စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Wednesday, March 21, 2012
အရှင်ဖျားများသို. တင်ပါသည်ဖျာ့
ဗုဒ္ဓသာသနာမှာ ညစ်နွမ်းခြင်းတွေမရှိဘူးဖျာ့... .ရှိခဲ့ရင်လဲ ဘုရားသားတော်တွေကပဲလုပ်တာပါဖျာ့ ..........မြတ်စွာဘုရားရှင်
ချမှတ်တော်မူခဲ့တဲ့ ၂၇၇ သွယ်သောသိက္ခာပုဒ်တို.ကို မိမိတို.လောကီ စိတ်အရ
နင်းချေတာတွေမြင်ရတော့ စိတ်ထဲအင်မတန် သောကဖြစ်မိပါတယ်ဖျာ့...၀ိနည်း ကိုမှ
မလိုက်နာ ဘုရားရှင်ရဲ.အဆုံးမကိုမေ. လောကီအရေးမှာ
ဒို.အရေးလုပ်နေရုံနဲ.သာသနာ့တာဝန်တွေကျေပါပြီလားဖျာ့....သင်အံလေ့ ကျက် ဟောကြားထွေထွေ ကျင့်ကြံအားထုတ် ဆိုတာတွေချောင်ထိုး ပရိယတ်ပရိပတ် နှစ်ဖြာသောအကျိုးကိုမလုပ်...... ..တင်ပါ့ ...... ကိုယ်ကျိုးတော့နည်းပါပေါ့ဘုရား. ..ကိုယ်ကျိုးတော့နည်းပါပေါ့.... ..
လောကီအတွက်အကျိုးပြုရမဲ့နည်းလမ်းတွေအများကြီး နဖူးစည်း စည်းဖို.လဲမလိုပါဘူးဖျာ့ ...
သာသနာမျက်နာကိုငဲ့ကွက် ပါးမှာစတစ်ကာကပ်ဖို.လဲ မလိုပါဘူးဖျာ့
သာသနာရောင်ညှိုးအောင် လောကီအလံထောင်ကာလဲ မသွားသင့်ပါဘူးဖျာ့
သာသနာ မျက်နာပျက် ဆိုင်ကယ်စီးထွက်တာကတော့ လွန်လွန်းပါတယ်ဖျာ့
လူလယ်ခေါင်မှာရပ် အနီရောင်တွေနဖူးပါတ်လို. လက်သီးထောင် အသံကြောင်နှင့် မာတုဂါမကို
ကြိုဆို...၀ိနည်းအတွက်ရင်နည်းနည်းလေးတောင်မဖိုဘူးလားဖျာ့
ကြိုတာ အော်တာ နဖူးစည်းတာ အပြစ်ပြောလိုခြင်းမဟုတ် သာသနာတော်ကိုငဲ့ကွက် စဉ်းစားတတ်စေချင်တာပါဖျာ့ .....
သာသနာတော်ရဲ.အရေခြုံ လက်နက်ကိုင်လောကီသားတွေကြားသွား ရောက်တွေ.ဆုံတာကလဲ အမြင်မှာမသင့်တော်လှပါဖျာ့ ....
ပြည်တွင်းမှာ သာသနာနွယ်ဝင် ပုထုဇဉ် ရဟန်း အဆန်းဆန်းတို. ထူးဆန်းထွေလာ လုပ်နေတာလဲ အမြင်မှာမတင့် ဘ၀င်မှာမချင့်ဖြစ်မိပါလေရဲ.ဖျာ့ ......
သာမာန် ကြိုဆို တရားဟောလိုရင်လဲ သူနေထိုင်ရာအိမ်ဂေဟာကိုအရောက်ကြွလှမ်း တရားဟောခန်းဖွင့်သင့်ပါတယ်ဖျာ့. ....
သာသနာ့အရေးကြိုတွေစိတ်ပူ တပည့်တော်လိုလူကို အမြင်မတူလို.ရန်သူလို.ထင်လိုကထင် ဖြေရှင်းမည်တော့မဟုတ်ပါဖျာ့ ......
မှန်ရာမှန်ကြောင်းနည်းလမ်းကောင်းနှင့်
လောကီအကျိုးလောကုတ္တရာအပါ ဒီနှစ်ဖြာကို သိက္ခာဝိနည်း ရှောင်ကျဉ်နည်းဖြင့်
လုပ်ဆောင်လှကြောင်း ထပ်လောင်းကာလျှောက်တင် ရင်း လက်ဆယ်ဖျာထိပ်မှာမိုး
ရှိခိုးလို.ဦးခိုက်လိုက်ပါတယ်ဘုရားးးးး
ဒီစာရေးသူ ကြံ.ဖွတ်လူလိုပြောဆိုလာက ဒေါမပွပဲ မေတ္တာရေစင် ပက်ဖျန်ချင်သည့်
သာသနာတော်အကျိုး ရုပ်မဆိုးလိုသူ တပည့်တော်လိုလူကား အတွေးရှင်းရှင်း
မောင်ဝေမင်းပါဖျာ့ ......
ဝေမင်း
Tuesday, March 20, 2012
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှပြန်လာသူများကိုထိုင်းရဲမှတားဆီးစစ်ဆေးခြင်းများရှိလာမည်
တားဆီးစစ်ဆေးသော ခူရပူရီရဲစခန်း ထိုင်းတောင်ပိုင်း ဖန်ငခရိုင်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သည် မိမိတို.ချွေးနဲစာလေးဖြင့် မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်လျှက်ရှိကြပြီး အများစုမှာ အလုပ်ရှင်အမည်မတူခြင်းနေရာဒေသမတူခြင်း တို.ကြောင့် အလုပ်ရှင်ဧ။်ကိုယ်စာလှယ်လွှဲစာကို မရရှိပဲ နီးစပ်ရာ စိတ်ချရသော ကိုယ်စာလှယ်ရုံးများတဆင့် ပြုလုပ်ကြရသည်။
ဖန်ငခရိုင် နှင့်ကဘီခရိုင်မှ အလုပ်သမား ၁၀ဦးနှင့် ကိုယ်စာလှယ်ထိုင်းလူမျိုးတစ်ဦးမြန်မာတစ်ဦး အပါအ၀င် ၁၂ ဦးတို.သည် ရနောင်းမြို.သို. ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး အပြန်ခရီးတွင် ခူရပုရီ မြို. ဈေးကြီးအနီး နယ်မြေခံရဲစခန်းမှ ဂိတ်ချကာ တာဆီးပြီးစစ်ဆေးခြင်းများကိုပြုလုပ်လျှက်ရှိသည်။
စစ်ဆေးသည်ဆိုသော်လည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော စာများ ကိုယ်ရေးအချက်အလက်များနှင့် ယာယီနိုင်ငံကူးလက်မှတ် များ အားစစ်ဆေးပြီးသည့်တိုင် ဆက်လက်သွားခွင့်မပြုပဲ အချိန်ကြာမြင့်စွာ ရဲစခန်းဝင်းအတွင်း အချိန်ကုန်စေသည်။
တားဆီးစစ်ဆေးခြင်းခံရသော မြန်မာအလုပ်သမားများ
အမှန်စင်စစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ စာများနှင့်ယာယီနိုင်ငံကူးလက်မှတ်တို.ကို ပြသနိုင်လျှင် ဆက်လက်ထွက်ခွာခွင့်ပေးရမည်ဖြစ်သည်။ သို.သော် ခူရပူရီရဲစခန်းမှာမူဆက်လက်ထွက်ခွာခွင့်မပြုခဲ့ပါ။
မြန်မာအလုပ်သမားအများစုမှာ သားသမီးကလေးငယ်များ ပါ လိုက်ပါခြင်းကြောင့် အချို.မှာ စိတ်ဒုက္ခရောက်လျှက်ရှိကြသည်။ ထိုသို.တားဆီးစစ်ဆေးပြီး ၃ နာရီခန်.အကြာမှ ပြန်လည်ကာထွက်ခွာခွင့်ပြုခဲ့သည်။
အတူလိုက်ပါလာသောကိုယ်စားလှယ်မှ ထိုစခန်းတွင် ဘတ်ငွေ ၂၀၀၀ ဘတ် ပေးခဲ့ရကြောင်းသိရှိရသည်။
မင်းလွမ်းနောင်(ပန်းတနော်)
ထိုင်းနိင်ငံ ရောက်မြန်မာအလုပ်သမားများအခြေနေ
kolynn ရဲ.ရင်ဖွင့်သံလေးပါ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ အလုပ်သမားတွေညည်းညူနေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာ တရက်ကို
လုပ်ခ200မှ250ထိရကြပေမဲ့ ကိုယ့်စားရိတ်ကိုစား ကိုယ်ဘာသာကိုယ်နေကြရပြီး
လခစားဆိုတာမရှိသလောက်ပါဘဲ။အလုပ်ခွင်မှာတော့ရေဘဲတိုက်ပါတယ်။ယာယီပတ်စ်ပို့စ်ကိုင်ဆောင်ထားတဲ့အလုပ်သမားတစ်ယောက်ကိုမေးကြည့်တော့
ဒီမှာအလုပ်လုပ်တာတစ်ရက်ကို 220ဘဲရတယ် ကိုယ့်စားရိတ်ကိုယ်စားပေါ့
ပတ်စ်ပို့လုပ်တာက10500ဘတ်လောက်ကျတယ်။လက်ရှိပတ်စ်ပို့လုပ်တာ 6500ပေါ့
အလုပ်သမားကဒ်တွေလုပ်တာ
မပါပါဘူး။တချို့ကလုပ်လို့ရပေမဲ့မလုပ်နိုင်ကြဘူး။ဒီမှာက တစ်လကို
1500လောက်ပိုတယ်ဆိုတာ တော်တော်ရှားတယ်။ပတ်စ်ပို့စ်ကုမ္မဏီတွေက ယူတာများတယ်
မြန်မာအာဏာပိုင်တွေကဈေးနူန်းညိနိုင်းပေးရင်ကောင်းမယ်။ကျနော်တို့မြန်မာတွေ
အရမ်းသနားဖို့ကောင်းတယ်။နောက်တစ်ယောက်ကတော့ အကိုရေပိုက်ဆံမပို့နိုင်ပေမဲ့ ဒီမှာနေရတာ ဘာကြေးညာကြေးမရှိဘူး မီးကင်းကြေးမရှိဘူး ပြည့်စုံတယ် လူနေမှုအဆင့်အတန်းမှီတယ်။ဗမာပြည်မှာလုပ်စားရတာထက်နေရေးစားရေး ပညာရေးအားလုံးအဆင်ပြေတော့မပြန်ဖြစ်တော့ဘူး။ပြန်ဖို့လဲမလွယ်ပါဘူး ပိုက်ဆံကိုနှစ်နဲ့ချီစုရဦးမယ်။အခုတက်မဲ့ဝန်ကြီးချူပ်အသစ်ကပြောတာတော့ ရွေ့ပြောင်းအလုပ်သမားတွေ အောက်ခြေတရက်ကို 300ဘတ်အနည်းဆုံးရမယ်လို့ပြောတာဘဲ။လွယ်တော့မလွယ်ပါဘူးဗျာ။ဒီယာယီပတ်စပို့စ်ဟာ7လပိုင်း1ရက်နေ့ကစပြီး သက်တမ်6းနှစ်ပေးတာပါ။ဒါကို ထိုင်းကုမ္မဏီတွေက ခြောက်နှစ်အတွက်ပိုက်ဆံပိုကောက်ဖို့ပြင်ဆင်နေကြပါတယ်။အာဏာပိုင်တွေက ဘယ်လိုလုပ်မလဲဆိုတာတော့စောင့်ကြည့်ချင်ပါသေးတယ်။တချို့ထိုင်းတွေဟာ မသိနားမလည်တဲ့မြန်မာတွေကို ပါးပါးနဲ့သွေးထွက်အောင်လှီးနေကြတယ်။အရင်ကဘာမှမရှိတဲ့ထိုင်းတွေဟာယာယီပတ်စ်ပို့စ်ပေါ်လာမှ တိုက်ဆောက်ကားစီးနေကြပါတယ်။မြန်မာအလုပ်သမားတွေကတော့ ကြိုထုတ်တဲ့ပိုက်ဆံကိုကျေအောင်မနည်းရုန်းကန်နေကြရပါတယ်။မြန်မာနိုင်ငံကြီးမြန်မြန်တိုးတက်ပြောင်းလဲပြီါ်မြန်မာပြည်သူပြည်သားတွေပြန်လာဖို့ဘဲ မျှော်လင့်ပါတယ်..............
ထိုင်းရောက်မြန်မာအလုပ်သမား သက်တမ်းတိုးရေးရုံးထပ်ဖွင့်
ဖေဖော်ဝါရီလ
၂၈ရက်နေ့ကစပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စမွန်ပကန်းနဲ့ စူရတ်ထာနီမြို့တွေမှာ
နိုင်ငံသားစီစစ်ရေး ရုံးတွေဖြစ်ပြီး အလုပ်သမားတွေ အတွက် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးဖို့
ထိုင်းဘက်က တောင်းဆိုထားတဲ့ အတိုင်း မြန်မာအလုပ် သမားဝန်ကြီးဌာနက ၀န်ထမ်းအယောက် ၄၀ ထိုင်းနိုင်ငံကို
ရောက်လာခဲ့ပြီဖြစ်တယ်။ အခုအချိန်အထိ တရားဝင်ရုံးဖွင့်ပြီး အကောင်အထည်ဖော်လုပ်ဆောင်ပေးဖို့
ထိုင်းဘက်က အဆင်သင့်မဖြစ်သေးဘူးလို့ ဘန်ကောက်မြန်မာ သံရုံးဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့
ပတ်သတ်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ်ခီးယန်းဖွန်က အခုလို
နှောင့်နှေးခဲ့ရတာကတော့ အလုပ်သမားတွေအတွက် မြန်မာအစိုးရက ထုတ်ပေးမယ့် ယာယီနိုင်ငံ ကူးလက်မှတ်ကို
ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက အသိအမှတ်ပြုတဲ့ စာထုတ်ဖို့ အချိန်ကြာမြင့်သွားတယ်။ အစိုးရရုံးလုပ်ငန်းအရ
ဒီလိုနှောင့်နှေးခဲ့ပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ ရုံးတွေတရား ၀င်ဖွင့်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး
နိုင်တော့မှာ ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောသွား တာ
ဖြစ်ပါတယ်။
အလုပ်သမားတွေအတွက်
နိုင်ငံကူးလက်မှတ်ကို အခုထုတ်ပေးထားတဲ့ အနီရောင်အစား ခရမ်းရောင် အဖြစ်ပြောင်းလဲ ထုတ်ပေးမှာဖြစ်တယ်။
ထိုင်းပြည်ဝင်ခွင့် ဗီဇာက ၂ နှစ်သက်တမ်းရှိပြီး ဗီဇာကြေး ကတော့ ဘတ် ၅၀၀ ဖြစ်ပါတယ်။
မြန်မာအလုပ်သမား
၇ သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီဖြစ်တယ်။ နောက်ထပ် ထုတ်ပေးဖို့
ကျန်သူ ၇ သိန်းကျော်ကို လာမယ့် ဇွန်လ ၁၄ ရက်နေ့အတွင်း ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်လိမ့်မယ်လို့
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းပြောပါတယ်။
Credit To.....BBC
Thursday, March 15, 2012
အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်
Photo: AFP
မြန်မာနိုင်ငံမှ
မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့်
အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။
(Photo: AFP)
ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။
RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
Wednesday, March 14, 2012
ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအားယာယီနိုင်ငံကူးလက်မှတ်အသစ်များထုတ်ပေးနေပြီ
ထိုင်းရောက်မြန်မာအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ်အသစ်များကို ထုတ်ပေးနေသည်မှာ ၇ ရက်ခန်.ရှိပြီဖြစ်ပြီး စာအုပ်အတွက်ကျသင့်ငွေကို ဆိုင်ရာ ပွဲစားများမှ ၅၀၀ ဘတ်နှုန်း တိုးမြင့်ကောက်ခံလျှက်ရှိကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်စာရွက် (ဘတ်)ဖြင့် နေခွင့်မရှိတော့ပဲ မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်နေရပြီး တစ်ဦးလျှင် ကုန်ကျမှု.မှာ နေရာဒေသအလိုက် အနည်းအများကွာခြားမှု.ရှိကြောင်းသိရသည်။
ယခုလက်ရှိထုတ်ပေးလျှက်ရှိသော ယာယီနိုင်ငံကူးလက်မှတ်(ပုံစံသစ်)
အတွင်းစာမျက်နာ
ယခု ထုတ်ပေးလျှက်ရှိသော စာအုပ်မှာ ရေစိုခံစာရွက်အမျိုးအစားဖြစ်ပြီး စာအုပ်မှာအရင်ကနဦးထုတ်ပေးထားသော စာအုပ်ထက်များစွာကောင်းမွန်သော်လည်း မြန်မာအလုပ်သမားများအတွက် စာအုပ်ပြုလုပ်မှု.ဈေးနှုန်းမှာ ကြီးမြင့်လျှက်ရှိကြောင်းသိရှိသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရုံနှင့်လဲမပြီးသေး အလုပ်လုပ်ခွင့်လက်မှတ်(၂ )နှစ်စာအားထပ်မံပြုလုပ်ရပြီး ကုန်ကျမှု.နှုန်းမှာ မိမိအလုပ်ရှင်ကိုယ်တိုင်လုပ်ပေးလျှင် ၂၂၀၀ ခန်. ပွဲစားဖြင့်ပြုလုပ်ပါက လူသက်သာသော်ဲငြားလည်း ၃၅၀၀ ခန်. ကုန်ကျလျှက်ရှိသည်။
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်လျှင်လဲ ၆၀၀၀/၅၀၀၀/၄၅၀၀ ဘတ် စသဖြင့် ခရီးအနီးအဝေး/ပွဲစားများ အလိုက် ဈေးနှုန်းကွာခြားမှု.ရှိသည်။
ယခုအခါတွင် စာအုပ်အသစ် ပြုလုပ်မှု.ကြောင့် ၅၀၀ ဘတ် တိုးမြင့် ကောက်ခံလျှက်ရှိခြင်းကြောင့် မြန်မာအလုပ်သမားများအနေနှင့် ငွေကြေးအခက်အခဲများ
နှင့်ကြုံတွေနေရပြီး စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများကဆိုသည်။
မင်းလွမ်းနောင်(ပန်းတနော်)
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်စာရွက် (ဘတ်)ဖြင့် နေခွင့်မရှိတော့ပဲ မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်နေရပြီး တစ်ဦးလျှင် ကုန်ကျမှု.မှာ နေရာဒေသအလိုက် အနည်းအများကွာခြားမှု.ရှိကြောင်းသိရသည်။
ယခုလက်ရှိထုတ်ပေးလျှက်ရှိသော ယာယီနိုင်ငံကူးလက်မှတ်(ပုံစံသစ်)
အတွင်းစာမျက်နာ
ယခု ထုတ်ပေးလျှက်ရှိသော စာအုပ်မှာ ရေစိုခံစာရွက်အမျိုးအစားဖြစ်ပြီး စာအုပ်မှာအရင်ကနဦးထုတ်ပေးထားသော စာအုပ်ထက်များစွာကောင်းမွန်သော်လည်း မြန်မာအလုပ်သမားများအတွက် စာအုပ်ပြုလုပ်မှု.ဈေးနှုန်းမှာ ကြီးမြင့်လျှက်ရှိကြောင်းသိရှိသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရုံနှင့်လဲမပြီးသေး အလုပ်လုပ်ခွင့်လက်မှတ်(၂ )နှစ်စာအားထပ်မံပြုလုပ်ရပြီး ကုန်ကျမှု.နှုန်းမှာ မိမိအလုပ်ရှင်ကိုယ်တိုင်လုပ်ပေးလျှင် ၂၂၀၀ ခန်. ပွဲစားဖြင့်ပြုလုပ်ပါက လူသက်သာသော်ဲငြားလည်း ၃၅၀၀ ခန်. ကုန်ကျလျှက်ရှိသည်။
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်လျှင်လဲ ၆၀၀၀/၅၀၀၀/၄၅၀၀ ဘတ် စသဖြင့် ခရီးအနီးအဝေး/ပွဲစားများ အလိုက် ဈေးနှုန်းကွာခြားမှု.ရှိသည်။
ယခုအခါတွင် စာအုပ်အသစ် ပြုလုပ်မှု.ကြောင့် ၅၀၀ ဘတ် တိုးမြင့် ကောက်ခံလျှက်ရှိခြင်းကြောင့် မြန်မာအလုပ်သမားများအနေနှင့် ငွေကြေးအခက်အခဲများ
နှင့်ကြုံတွေနေရပြီး စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများကဆိုသည်။
မင်းလွမ်းနောင်(ပန်းတနော်)
မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်
မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ
ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်
မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။
ထိုင်းယာဉ်မောင်းတဦးဖြစ်သည့် နိုင်စုံချိုင်းက “ကျနော်တို့ ယာဉ်လိုင်းက အစီးရေ ၆၀ နီးပါး ရှိတယ်။ ကားတစီး တနေ့ သုံးလေးခေါက်ရဖို့ မလွယ်ဘူး။ ဒီအနေအထားနဲ့ ရေရှည်ရပ်တည်ဖို့ ခက်တယ်။ မဲဆောက်ကို လာတဲ့ မြန်မာခရီးသည်တင်ကားက တနေ့ကို အစီးရေ ၁၀၀ အထက်မှာ ရှိတယ်။ မြန်မာကားတွေ စနစ်တကျ ပြေးဆွဲဖို့ ထိုင်းတာဝန်ရှိသူတွေကို တင်ပြထားတာရှိပေမယ့် ဒီနေ့အထိ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိသေးဘူး။ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်က မြန်မာကားတွေကို ဆန္ဒပြဖို့ အစီအစဉ်ကို လုပ်ရတော့မယ်” ဟု ပြောသည်။
ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ
Monday, February 20, 2012
ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်၍ ၀န်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်း
၂၀၁၂ခု ဖေဖေါ်ဝါရီလ (၁၃)ရက်
အမှတ်စဉ် ၁၀။ လော၊ မြန်မာ ၊ ကမ်ဖူးချား တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂
အလုပ်သမားရေးဝန်ကြီးဌာနတင်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ၂၀၊ ၁၊ ၂၅၅၅ ရက်နေ့ တွင်သဘောတူပြီးသော တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂ ကို ၀န်ကြီးများအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁/၂၅၅၅ မှ အောက်ပါအချက်များကိုအတည်ပြု လိုက်ပါသည်။
၁)-၁၉။ ၁။ ၂၀၀၉ ရက်နေတွင်ကျင်းပခဲ့သော ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ၂၈၊ ၂၊ ၂၀၁၂ နေ့ထိသက်တမ်းတိုးခွင့်ပြုခဲ့သော မြန်မာ၊ လော၊ ကမ်ပူးချားမှရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကိစ္စအား အမြန်ဆုံးအကောင်ထည်ဖေါ် ဆောင်ရွက်ရေးတွင် ၂၈၊ ၂၊ ၂၀၁၂ ရက်နေ့ အတွင်း ပြီးစီးစွာ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့မကျော်လွန်မီ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်တိုးပေး ရန်အောက်ပါအတိုင်းဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်၊
၁-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်းခေတ္တ နေထိုင်ခွင့်ပေး ထားခြင်းနှင့်ဆိုင်ရာအချက် ၁နှင့်ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှုလုပ်ဆောင်နေစဉ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ-၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချား အလုပ်သမားများအား နိုင်ငံသား စိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့် အားပြုသည့်ကြေညာ ချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂ (၃)အရနိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂ နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက် မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍ လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုသည်။
၁-၂) နိုင်ငံသားစိစစ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ်ထက်မကျော်သော ယာယီနေထိုင်ခွင့်အမျိုးအစား (Non-Immigrant-LA) ဗီဇာကိုထုတ်ပေးရမည်။ အလုပ်ရှင်များမိမိအလုပ်သမားများအား နိုင်ငံသားစိစစ်ရေးအဆင်ပြေချောမွေ့စွာသွားရောက်ပြုလုပ်ပြီးနောက် တရားဝင်ဂိတ်များလမ်းကြောင်းများမှ ၀င်ရောက်လာရာတွင်အဆင်ပြေချောမွေ့ရန်အတွက်
မဲဆောက်က မြန်မာလုပ်ငန်းများအတွက် သတိပြုရန် (ပေးစာ)
မဲဆောက်သားလေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂
မဲဆောက်မြို့
ဈေးကြီးအတွင်း ၁၆၊ ၂၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့်
ရဲများပူးပေါင်းအဖွဲများသည် အဖွဲ့လိုက်စုပြီး ဈေး
ကိုဝိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား လက်မှတ်မရှိသူ ၂၀၀
ကျော်ခန့်အဖမ်းအစီးခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးစဉ် လက်မှတ်ရှိပြီး ဈေး
ရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓာတ်ပုံဆိုင်များအထိ ရှိပါ တယ်။ ဒီဆိုင်တွေအားလုံးကို လာမယ့် မတ်လဆန်းတာနဲ့ စပြီး ပိုက်စိုက်တိုက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းတာ ၀န်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ်ဆွေဆိုင်များကို သတိပေးပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ) လိုင်စင်ရှိသော်လည်း မရကြောင်း မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့လုပ်ရမယ့် အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင် ထိုင်းနိုင်ငံသားတစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် ၀င်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ ရမည်ဖြစ်ပါသည်။ ထိုသို့ပေးဆောင်ရမည်ဆိုလျှင် ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀) ခန့်ရှိကြောင်းသိရသည်။ ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပတ်စ်ပို့ရှိရန်လည်းလိုအပ်ကြောင်းသိရသည်။ မတ်လအတွင်း လက်မှတ်မဲ့များ၊ မြန်မာပိုင်ဆိုင်များ၊ လုပ် ငန်းများကို တိတိကျကျကိုင်တွယ်ဖို့ လုပ်ဆောင်နေပါပြီလို့လည်း သိရပါတယ်။
မူရင်း -http://maesotnews007.blogspot.
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ၄ နှစ်သက်တမ်းပြည့် လို. နောက်ထပ် ၂ နှစ်တိုးရာမှာ ဘာတွေလိုအပ်သလဲ ဘယ်လ...
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...



