.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 2, 2011

စစ်တပ်အတွင်း အထက်အောက် ဖိနှိပ်မှုများကို မခံနိုင်တော့သည့် တပ်သားတဦး နယ်စပ်သို့ ထွက်ပြေးရောက်ရှိ

 

(ရိုးမ၃ မှကူးယူဖော်ပြသည်)

ယခုကဲ့သို့ စစ်တပ်က ထွက်ပြေးလာရခြင်းနှင့် ပတ်သက်၍ “ကင်းစောင့်ရင်း တန်းလန်းနဲ့ ထွက်ပြေးလာတာ၊ သူတို့က မနိုင်တဲ့ဝန်လည်း ထမ်းခိုင်းတယ်။ ဖက်ထိပ်ဆိုလည်း တအား လုပ်ရတယ်။ စနေ တနင်္ဂနွေဆိုလည်း မနားရဘူး။ ထွက်ပြေးလာတာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်လွန်းလို့ပါ။ သေချင်လည်းသေတော့ဆိုပြီး ပြေးတာ။ တပ်ကြပ်ကြီးတို့ ဒုတပ်ကြပ်တို့က ခေါ်ခိုင်းတယ် ညဆိုလည်း ကင်းစောင့်ရ သူတို့ခိုင်းတာလုပ်ရနဲ့ အိပ်ရေးမဝဘူး။ ထမင်းလည်းမဝဘူး သူတို့ အပစ်လို့မြင်ရင် ပါးနားခေါ်ရိုက်တယ် ဆရာတွေက” ဟု ပြောသည်။
မောင်ဘိုမှတ်ကို အမဖြစ်သူက ခမရ(၃၀၁) မှ ဗိုလ်ကြီးတဦးထံ ငွေကြေးဖြင့် ရောင်းချလိုက်ခြင်းကြောင့် ကျုံဒိုးမြို့ကို ရောက်ရှိကာ စစ်သားဖြစ်လာသူဖြစ်ပြီး ၎င်းအနေဖြင့် ရှေ့တန်း စစ်မြေပြင်ကို ယခုတခေါက်သာ ထွက်ဖူးသည်ဟု ဆက်ပြောသည်။
“စစ်ထဲ ကျနော်ဝင်ချင်စိတ် မရှိပါဘူး။ အစ်မက ငွေရေးကြေးရေးအဆင်မပြေလို့ဆိုတော့ ပိုက်ဆံ (၂)သိန်း ခွဲယူထားတာ။ ကျနော့်ကိုပြောတော့ ကျနော်က မဝင်ချင်ဘူးလို့ ငြင်းပါသေးတယ်။ အစ်မက ပိုက်ဆံယူ ပြီးပြီဆိုတော့ ကျနော်လည်း ဝင်လိုက်တယ်။ ဝင်တာက ကျုံဒိုးမှာပဲ စုဆောင်းရေးက မကွေးစုဆောင်းရေး ကျုံဒိုးကဗိုလ်ကြီးတွေကနေ လာခေါ်တာ။ ကျုံဒိုးမှာ ရောင်းတာ။ ကျုံဒိုးက ဗိုလ်ကြီးက အရင်တုန်းက မကွေး (၃၀၁) က အဲဒါ ကျနော်ယောက်ဖနဲ့သိတယ်။ သူကလည်းစစ်တပ်ထဲက မကွေးမှာပါဘဲ။ စစ်ထဲဝင်တာ့ (၁၈)နှစ်ပဲရှိသေးတယ်” ဟု မောင်ဘိုမှတ်က ဆက်ပြောသည်။
ယခင်ကတည်းက စစ်တပ်ထဲဝင်ရန် စိတ်ဆန္ဒမရှိခဲ့သည့် မောင်ဘိုမှတ်က ၎င်းလိုပင် စစ်တပ်ထဲမဝင်ချင်ပဲ စစ်သားဖြစ်ရတဲ့ အခြေအနေကို လူငယ်တွေ မခံစားစေချင်ကြောင်းနှင့် ၎င်းအနေဖြင့် အခြားတိုင်းပြည်မှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်စားသောက်လို့ရတဲ့ သာမန်အရပ်သားဘဝနှင့် နေလိုကြောင်း ဆက်ပြောသည်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှစ၍ ယနေ့အထိ မြန်မာအစိုးရ စစ်တပ်မှထွက်ပြေးပြီး ဒီကေဘီအေနဲ့ ကျောင်းသားတပ်မတော်ပူပေါင်း တပ်ဖွဲ့တွေထံ ထွက်ပြေးခိုလှုံလာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း ကျောင်းသားတပ်မတော် စစ်ဦးစီးမှူးဒုတိယတန်း ရဲဘော်ထွန်းထွန်းက ပြောသည်။
“(၆)ရက် ငါးလပိုင်းမှာလည်း ခလရ (၂၃၁) က လက်နက်လေးလက်နဲ့ လေးယောက် အဲဒီဟာတော့ တသုတ်ရှိတယ်။ နောက်လည်း သေနတ် ငါးလက်နဲ့ တသုတ် အခုဒီတယောက်နဲ့ပေါ့။ ဒါကျနော်တို့ နိုဝင်ဘာကနေဆိုရင် တစ်ရာကျော်သွားပြီ” ဟုပြောသည်။
စစ်တပ်အတွင်း အထွေထွေကြပ်တည်းမှုများ၊ အထက်အောက်ဖိနှိပ်မှုများကြောင့် နေ့စဉ်နှင့်အမျှ စစ်တပ်အတွင်းမှ ထွက်ပြေးမှုများရှိနေပြီး အစိုးရအနေဖြင့် ယင်းကဲ့သို့ အင်အားဆုတ်ယုတ်မှုကို ဖြည့်ဆည်းရန် အမိန့်ညွှန်ကြားချက်များစွာ ထုတ်ပြန်ထားသည့် အတွက်ကြောင့် တရားမဝင် နည်းလမ်းများဖြင့် စစ်သားစုဆောင်မှုများ ပြုလုပ်နေလျှက်ရှိပြီး ၎င်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များစွာ စစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။

ထိုင်းတွင် အရောင်းစား ခံထားရသူ ၂ ဦးကို ပြန်ရွေးယူခဲ့

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်သို့ အလုပ်ရမည်ဟု ခေါ်ဆောင်လာကာ ရောင်းစား ခံခဲ့ရသော လူ ၁၀၀ ကျော်ထဲမှ ကိုကျော်ဇံနှင့် ကိုဇော်ထွန်းအား ဘတ်ငွေ ၁၁၅၀၀ စီဖြင့် မကြာသေးမီက ပြန်လည် ရွေးယူခဲ့ကြောင်း သတင်းရရှိသည်။

ရောင်းစားခံထားရသူများ လွတ်မြောက်ရေးနှင့် လူမှောင်ခို ကုန်ကူးသူများကို ဖမ်းဆီး ဖော်ထုတ်နိုင်ရေးအတွက် အကူအညီပေးနေသည့် မဲဆောက်အခြေစိုက် People Volunteer’s Association (PVA) အဖွဲ့က ယင်းလူငယ် ၂ ဦးကို ပြန်လည် ရွေးထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ် ၂ ဦးသည် ပင်လယ်ထဲတွင် ၁၃ ရက်ခန့် ငါးဖမ်းနေခဲ့ရကြောင်း၊ ဆွေမျိုးများက ပိုက်ဆံနှင့် ရွေးထုတ်၍ ရလျှင် ရွေးထုတ်ချင်သည်ဟု ပြောသဖြင့် PVA နှင့် ပူးပေါင်း ဆောင်ရွက်နေသူ ကိုခိုင်မင်းထွန်းက သွားရောက် ရွေးထုတ် ပေးခဲ့ကြောင်း PVA အဖွဲ့ မှ ဗဟိုကော်မတီဝင် ၁ ကိုသိန်းဆန်းက ပြောသည်။

ကိုခိုင်မင်းထွန်းက “ဒီနယ်မြေက လူမှောင်ခိုမှုတွေ၊ လူရောင်းစားမှုတွေ အရမ်း များတော့ အခုလို သွားရွေးရတာ သိပ် အန္တရာယ်ကြီးတယ်။ အကြောင်းမညီညွတ်ရင် ကိုယ်ပါ အစပျောက် သွားနိုင်တယ်။ ဒါပေမယ့် လူသားချင်း ကျေးကျွန်လို ရောင်းစားခံထားရတဲ့ သူတွေအတွက် ကျနော် အရဲစွန့်လုပ်ပေးခဲ့တာ” ဟု ဆိုသည်။

ရွေးထုတ် လာခဲ့သည့် ကိုကျော်ဇံမှာ အသက် ၂၄ နှစ် ရှိပြီး ကိုဇော်ထွန်းမှာ အသက် ၁၉ နှစ် ဖြစ်သည်။ နှစ်ဦးစလုံး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ဖြစ်ကြသည်။

၎င်းတို့သည် မေလ ၆ ရက်နေ့မှ စတင်ကာ မြ၀တီ နယ်ခြားစောင့်တပ် အမှတ် ၁၄ ဂိတ်မှ ထွက်လာခဲ့ကြပြီး မဲဆောက် ဘက်ခြမ်းမှတဆင့် တောလမ်းခရီးကို လျှောက်ခဲ့ကြရကြောင်း၊ မေ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် အချောင်မြို့ ဝေလာစိန် တံတားတွင် ရှိသော ငါးဖမ်းလှေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုအရပ်သို့ရောက်မှ ၎င်းတို့ ရောင်းစားခံခဲ့ရ သည်ကို သိရကြောင်း ကိုကျော်ဇံက ပြောသည်။

ကိုကျော်ဇံအား ပွဲစားက မဟာချိုင်အရပ်ရှိ ပုစွန်ခေါင်းချိုး စက်ရုံတွင်လုပ်ရမည်ဟု ပြောကာ ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် မဟာချိုင်ဒေသမဟုတ်ဘဲ စက်ရုံတွင်လည်း မလုပ်ရကြောင်း သူက ဆိုသည်။

“အနီးအနားက မွန်တယောက်ကို မေးကြည့်တော့မှ သူက မင်းတို့ကို ပွဲစားက ဘတ် ၁ သောင်းနဲ့

ကျပ်ငွေ ရှားပါးသောကြောင့် မြန်မာ့စီးပွားရေးအခက်ကြုံ

မြန်မာပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်း များကြောင့်  ပြည်ပတွင် အလုပ် လုပ်ကိုင်သူများ  မိသားစုထံ ငွေလွှဲရာတွင် နစ်နာ ဆုံးရှုံးလျက်ရှိသည်။

Dollar_and_kyats400
ကျပ်ငွေ ရှားပါးနေပြီး နိုင်ငံခြားငွေဈေးများ ထိုးကျနေသောကြောင့် နိုင်ငံရပ်ခြားမှ ငွေလွှဲမည့်သူများ အခက်ကြုံနေရသည် (ဓာတ်ပုံ - http://www.gilesorr.com)
အမေရိကန် ဒေါ်လာသည် မြန်မာငွေ ကျပ် ၈၀၀ အောက်သို့ စံချိန်တင် ကျဆင်းနေပြီး ယနေ့ နံနက်ပိုင်း ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၇၈၅  ကျပ် ဖြစ်နေသည်။ ဒေါ်လာတန်ဖိုး ကျဆင်းနေခြင်းသည် လတ်တလော အခြေအနေတွင် ပြည်သူလူထု လက်အတွင်း မြန်မာငွေ ကုန်သွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေါက်တာ ခင်မောင်ညိုက ဧရာဝတီကို  ပြောပြသည်။

“ပိုက်ဆံရှိတဲ့ လူတွေက ကိုယ့်မှာရှိတဲ့ ဒေါ်လာတွေ ရောင်းထုတ်ပြီး ကျပ်ငွေတွေနဲ့ အိမ်ခြံမြေ လေလံဆွဲတာတွေ တော်တော် လုပ်လိုက်တော့ ဒီအချက်ကြောင့်လည်း ပါတယ်။ သာမန် ပြည်သူလူထုကတော့ လက်ထဲမှာ ဒေါ်လာ မရှိဘူးလေ” ဟု သူက ပြောသည်။

လက်ရှိ  မြန်မာငွေတန်ဖိုး မာနေသောကြောင့်  မိသားစုထံ လစဉ် ငွေလွှဲနေခြင်းကို ခေတ္တ ရပ်နားထားသည်ဟု စင်္ကာပူရှိ ကုမ္ပဏီတခုတွင် စာရင်းကိုင် လုပ်ကိုင်နေသူ မသူဇာထွန်းက ဧရာဝတီကို ပြောသည်။

“မြန်မာပြည်က ကိုယ့်မိသားစု အိမ်လခ ၊ ကျောင်းလခ ပေးရမယ့် အနေအထားမျိုး ဆိုရင်တော့ အရှုံးခံ ပြီး လွှဲရမှာပဲ ” ဟု သူက ပြောသည်။

စင်္ကာပူနိုင်ငံ IT ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသည့် ကိုအောင်နိုင်ကလည်း “ စင်္ကာပူ ၁ ဒေါ်လာကို မနေ့က မြန်မာကျပ်ငွေ ၆၄၀ လောက်အထိ ကျသွားတယ်။ စင်္ကာပူငွေ ၁၀၀၀ လွှဲတာ မြန်မာငွေ ၁ သိန်းကျော် လောက် နာတယ်” ဟု ပြောသည်။

ငွေကြေး ဖလှယ်ရာတွင် အရှုံးပေါ်ခြင်းအပြင်၊ ကျဆင်းမှု မရှိသည့် ကုန်ဈေးနှုန်းကြောင့် ပိုမို ကျပ်တည်းနေကြသည်။

“အမ အမျိုးသားက ပြည်ပ သင်္ဘောလိုင်းမှာ အလုပ်လုပ်တာဆိုတော့ ငွေလွှဲရင် ကုမ္ပဏီက ဒေါ်လာ ယူမလား ၊ မြန်မာငွေနဲ့ လဲမလားဆိုပြီး ရွေးချယ်လို့ရတယ်။ များသောအားဖြင့် ဒေါ်လာ ယူတာများတယ်။ လက်ရှိ ဒေါ်လာဈေးကျနေတော့ တခါလဲရင် ပမာဏများရင် များသလို သိန်းချီ နစ်နာတယ်” ဟု ရန်ကုန်မြို့နေ အိမ်ထောင်ရှင်မ တဦးက ပြောပြသည်။

ငွေလဲနှုန်း အပြောင်းအလဲ များသော်လည်း ငွေလွှဲသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း မရှိပေ။

“သူ့ ဟာနဲ့ သူ လွှဲနေတဲ့ သူတွေကတော့ ရှိတာပဲ။ မလေးမှာဆို မြန်မာ အလုပ်သမားတွေက အများကြီးပဲ။ နယ်ကရော ရန်ကုန်က လူတွေပါ ပါတော့ တလ တခါ မိသားစုက ဒီကနေ လွှဲမှ လည်ပတ်နိုင်မှာမျိုးတွေ ရှိတယ်လေ။ ဈေးကျလည်း လွှဲရတာပဲ။ လောလောဆယ် မလေးငွေ ၁ ကျပ်ကို မြန်မာကျပ်ငွေ ၂၆၄ ရှိတယ်” ဟု မလေးရှားနိုင်ငံတွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ မသင်းသင်းက ပြောသည်။

ငွေလဲနှုန်း တည်ငြိမ်မှု မရှိသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာကဲ့သို့ ငွေလဲဈေးနှုန်းထားများ တရားဝင် သတ်မှတ်သင့်သည်ဟု ဒေါက်တာ ခင်မောင်ညိုက သုံးသပ်ပြသည်။

“အစိုးရကနေ ၆ ကျပ်နဲ့ ကိုင်ထားတာမျိုးတွေ လုပ်လို့မရဘူး။ ဥပမာ ဓာတ်ဆီ တဂါလံကို သူရောင်းနေတဲ့ ဈေး ၂၅၀၀ ကျပ်ဆို ဒေါ်လာနဲ့ဆို ၄၀ လောက် ဖြစ်သွားပြီ။ ကမ္ဘာမှာ ဈေးအကြီးဆုံးနိုင်ငံ ဖြစ်သွားပြီ။ ဒီတော့ ၁ ဂါလံ ၂ ဒေါ်လာခွဲ ၊ ၃ ဒေါ်လာ လောက်နဲ့ ရောင်း ဒီဈေးတွေနဲ့ ယှဉ်ပြီး ၆ ကျပ်ကနေ သင့်လျော်တဲ့ ဈေးသတ်မှတ်ပေးသင့်တယ်”ဟု သူက ပြောသည်။

ဒေါ်လာ ဈေးနှုန်း ကျဆင်းလာမှုသည် ပြည်တွင်း ၀ယ်လိုအား ကျဆင်းမှု၊ နယ်စပ်ဒေသ မူးယစ်ဆေးလုပ်ငန်းမှ ဒေါ်လာ အမြောက်အမြား ဈေးကွက်တွင်းသို့ ၀င်ရောက်လာမှု ၊ တရုတ်နိုင်ငံနှင့်ပူးပေါင်းလုပ်မည့် လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံငွေများ ၀င်ရောက်လာမှု တို့နှင့် ဆက်နွယ်နေသည်ဟု လုပ်ငန်းရှင်များက ယူဆနေကြသည်။ 

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင်  ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၂၅ ကျပ်၊ ကျပ် တသိန်းလျှင် ထိုင်းဘတ် ၃၇၀၀ ကျပ်ဈေး ပေါက်နေသောကြောင့် မြန်မာငွေ ၀ယ်ယူ စုဆောင်း နေသည်ဟု တာချီလိတ်-မယ်ဆိုင် ဒေသခံ တဦးက ဧရာဝတီကို ပြောပြသည်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာလည်း လက်ရှိ အခြေအနေတွင် အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

“နယ်စပ်ကုန်သည်တွေကတော့ မြန်မာငွေ တန်ဖိုး မာနေတော့  ဈေးအရောင်းအ၀ယ် မကိုက်ဘူး ဖြစ်နေတာပေါ့။  တရုတ်ဘက်က သွင်းတဲ့ ပစ္စည်းတွေက တရုတ်ငွေနဲ့ ၀ယ်ရတာ ဆိုတော့ အခု မနက်တင် ၈-၁ ဖြစ်သွားပြီ။ ၈ ယွမ်ဆို  မြန်မာ ငွေ ၁၀၀၀ ကျပ် ရှိတယ်” ဟု မူဆယ် ကုန်သည်ကြီးများ အသင်းမှ အဖွဲ့ဝင် တဦးက ဆိုသည်။

သူက ဆက်၍ “လောလောဆယ်  သွင်းမယ့် ကုန်တွေ ခဏ ရပ်ထားတယ်။ မြန်မာငွေကလည်း ထပ် တက်ဦးမယ့် သဘော ရှိနေတယ်။ တရုတ်ငွေနဲ့ ရောင်းပြီး မြန်မာငွေနဲ့ ပြန်ဝယ်တော့ ရှုံးတယ်၊ မကိုက်ဘူးပေါ့” ဟု ပြောသည်။

ဖြစ်ပေါ်နေသော ငွေလဲနှုန်း၏ ဒဏ်ကို ခံနေရသူများထဲတွင် ကုမ္ပဏီများ၊ အဖွဲ့အစည်းများတွင် ဒေါ်လာဖြင့် လစာ ရရှိနေသည့် ၀န်ထမ်းများလည်း ပါဝင်သည်။

တချို့သော အလုပ်ရှင်တို့က အခမဲ့ ဈေးဝယ်ကတ်ပြား ထုတ်ပေးခြင်း၊ ရှားပါးစရိတ် ထုတ်ပေးခြင်းဖြင့် ၀န်ထမ်းတို့၏ အကျပ်အတည်း ပြေလည်စေရန် ဆောင်ရွက်နေကြသည်။

Wednesday, June 1, 2011

ဗိုလ်ချုပ်အောင်ဆန်းဘာတွေမှာခဲ့သလဲ

 
ဗိုလ်ချုပ်အောင်ဆန်းဧ။်မိန်.ခွန်း

နိုင်ငံတော်သီချင်း

အလုပ်သမား လက်မှတ်လုပ်နေစဉ် မဖမ်းရန် ဖူးခက်မြို့တော်ဝန် ထုတ်ပြန်

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နယ်ရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အတွင်း အလုပ်သမားများလက်မှတ် လုပ်ပေးနေချိန် ဖမ်းဆီးခြင်းမပြုလုပ်ရန် ဖူးခက်မြို့တော်ဝန်က ဒေသခံ ရဲများအား ထုတ်ပြန်ထားသည်ဟု သိရသည်။

ဖူးခက် မြို့တော်ဝန် Tri Augkaradacha က “အလုပ်သမား လက်မှတ် အသစ် ပြုလုပ်ပေးနေစဉ်မှာ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့အထိ လက်မှတ်ရှိသူရော၊ မရှိသူကိုပါ အဖမ်းအဆီးမလုပ်ဖို့ ဖူးခက်က ရဲ အားလုံးကို မှာထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း Phukhet Wan Tourism News ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခုအခါ ဖူးခက်တွင် မြန်မာနိုင်ငံသား ၂ သိန်းခန့်အထိ ရှိနေပြီး မြန်မာအလုပ်သမား များက မိသားစုများကိုပါ ခေါ်ယူ လာကြကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ ဒါရိုက်တာ ဦးထူးချစ်က “ဒီအမိန့်ကို လုံးဝ ထောက်ခံကြိုဆိုပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ အဲဒါမှလည်း အလုပ်သမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် မှတ်ပုံတင်လို့ ရမှာပေါ့။ တချိန်တည်းမှာပဲ မြို့တော်ဝန်အနေနဲ့ ထိုင်းလုပ်ငန်းရှင်တွေကို အလုပ်သမားတွေ တရားဝင် မှတ်ပုံတင်နိုင်အောင် အတတ်နိုင်ဆုံး အကူအညီပေးဖို့ တိုက်တွန်း သင့်တယ်” ဟု ပြောသည်။

အလုပ်သမား လက်မှတ် ပြုလုပ်စဉ်ကာလအတွင်း ဖူးခက်တွင်သာမက ထိုင်းနိုင်ငံအတွင်းရှိ တခြားဒေသများတွင်ပါ အဖမ်းအဆီး မပြုလုပ်ရန် ညွှန်ကြားလေ့ရှိကြောင်း သိရသည်။

အလုပ်သမား လက်မှတ် (မှတ်ပုံတင်) အသစ် ပြုလုပ်မည့် သူတိုင်းသည်

စစ်တပ်က ကြံစိုက်မြေ ဧကရာချီသိမ်းယူသည့်အတွက် တောင်သူများ စားဝတ်နေရေး အကြပ်အတည်းဖြစ်နေ

 

(ရိုးမ ၃ မှကူးယူဖော်ပြသည်)

နေပြည်တော်တိုင်းဒေသကြီး၊ လယ်ဝေးမြို့နယ်အတွင်း စစ်တပ်က လယ်မြေဧက ရာချီပြီးသိမ်းယူသွားသည့်အတွက် ဒေသခံတောင်သူများ စားဝတ်နေရေးအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူတဦးက ပြောသည်။
ယခုနှစ်(၁)လပိုင်းမှ စတင်ကာ (၅)လပိုင်း (၁) ရက်နေ့အထိ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စုများမှ လယ်ဧက (၂၀၀)ကျော်ကို နယ်မြေခံ ခမရ (၆၀၅) တပ်မှ ဗိုလ်ကြီးသန်းဝင်းအောင်က ဦးဆောင်သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း တောင်သူတဦးက ပြောသည်။
“ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြို့နယ် မြေစာရင်းတို့ ပူးပေါင်းပြီးတော့ ဗိုလ်ချုပ် စိုးရှိန်အမိန့်နဲ့ တောင်သူတွေ နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်လာတဲ့ မြေယာကို သိမ်းယူခဲ့တာ၊ ပိုင်ဆိုင်မှု မပြနိုင်တဲ့အကြောင်းပြချက်နဲ့ ဗိုလ်ကြီးသန်းဝင်းအောင် ဦးဆောင်ပြီး ခြံစည်းရိုးကာခဲ့တာ၊ အဲဒါတွေကို သိမ်းလိုက်တော့ တော်တော်နစ်နာတယ်၊ သိမ်းပြီးတော့ ဘာပြန်စိုက်မှာလဲဆိုတော့ ဗိုလ်ချုပ်တွေက သရက်ပင် ပြန်စိုက်မှာတဲ့” ဟု ဒေသခံ တောင်သူက ပြောသည်။
ယင်းလယ်မြေများ၏ ကာလပေါက်ဈေးမှာ တဧကလျှင် ကျပ်နှစ်သိန်းဝန်းကျင်ရှိပြီး စစ်တပ်မှ သိမ်းယူပြီး ထိုက်တန်သည့် လျော်ကြေးပေးဆောင်ခြင်း မရှိကြောင်း ဒေသခံတောင်သူက ဆက်ပြောသည်။
“မြေက တဧက ကာလပေါက်ဈေး နှစ်သိန်းကျော်တယ်၊ လျော်ကြေးက လေးသောင်းခွဲလောက်ဘဲ ရကြတယ် ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြေစာရင်းက အာဏာပိုင်တွေက လျော်ကြေးငွေကို ပွဲစားလုပ်တော့ ရတဝက် မရတဝက်ဖြစ်နေတယ်၊ လောလောဆယ် တောင်သူတွေက မြေယာမဲ့ ဘဝရောက်ပြီး စားဝတ်နေရေး ပြဿနာဖြစ်နေတယ်” ဟု ဆက်ပြောသည်။
ဒေသခံတောင်သူများအနေဖြင့် ယခင်က အဆိုပါ မြေယာများတွင် ကြံများစိုက်ပျိုးကြပြီး တဧကလျှင် ကြံတန်ချိန်(၃၀) ထွက်ရှိခဲ့သဖြင့် စားဝတ်နေရေး အဆင်ပြေခဲ့သော်လည်း ယခုအခါ မြေယာမဲ့ဘဝရောက်နေကြောင်း အဆိုပါတောင်သူက ဆက်ပြောသည်။
ထို့အပြင် ဗိုလ်ကြီးသန်းဝင်းအောင်သည်  လယ်ဝေးမြို့နယ်အတွင်းမှ ပေါက်မြိုင်အုပ်စု၊

မြန်မာဘာသာသို. ပြန်ဆိုနိုင်သော လင့်လေးပါ

http://www.myordbok.com/

ဒီလင့်လေးကို ကလစ်ပြီး မိမိဘာသာပြန်ဆိုလိုသော ဘာသာအား ရွေးချယ်ပြီး မြန်မာဘာသာသို.ပြန်ဆိုနိုင်ပါတယ်   ။ အားလုံးအဆေင်ပြေမယ်လို.ထင်ပါတယ်

web site မှာ ဘာသာဝင်ပြန်နိုင်ပါတယ်

အင်္ဂလိပ် ကနေမြန်မာကို အွန်လိုင်းပေါ်မှာဘာသာ ပြန်နိုင်ပါပြီး။

မသိသေးတဲ့သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးပါနော်။

english - Myanmar,

hebrew - Myanmar,

greek - Myanmar,

portuguese - Myanmar,

arabic - Myanmar,

spanish - Myanmar,

norwegian - Myanmar,

swedish - Myanmar,

danish - Myanmar,

german - Myanmar,

russian - Myanmar,

japanese - Myanmar,

chinese - Myanmar,

korean - Myanmar,

malay - Myanmar,

vietnamese - Myanmar,

thai - Myanmar,

hindi - Myanmar,

romanian - Myanmar,

french - Myanmar,

finnish - Myanmar,

filipion - Myanmar,

polish - Myanmar & dutch - Myanmar.


ဖေ့ဘွတ်မှ ကူးယူဖော်ပြသည်။


မင်းလွမ်းနောင် (ပန်းတနော်)

သျှမ်းပြည်တပ်မတော်ဧ။် အကြောင်းတစ်စေ့တစ်စောင်း

ရှမ်း(သျှမ်း) ပြည်တပ်မတော်စတင်ပေါ်ပေါက်လာပုံနှင့် ရှင်းလင်းချက် အပြည့်အစုံ

ဗိုလ်ချုပ်နှင့် သမိုင်းဝင် ကြေးနန်း



 

ဖက်ဆစ်တော်လှန်ရေး၊ Force - ၁၃၆ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကြေးနန်းနှစ်စောင်

မင်းဟန် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၁ မိနစ်
(၂ဝ၁ဝ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့…..)

(က)
ပထမတွင် ….ဖက်ဆစ်တော်လှန်ရေးကြီးအား မတ်လ ၂၅ ရက်နေ့တွင် စတင်ရန် ဗိုလ်ချုပ်အောင်ဆန်းက သတ်မှတ်ထား၏။

သို့သော်…. အင်္ဂလိပ်စစ်တပ်များအား ခုခံတိုက်ခိုက်ရန်၊ ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မတော်ကို၊ စစ်အမိန့် ထုတ်ပြန်ပေးခဲ့သည့်အတွက် ပထမ သတ်မှတ်ထား ခဲ့သောရက်အား ပြင်ဆင်ခဲ့ကြရသည်။ မတ်လ ၂၅ ရက်မှ…. ဧပြီလ ၂ ရက်နေ့သို့ ပြောင်းလဲလိုက်၏။

တော်လှန်မည့်နေ့ ဒီ ဒေး အပြောင်းအလဲရှိသကဲ့သို့ စစ်တိုင်း ၁ ၏ စစ်ရေးခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင် အပြောင်းအလဲများလည်း ရှိ၏။

မတ်လ ၂၅ ရက်နေ့တွင်မူ ….. တပ်မတော်နှင့် တော်လှန်ရေးအား ဆန့်ကျင်ပြီး ဂျပန်တို့နှင့် ပူးပေါင်းလိုသည့် ဗိုလ်မှူးရန်နိုင် (ရဲဘော်သုံးကျိပ်ဝင်၊ ဒေါက်တာ ဘမော် ၏ သားမက်) ၏ သတင်းပေးမှုကြောင့် ဂျပန်စစ်ဘက်ဌာနက သိရှိသွားပြီး တပ်မတော်၏ လှုပ်ရှားမှုများအား အရေးယူစုံစမ်းလာ၏။ ပဲခူးရှိ တိုင်း ၄ တွင် လက်နက် များသိမ်းယူမည်အထိ အခြေစိုက်လာ၏။ ဤတွင် ….. တပ်မတော်အနေနှင့် ဖက်ဆစ်တော်လှန်ရေးအား လက်ဦးမှုရယူနိုင်ရန်အတွက် …. တော်လှန်ရေးစတင်မည့် ရက်နှင့် အချိန်အား အရေးပေါ်ပြောင်းလဲသတ်မှတ်လိုက်ရ၏။ ဖက်ဆစ်တော်လှန်ရေးကြီး စတင်မည့် နေ့ရက်

ဒီ-ဒေးကား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်….။ စတင်မည့်အချိန် န-နာရီက ၁၉းဝဝ နာရီ

(ခ)
၁၉၄၅ ခုနှစ် ၊ မတ်လ ၃၁ ရက်
မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာလယ်တဲ

ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုစစ်ဦးစီးဌာနချုပ်အား ကံမမြို့နယ် ပုဏ္ဍားရွာတွင် အခြေစိုက်ထားပြီး၊ ဗိုလ်မှူးအောင်၏ တိုင်း ၇ တိုင်းစစ်ဌာနချုပ်က …. မင်းတုန်းမြို့နယ် ကစွန်းမြောင်ရွာအနီးရှိ လယ်တဲငယ်တခုတွင် ယာယီအခြေပြုထားသည်။ ပုဏ္ဍားရွာနှင့် ကစွန်းမြောင်ရွာများက ခြေလျင်ခရီးနှင့် ၄ မိုင် ခရီးမျှ သာဝေး၏။

ဖက်ဆစ်တော်လှန်ရေး မစတင်မီကတည်းမှပင် ဆင်းမလားရောက် ဗြိတိသျှများနှင့် ဖဆပလ သည် အဆက်အသွယ် ရရှိထားခဲ့၏။ ဖက်ဆစ်တော်လှန်ရေးအတွက် အိန္ဒိယရှိ သခင်သိန်းဖေ (စာရေးဆရာ သိန်းဖေမြင့်) ၏ အဆက်အသွယ်ဖြင့် ဖဆပလ နှင့်  Force - ၁၃၆ အကြား စစ်ရေးအရ အပြန်အလှန် ဆက်သွယ်မှု ရှိနေ၏။ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး တပ်သားများအား Force - ၁၃၆ မှ လေထီးနှင့် ဖက်ဆက်တော်လှန်ရေး စစ်တိုင်းကြီးများတွင် ချပေး၏။ စစ်တိုင်းများအားလုံးတွင်မူ မဟုတ်။ ဗိုလ်မှူးအောင်၏ တိုင်း ၇ တွင် ရှိ၏။ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ အခြေပြုထားသည့် ပဲခူးရိုးမအရှေ့ခြမ်းတွင် ရှိ၏။ မြစ်ဝကျွန်းပေါ်ရှိ တိုင်း ၂ တွင် ရှိ၏။ တိုင်း ၂ တွင်က …. သခင်စိုးနှင့် ဗိုလ်မှူးကြီးနေဝင်းတို့ တာဝန်ယူကြ၏။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗဟိုစစ်ဦးစီးဌာနချုပ်တွင်က မရှိ….။ တိုင်း ၇ နှင့်တွဲ ၍ သုံးရသည်။

မတ်လ ၃၁ ရက်နေ့၊ နံနက်မှာပင် ဗိုလ်ချုပ်တို့ တိုင်း ၇ စစ်ဌာနချုပ်ရှိရာ မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာအနီးရှိ လယ်တဲတခုသို့ ရောက်ရှိလာကြ၏။ ဗိုလ်ချုပ်နှင့်အတူ…. ဗိုလ်မှူးမင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်) ဗိုလ်မှူးထွန်းအုံ (မြူနီစပယ်မင်းကြီး၊ အငြိမ်းစား)၊ ဗိုလ်မှူးစမိုက် (ဗိုလ်မှူးကြီး လှအောင်) ၊ ဗိုလ်မှူးဖိုးကွန်း (ပြည်သူ့ရဲဘော်၊ အငြိမ်းစား၊ ဆိုဗီယက်သံအမတ်ကြီး) တို့လည်း လိုက်ပါလာကြသည်။

တပေါင်းနွေ၏ မွန်းတည့်နေက ပူပြင်းလွန်းလှ၏။ အပူရှိန်ကြောင့် သက်ကယ်မိုးသည် တဖျစ်ဖျစ်နှင့် မြည်နေ၏။ ညိုခြောက်နေသည့် ရိုးပြတ်တောအား ဖြတ်၍တိုက် ခတ်လာည့်လေကား…. လေပူ….။ တဲအရှေ့ရှိ လက်ပံပင်အိုညီနောင်က တပင်လုံး အပွင့်နီနီရဲရဲများနှင့် အနီရောင် ချယ်ထား၏။ လေပူအဝှေ့ကြောင့် လက်ပံပွင့်တို့ က လေဟုန်စီး၍ မြေသို့ ဝဲ၍ ဝိုက်၍ သက်ဆင်းနေကြ၏။ မြေပြင်ပင်ရင်းတွင်လည်း ရဲရဲ

တဲအတွင်း၌က …. ဗိုလ်ချုပ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးထွန်းအုံ၊ ဗိုလ်မှူးမင်းခေါင်နှင့် သခင်တင်မြတို့ ထိုင်နေကြ၏။ ဗိုလ်ချုပ်သည် Force - ၁၃၆ ၏ တပ်ဖွဲ့မှူးမှ သူ့ထံသို့ ပေးပို့လိုက်သည့် ကြေးနန်စာအား ဖတ်နေသည်။ ကြေးနန်စာအား ဖတ်ရင်း ဗိုလ်ချုပ်သည် ဟန်းကော အတွင်းမှ ရေနွေးကြမ်းပူပူအား တခွက်ပြီး တခွက် သောက်၍နေ၏။ ကြေးနန်စာအား ဖတ်နေသည့် ဗိုလ်ချုပ်၏ မျက်နှာသည် …. တင်းမာမှုများနှင့် ။ တင်းမာနေသော ဗိုလ်ချုပ်၏မျက်နှာက …. တည်တည်ငြိမ်ငြိမ်ပင် ဒေါသမထွက်

(ဂ)
Force - ၁၃၆ က (ဖဆပလ) အား ဖက်ဆစ်တော်လှန်ရေးတွင် သူတို့၏ ပြောက်ကျားတပ်၊ သတင်းပေးအဆင့်နှင့်သာ ဆက်ဆံချင်၏။ ဖက်ဆစ်ဝင်ရိုးတန်း အင် အားစုအား စစ်ရေးအရ မဟာမိတ်ပြု၍၊ တော်လှန်တိုက်ပွဲဝင်နေသည့် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့တပ်မတော်အဖြစ် (ဖဆပလ) အပေါ် သဘောမထားလို..။ ပြီးလျှင် လေထီးနှင့် ချပေးထားသည့်၊ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး စက်များကိုလည်း Force - ၁၃၆ နှင့်သာ ဆက်သွယ်ရမည်။ အခြားစစ်တိုင်းများနှင့် အချင်းချင်း မဆက်သွယ်ရဟူ၍ ကန့်သတ်ထား၏။ လက်နက်နှင့် ခဲယမ်းမီးကျောက်များအား ဖက်ဆစ်တော်လှန်ရေးအတွက် လေထီးနှင့် ချပေးမည့် အစီ အစဉ်ကို လည်း ဖက်ဆစ်တော်လှန်ရေးကြီး စတင်သည့် အချိန်အထိ မချသေး။ ဤတွင် တိုင်း ၇ ၏ ဒုတိယစစ်ရေးခေါင်းဆောင် ဗိုလ်မှူးစိန်မှန် ပေါက်ကွဲလေ၏။ မဟာမိတ်တပ်မျာအား ငါ နှင့် ကိုင်တုတ်ဖူး၏။

ဒီမအေပေးတွေဆီက လက်နက်မရရော ဂျပန်ကို မတိုက်နိုင်တော့ဘူးလား။ ရှိတဲ့လက်နက်နဲ့ ဂျပန်တွေ ဖင်သနီလန်ကုန်အောင် တိုက်ပြမယ်။ ဂျပန်တင်မကဘူး ဒင်းတို့ကိုပါ တိုက်ပြမယ်။ နယ်ချဲ့သမားတွေ

ဗိုလ်ချုပ်သည် ကြေးနန်းစာအား အပြန်ပြန်အလှန်လှန် ဖတ်၏။ ပြီးလျှင် …. အနီးတွင် ထိုင်နေသည့် ဗိုလ်မှူးစိန်မှန်အား
ကဲ အားလုံးကြားရအောင် ဒီကြေးနန်းကို ဗိုလ်စိန်မှန်က ဖတ်ပြလိုက်စမ်းပါ”…ဟု ဗိုလ်ချုပ်က လက်အတွင်းမှ ကြေးနန်းစာအား ဗိုလ်မှူးစိန်မှန်သို့ လှမ်း၍ပေး၏။

ကြေးနန်စာက ….မတ်လ ၃၁ ရက်နေ့တွင် တိုင်း ၇ စစ်ဒေသသို့ ဗိုလ်ချုပ်တို့ ရောက်ရှိနေသည့် အကြောင်းအား Force - ၁၃၆ သို့ ဗိုလ်ချုပ်ကိုယ်တိုင် အကြောင်း ကြားခဲ့သည့် ကြေးနန်းစာအပေါ် Force - ၁၃၆တပ်ဖွဲ့မှူးမှ ဗိုလ်ချုပ်ထံသို့ အကြောင်းပြန်လာသည့် ကြေးနန်းစာ ဖြစ်သည်။ ဗိုလ်မှူးစိန်မှန်က ….ဗိုလ်ချုပ်လှမ်း ပေး သည့် ကြေးနန်အား အသံမြှင့်၍ ဖတ်ပြ၏။



“Major General Aung San (Self Styled)”…
မေဂျာဂျင်နရယ်ဟု မိမိကိုယ်မိမိ ဘွဲ့ပေးထားသူ အောင်ဆန်း…”
 
ဗိုလ်မှူးစိန်မှန်သည် ကြေးနန်းစာ၏ ပထမတကြောင်းအား ဖတ်ပြီးဆက်၍ မဖတ်။ ရပ်လိုက်၏။ ပြီးလျှင် …. ဒေါသနှင့်
 
ဒါဟာ ကျနော်တို့ကို စော်ကားတာပဲ ဗိုလ်ချုပ်။ ဒီကောင်တွေ လူပါးကို ဝတယ်။ ကျနော်တို့ကို သူတို့ရဲ့ ကျွန်တွေပဲလို့ ထင်နေတုန်းပဲနဲ့ တူတယ်
 
အားလုံးက … Force - ၁၃၆ ၏ ကြေးနန်းတွင် ရေးထားသည့် ပထမဆုံးစာကြောင်းကြောင့်၊ မခံမရပ်နိုင်ဖြစ်၍ နေကြ၏။ မကျေနပ်ကြ
 
ဗိုလ်ချုပ်ကို ဒီလို အမည်တပ်ရေးတာဟာ ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားကာတာတင် မဟုတ်ဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေးကိုရော။ တမျိုးသားလုံးကိုပါ စော်ကားရာကြတာပဲ။ သခင်တင်မြက ဝင်ပြော၏။

ကဲပါလေ ဆုံးအောင်ဖတ်ပြီးမှ ထင်မြင်ချက် ပြောကြတာပေါ့။ ဆက်ဖတ်စမ်းပါ

ဗိုလ်ချုပ်က စကားစအား ဖြတ်၍ ဆက်ဖတ်ရန် အမိန့်ပေး၏။ ဗိုလ်မှူးစိန်မှန်သည် အံတတြိတ်ကြိတ်နှင့် ကြေးနန်းအား ဆက်၍ဖတ်၏။

သင့်ထံမှ ကြေးနန်းကို လက်ခံရရှိသည်။ လက်ဖတင်နယ်ကာနယ် ကရူးအား ဖြူးအနောက်တွင် လေထီးနှင့် ချပေးပြီး ယခု သခင်သန်းထွန်းနှင့် အတူရှိနေသည်။ A.F.O နှင့် ပူးတွဲဆောင်ရွက်မည့် တပ်ဖွဲ့ Force - ၁၃၆ မှ အရာရှိအားလုံးကို ကာနယ်ကရူးက အုပ်ချုပ်လိမ့်မည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် A.F.O လက်အောက်ရှိ သင်အုပ်ချုပ်နေသော လက်နက်ကိုင်တပ် အားလုံးသည် မဟာမိတ်စစ်ဌာနချုပ်၏ စစ်အမိန့် ညွှန်ကြးချက်များကို လိုက်နာဆောင် ရွက်သင့် သည်။
 သင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မင်းဘူး၊ မကွေး၊ သရက်ဒေသများရှိ သင်တို့၏ လက်နက်ကိုင်တပ်များသည် ဂျပန်များကို ထိရောက်စွာ တိုက်နိုင်မည် မဟုတ်။ သို့ကြောင့် ဤဒေသရှိ သင်၏ တပ်များကို ပြည်၊ သာယာဝတီ၊ အင်းစိန် မီးရထားလမ်းတလျှောက်သို့ အမြန်ဆုံး ပြောင်းရွှေ့၍ မဟာမိတ်စစ်ဌာနချုပ်၏ ညွှန်ကြားမှုအောက်တွင် ဂျပန်ကို စစ်ဆင်ရန် ဖြစ်သည်။ သင်၏ တပ်များအားလုံး ထိုဒေသသို့ ရောက်ပါက ကျွန်ုပ်တို့ထံမှ ဆက်သွယ်ရေးအရာရှိများနှင့် လိုအပ် သော ဆက်သွယ်ရေး ကိရိယာများကို လေထီးဖြင့် ချပေးမည်။ သင်တို့ လိုအပ်သော လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် စစ်ပစ္စည်းများ ထောက်ပံ့ရေးကို ဆက်သွယ် ရေးအရာရှိများက ဆောင်ရွက်ပေးလိမ့်မည်။ သင်၏ သဘောထား အကြောင်းပြန်ပါ

ကြေးနန်းက ဤတွင် ဆုံးပြီ….၊  အားလုံး၏ ရင်အတွင်းမှ ဒေါသမီးအပူက တပေါင်းနွေနှင့် အပြိုင်။ ဗိုလ်ချုပ်သည် သူ၏ တပ်မှူးများအား ဝေ့၍ကြည့်ပြီး…. တည်တည်ငြိမ်ငြိမ်နှင့်ပင် စကားအား ဆို၏။

ဒီမှာ ကိုယ်တို့ ဂျပန်ကို ထချတာဟာ သူတို့အလိုကို လိုက်လျောဖို့၊ သူတို့က အသိအမှတ်ပြုတာကို ရချင်လို့ မဟုတ်ဘူး။ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်အဖြစ် ကိုယ်တို့ ဆန္ဒအလျောက် ဂျပန်ကို ထတော်လှန်ကြတာပဲ။ အဲဒီတော့ သူတို့က ကိုယ်တို့ကို အသိအမှတ်မပြုချင်၊ လေးလေးစားစား မဆက်ဆံချင်လည်း ပြဿနာမဟုတ်ပါဘူး။ ကိုယ်တို့အဖို့ ပြည်သူလူထုကို စည်းရုံးနိုင်သလောက် ပြည်သူလူထုနဲ့အတူ ဂျပန်ကို ချနိုင်သလောက် ကမ္ဘာက ကိုယ် တို့ရဲ့ ကြိုးပမ်းမှုကို အသိအမှတ် ပြုလာမှာပဲ။ ဒီအင်္ဂလိပ်တွေကိုလည်း သိပ်မမျှော်လင့်နဲ့။ သူတို့ဟာ နယ်ချဲ့သမားတွေဆိုတာလည်း မမေ့နဲ့။ ကဲ .. သူတို့ဆီကို ကိုယ်တို့ရဲ့ သဘောထား အမြန်ဆုံး ပြန်ပို့ရမယ်။ အဲဒီကြေးနန်း အခုပဲ ရေးလိုက်မယ်

ဗိုလ်ချုပ်၏ စကားဆုံးသည်နှင့် တဲအတွင်း၌ ခဏငယ်မျှ တိတ်ဆိတ်၍သွား၏။ ဗိုလ်ချုပ်သည် ဟန်းကော အတွင်းမှ ရေနွေးကြမ်းပူပူအား ငှဲ့၍ သောက်၏။ ပြီးလျှင် …. စာရွက်လွတ်တရွက်ပေါ်၌ ကြေးနန်းစာအား ချ၍ရေး၏။

မှ
မေဂျာဂျင်နရယ်အောင်ဆန်း
စစ်ခေါင်းဆောင်
ဖ တ ပ လ အဖွဲ့ချုပ်
မြန်မာနိုင်ငံ။

သို့
စစ်သေနာပတိ
မဟာမိတ် စစ်ဌာနချုပ်
အရှေ့အာရှတောင်ပိုင်း

သင်တို့ထံမှ ပေးပို့သော…. နေ့စွဲပါ ကြေးနန်းကို ရရှိပါသည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် မင်းဘူး၊ မကွေး၊ သရက် ဒေသများရှိ ကျွန်ုပ်တို့ တပ် များအားလုံး ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများသို့ ပြောင်းရွှေ့၍ စစ်ဆင်တိုက်ခိုက်ပါ ဟူသော သင်တို့၏ အကြံပေးချက်ကို လက်မခံနိုင်ပါ။ ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများတွင် ကျွန်ုပ်တို့ အုပ်ချုပ်မှုအောက်ရှိ ဗမာ့အမျိုးသားတပ်မတော်မှ တပ်ရင်းအချို့နှင့် ပြောက်ကျားတပ်အချို့ တပ်ဖြန့်စစ်ဆင်လျက်ရှိပါသည်။ ဖ တ ပ လ အဖွဲ့ချုပ်မှ ချမှတ်ထားသော စစ်ဆင်ရေး အစီအစဉ်အတိုင်း ဂျပန်ဖက်ဆစ်များကို ကျွန်ုပ်တို့ တပ်များက တိုက်ခိုက်ရင်း သင်တို့၏ မဟာမိတ်တပ်များနှင့် စစ်မျက်နှာများတွင် ပူးတွဲတိုက်ခိုက်သွားလိုသည်။

သို့ကြောင့် မြန်မာနိုင်ငံပေါ်မှာ ဖက်ဆစ်ဂျပန်များကို ထိရောက်စွာ စစ်ဆင်တိုက်ခိုက်ရေးအတွက် လိုအပ်သော စစ်ရေးအစီအစဉ်များကို သင်တို့နှင့် ညှိနှိုင်းရေးဆွဲရန် သင်တို့ထံမှ ဆက်သွယ်ရေးအရှာရှိ တယောက် ကျွန်ုပ်ထံ အမြန်ပို့ပေးစေလိုသည်။ လောလောဆယ်အားဖြင့် သင်တို့ ပေးမည်ဟု ကတိပြုထားသော လက်နက်ခဲယမ်း နှင့် ဆေးဝါးစစ်ပစ္စည်းများကို ကျွန်ုပ်တို့ ညွှန်ပြသည့် နေရာများသို့ အမြန်ဆုံး ချပေးစေလိုသည်။

လက်နက်ခဲယမ်းကို အမြန်ဆုံး လေထီးနှင့်ချပေးရမည့်တပ်များနှင့်ဒေသမှာ
(၁) ဗိုလ်ကြီးစိန်ဝင်း ခေါင်းဆောင်သော တပ်ရင်း ၆ ၊ မင်းတုန်းအရှေ့ဒေသ။
(၂) ဗိုလ်ကြီးစန်းယု ခေါင်းဆောင်သော တပ်ရင်း ၂ ၊ မင်းတုန်း ပတ်ဝန်းကျင်ဒေသ။
(၃) ဗိုလ်ကြီးမိုးညို ခေါင်းဆောင်သော စက်မှုလက်မှု တပ်ရင်း၊ မင်းဘူးဒေသ။
(၄) ဗိုလ်မင်းလွင် အုပ်ချုပ်သော တိုင်း ၇ ဌာနချုပ်၊ ကင်းတပ်ခွဲ
အမြန်အကြောင်းပြန်ပါ။ ဗိုလ်ချုပ်သည် သူ၏ကြေးနန်းအား အဆုံးသတ်လိုက်၏။
လေအသွေ့ကြောင့်….တဲအရှေ့ရှိ လက်ပံပင်ညီနောင်မှ လက်ပံပွင့်တို့က …. လေဟုန်စီး၏။ ဝေလည်း ရဲရဲ….။ ကြွေလည်း ရဲရဲ…..

“… ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ်၊ ဘဝသစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မိသည်
အနီထဲမှ ကြယ်ဖြူပွင့် … ”

(ဒဂုန်တာရာ၏ မတ်လတော်လှန်ရေးကဗျာမှ)

အညွှန်း။          ။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဆဋ္ဌမတွဲ)
မူရင်း။   http://www.mizzimaburmese.com/edop/songpa/5102--force----.html မှ ကူးယူဖော်ပြပါသည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ
၂၈။၃။၂၀၁၀

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ