit Tianchainan က ပြောကြားပါတယ်။

ထိုင်းအစိုးရဟာ မြန်မာနိုင်ငံကနေ အသစ် ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒုက္ခသည် မှတ်ပုံတင် ထုတ်မပေးခဲ့တာ ၂ဝဝ၆ ခုနှစ် ကတည်းကဖြစ်ပါတယ်။

မြန်မာနိုင်ငံနယ်စပ် မြဝတီနဲ့ မျက်နှာချင်းဆိုင်က တပ်ခရိုင် အုပ်ချုပ်ရေးမှူးဟာ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ စစ်ဆေးပြီး မှတ်ပုံတင် မရှိသူတွေကို ပြန်ပို့ဖို့ စီစဉ်နေတာဟာ ကောင်းမွန်တဲ့ အလားအလာ မဟုတ်ကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ အပေါ်မှာ ထားတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ သဘောထားဟာ ထိုင်းပညာရေးစနစ်က ပုံသွင်းထားတဲ့ အတိုင်း မြန်မာကို အမျိုးသားရန်သူအဖြစ် ရှုမြင်ထားကြကြောင်း၊ ထိုင်းအများစုဟာ မြန်မာ အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ခွဲခြား မမြင်တတ်ကြကြောင်း Mr. Veerawit က ပြောကြားပါတယ်။

သတင်း

တောင်ယာခြံထဲတွင် ယောကျာင်္းဖြစ်သူအား သေနတ်နှင့်ပစ်၊ မယားဖြစ်သူအား မုဒိန်းကျင့်

ကိုမင်းဌေးအား ဒါဏ်ရာများနှင့် တွေ့ရစဉ်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း(PVA) အမှတ်(၁)ဒေသမှ မဲဆောက်ရှိ PVA ဗဟိုရုံးသို့ အရေးပေါ် အကြောင်းကြားချက်အရ ဘန့်စစ်စီရွာ နယ်မြေတွင်းရှိ တောင်ယာခြံတစ်ခုတွင် ထိုင်းနိုင်ငံသား မျှော့လူမျိုးတစ်ဦးမှ ခြံလုပ်သား ကိုမင်းဌေး(၂၅)နှစ်အား (၇-၅-၂၀၁၁) ရက်နေ့ ညနေပိုင်းတွင် ယမ်းထောင်းသေနတ်ဖြင့်ပစ်လိုက်ပြီး၊ ဇနီးဖြစ်သူ မမာလာခိုင်အား မုဒိန်းကျင့်သွားကြောင်းနှင့် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိသူ ကိုမင်းဌေးအား အရေးပေါ်လူနာအဖြစ် မဲဆောက်ဆေးရုံးကြီးသို့ ပို့လိုက်ကြောင်း သိရှိရသည်။
တရားခံ နိုင်ကျုးစယ်ဝမ့်
 
မမာလာခိုင်၏ ထွက်ဆိုချက်အရ ၎င်းနေ့ညနေပိုင်းတွင် မျှော့လူမျိုးတစ်ဦးသည် ယမ်းထောင်းသေနတ်ကို ကိုင်ဆောင်လျှက် ငှက်လိုက်ပစ်သည့်အသွင်ဖြင့် နေထိုင်ရာတဲဝန်းကျင်သို့ ရောက်ရှိလာကြောင်း၊ ည (၁၁) နာရီခန့်တွင် ခင်းပွန်းဖြစ်သူ ကိုမင်းဌေးကို ယမ်းထောင်းသေနတ်ဖြင့်လှမ်းပစ်လိုက်ပြီး တဲအနီးတွင်လဲကျသွားကြောင်း၊ ဒဏ်ရာရသွားသော ခင်ပွန်းအား တဲပေါ်သို့ ပွေ့ချီတင်လိုက်ကြောင်း၊ ထိုမျှော့လူမျိုးမှ သေနတ်ကိုလွယ်လျှက် တဲပေါ်သို့တက်လာပြီး သူမ၏ဆံပင်ကိုဆွဲပြီး ခေါ်ထုတ်သွားကြောင်း၊ သူမအား (၂) ကြိမ် သားမယားပြုကျင့်ကြောင်း၊ ထိုသို့မုဒိန်းကျင့်ပြီးနောက် ပါလာသောငွေတောင်းယူပြီး ပြန်လွှတ်ပေးလိုက်ရာ ဒါဏ်ရာရထားသော ခင်ပွန်းထံအပြေးပြန်လာကြောင်း၊ ပတ်ဝန်းကျင်ရှိတဲများသို့ သွားရောက်အကူအညီတောင်းရာမှတဆင့် (PVA) အမှတ်(၁) နယ်မြေဒေသမှ တာဝန်ရှိသူများ၏ အကူအညီရရှိပြီး နီးစပ်ရာ ထိုင်းစစ်တပ်နှင့် ရပ်ရွာအာဏာပိုင်များ၏ ကူညီမှုရရှိကြောင်း၊ ပုဖ္ဖရမြို့ဆေးရုံမှတဆင့် မဲဆောက်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် ပို့ဆောင်ကုသမှုခံယူရကြောင်းတို့ကို သိရှိရသည်။ ကိုမင်းဌေးမှာ ခဲသီးကျည်ဆံများ ခန္တာကိုယ်အတွင်းဝင်ရောက်နေပြီး ဝမ်းဗိုက်ဘေးတွင် ကျည်သီး ဖောက်ထွက်ထားကြောင်းနှင့် ဒါဏ်ရာပြင်းထန်နေကြောင်းတွေ့ရှိရသည်။

PVA မှ အလုပ်သမားကာကွယ်ရေး ရှေ့နေအဖွဲ့ဖြစ်သည့် LLC နှင့် ပူးပေါင်းပြီး ဖုဖ္ဖရမြို့ရဲစခန်းတွင် (၉-၅-၂၀၁၁) ရက်နေ့၌ အမှုဖွင့်တိုင်ကြားလိုက်သည်။မမာလာခိုင်အား မုဒိန်းကျင့်ခံရကြောင်း ဆေးစစ်ချက်ရယူနိုင်လိုက်ပြီး PVA နှင့် ဖုဖ္ဖရမြို့ရဲများ၊ ထောက်လှမ်းရေးများ၊ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုဖြင့် (၁၁-၅-၂၀၁၁) ရက်နေ့တွင် တရားခံအား ဖမ်းဆီးနိုင်ခဲ့သည်။ တရားခံမှာ ဘန့်စစ်စီရွာတွင် နေထိုင်သော မျှော့လူမျိုး နိုင်ကျုးစယ်ဝမ့်(၄၁)နှစ်ဖြစ်ပြီး၊ သူသည် အလားတူအမှုမျိုး (၄) ကြိမ် ကျူးလွန်ခဲ့သူဖြစ်ကြောင်းကိုပါ ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။

ဒါ့ကြောင့် ဒီလိုလုပ်ရတာ. (မင်းလွမ်းနောင်)

ဒါ့ကြောင့် ဒီလိုလုပ်ရတယ်............. (မင်းလွမ်းနောင်)

လောကဓံ တရား
ဆန်းကြယ်သားမို. ဆင်းရဲတာတော့မဆန်းပါဘူး............
ဆင်းရဲပေမဲ့
ဥာဏ်ထက်မြက် တာ
ရပ်ရွာဝန်းကျင် အသိပါတဲ့............
အဖေက အရက် အမေကဖဲ
ပညာဆိုတာဂျိုနဲ.လားတဲ့
သူ.ဖေ သူ.မေ မေးလာတယ်............
အရောင်ထိန်ညှီး ပညာမီးကို
သူကလေးစား တန်ဖိုးထားလဲ
အရက် နဲ.ဖဲ လွန်ဆွဲပွဲကြောင့်
ဟိုဒီမရောက်လမ်းစပျောက်ပြီး
ကလေးအလုပ်သမားဖြစ်လာတယ်.................
ရွယ်တူကလေး ကျောင်းစိမ်းလေးတွေ
သူကမြင်မိ ရင်မချိအောင်
ခံစားနာကျင် စိတ်အစဉ်လဲ
အားငယ်မှု.တွေဖြစ်လာတယ်...............
အမိနဲ.ဖ မညွှန်ပြလို.
အမှားအမှန် မခွဲနိုင်ပဲ
စရိုက်ကြမ်းစပြုလာတယ်....................
လက်ဦးဆရာမည်ထိုက်စွာ
ပုဗ္ဗာစရိယ မိနှင့်ဖ လို.
ပြောရိုးစဉ်လာ ရှိခဲ့ပါလဲ
ဖဲ နှင့်အရက် နေ.စဉ်ဆက်လို.
သူလဲပျက်ဖို.စလာတယ်.........................
ကြုံရာကျဘမ်း သူလေထမ်းရင်း
သူ. ဥာဏ်ရည်တွေကျလာတယ်..............
လွယ်ကူစဉ်းစား ငွေများရအောင်
ကျန်သည့်ဥာဏ်ရည်ထုတ်သုံးလေတော့
မသမာမူ.တွေလုပ်မိတယ်.................
သူဘာလုပ်လုပ်
အပူမလုပ်တဲ့ လက်ဦးဆရာ
နှစ်ဦး တာ ကြောင့်
သက်ရွယ်ကြီးလာ သူ.ခမြာလဲ
သူများအိမ်တက် ခိုးဝှက်တတ်လို.
အချုပ်ထဲကို ရောက်ရတယ်................
ငယ်စဉ်ပေါင်းသင်း
မောင်ဝေမင်း က
အချုပ်ကိုသွား မေးလာတယ်...............
ငယ်စဉ်ပေါင်သင်း ငါ့ရောင်းရင်က
ဘာအတွက်ဘာကြောင့်
အိမ်ကိုဖောက် ကာ မကောင်းတာကို လုပ်ရတယ်............
ရိုးရှင်းလှပေ သူ.အဖြေက
ငါ့ဖေငါ့မေ ပူဆာလေလို.
အရက် ဖဲဖိုး ငါသွားခိုးတာ
ငါ့မိငါ့ဖ ပျော်ရွှင်ရအောင်
ဒါ့ကြောင့်ဒီလိုလုပ်ရတယ်..................ဒါ့ကြောင်
့ ...ဒီလိုလုပ်ရတယ်.......

.................ဒါကြောင့်ဒီလိုလုပ်ရတယ်..........။

(ဖြစ်ရပ်မှန်လေးအား တတ်စွမ်းသမျှ ဝေမျှပေးလိုက်ပါတယ်)

မင်းလွမ်းနောင် (ပန်းတနော်)

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ