အနောက်တောင်တိုင်းစစ်ဌာချုပ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ.ရဲ. မဏ္ဍာန် မှာတော့ သရုပ်ပျက် အဆိုတော် တစ်ယောက်နဲ. ဖျော်ဖြေနေလေရဲ. ...အမှန် ဖြစ်သင့်တာက မြန်မာ့ယဉ်ကျေးမှု.ကို ဦးဆောင်ပြီးစံနမူပြရမှာ ခုတော့ ....သရုပ်ပျက် အ၀တ်အစားတွေနဲ. ကဲနေတာတွေကို စရဖ အနေနဲ. လစ်လျူရှု.ပြီး ကျင်းပနေတာကလဲ အမြင်မတော်ပါဘူး........နောက်ပြီး ဖြစ်သင့်တာက အနောက်တောင်တိုင်း ဆိုတာနဲ. စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ. ဆိုတာ အပေါ်မှာ ဖြစ်သင့်တယ်ထင်တယ်..ခုတော့ ဖာသားလန်. ကုမ္ပဏီက အပေါ်က စရဖ က အောက်က ဆိုတော့ အမြင်လဲမတင့်တယ်ဘူး....အဓိပ္ပါယ်တွေလဲ အမျိုးမျိုးကောက်လို.ရတယ်....ပြောချင်တာကတော့ မြန်မာ့ယဉ်ကျေးမှု. သင်္ကြန်ပွဲမှာ အားလုံးက သရုပ်ပျက်မှု.တွေကို မဖြစ်စေပဲ ထိမ်းသိမ်းနိုင်ပြီး မြန်မာ့ရိုးရာစစ်စစ် သင်္ကြန်လေးဖြစ်စေချင်ပါတယ်.......။
မင်းလွမ်းနောင်(ပန်းတနော်)
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Saturday, April 14, 2012
မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး
ည ၁၀နာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI
မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ
ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့်
ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး
ပြန်နေကြသည်။
ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး
ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ
လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင်
ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ
မသိရှိရသေးပေ။
ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂၇ ခုရှိသည်ဟု လည်းသိရှိရသည်။
မဖော်လည်း လှပါတယ် မမတို့ရယ်
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ)
ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ
သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှင်မိန်းကလေးများနှင့်တကွ
သာမန်အပြင်မှမိန်းကလေးအများစုအချို့၏
လက်လန်ရလောက်အောင်ဝတ်စားဆင်ယင်မှု.အပေါ်တွင် အမျိုးမျိုးသော
ထင်မြင်ချက်ပေးမှုများရှိခဲ့ပါသည်။ မတင့်တယ်သောကြောင့်
ဆန့်ကျင်ဘက်ယောင်္ကျားလေးအချို့မှ မကြိုက်နှစ်သက်ကြောင်း
ဝေဖန်မှု.များတွေ့ရသလို ကြည့်ကောင်းပါ၏ လို့မှတ်ချက်ပေးကြသူများလည်းရှိ၏။
ပုရိသများဘက်မှ အမြင်မတော်ပါဟု ပြောကြားသည်ကိုမြင်ရသည်မှာ အတော်လေးတော့
ဝမ်းသာရမည့်အကြောင်းတရားလေးလို့တော့
ယူဆသည်။ ယောင်္ကျားဆိုသည်မှာ မြင်ရင်ကြည့်မည်။ ကြညိ့သောသူမှာအပြစ်မရှိ ။ပြသောသူမှာသာ အရှက်ရရုံအပြင် ဘာအကျိုးမှမရှိ။ ယခုကဲ့သို့ အမြင်မတော်မှု.မျိုးကို ၀ိုင်းဝန်းဝေဖန်ခြင်းသည် မတရားသဖြင့် တစ်ဖက်သားကို ပြောဆိုနေခြင်းတော့ မဟုတ်ချေ။ မလုပ်သင့်၊မ၀တ်သင့်၊ မပြုသင့်သည်ကို လုပ်သောသူမှာသာလျှင် ဤအပြောအဆိုကို ခံရုံသာရှိသည်။ ယဉ်ကျေးမှုပျက်စီးနေသည်မှာ ယခုမှဖြစ်တာတော့မဟုတ်ပေ။ အတော်ကြာနေပေပြီ။ သို့သော် ဤအချိန်မှ သင်္ကြန်ရောက်မှသာ ၀တ်စားမှု.ဆိုးရွားခြင်းသည် ၀တ်ချင်နေသူများအတွက် အခွင့်ကောင်းဟုယူဆထားပုံရသည်။ ၀တ်ချင်သူများဝတ်သည်။ အမြင်မတော်လျှင် ပြောကြမည်။ ကြိုက်သူများကအားပေးမည်။ ဒါအားလုံးအတွက် ရနေသည့်အခွင့်အရေး။ သို့သော် ထိုပျက်စီးမှု.များကို ရှေးယခင်ကကဲ့သို့ ရှေ့ဆောင်လမ်းပြအနေဖြင့် လူသိများသော ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များမှ ၀တ်ဆင်ပြသင့်သည်ဟု status တစ်ခုတွင် ဖတ်လိုက်ရပါသည်။ တစ်ခုတော့ရှိပါသည်။ သူများလုပ်တိုင်းလိုက်မလုပ်သူတွေများလှသလို ကောင်းတာကိုအတုမခိုး၊ မကောင်းတာမှလိုက်တုချင်တာက ခပ်များများရယ်ပါ။ တစ်တိုင်းပြည်လုံးနီးပါး ချစ်ခင်လေးစားရပါသော ဒေါ်အောင်ဆန်းစုကြည် မည်သို့ဝတ်ဆင်သနည်း။ လိုက်ဝတ်ကြပါသလား အားလုံးသောမိန်းကလေးများ ? .....ဒီနေရာမှာ သူ့နေရာနှင့်သူ ၀တ်တတ်ဖို့လည်းလိုပါသည်။ ထမီ၊လုံချည်မှာ နေရာတိုင်းအတွက်တော့ ယခုခေတ်တွင် ၀တ်ဆင်ရအဆင်မပြေပါ။ သွားလာရအဆင်မပြေဖြစ်ပါသည်။သို့သော် ထမီရင်လျား ပုံစံထက်တောင် မြင်ရအကျည်းတန်သည့် ၀တ်စားမှုသည် မည်သည့်ခေါင်းဆောင်ကောင်း ရှေ့ဆောင်လမ်းပြကောင်းများက လမ်းညွှန်ပြခဲ့၍ ၀တ်ဆင်နေကြပါသနည်း။ မည်သူမပြုမိမိမှုသာ။ ရှိသမျှမိန်းကလေးများကို သူတို့တွေဒီလိုဝတ်နေတယ် ။လိုက်ဝတ်ကြလို့ပြောကြည့်ပါ ။တစ်ယောက်မှနားထောင်မည်မဟုတ်။ ကိုယ်လုပ်ချင်ရာသာလုပ်ကြပေလိမ့်မည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေကိုး။ ဒီလိုဝတ်ဆင်ခြင်းကို သဘာဝ ဟုထင်မြင်နေလျှင်တော့ ဒီထက်ပိုပျက်စီးကြရုံသာရှိမည်။ မသင့်တော်ဟု ၀ိုင်းဝန်းပြောဆိုနေကြချိန်တောင် ၀တ်နေကြလျှင် သဘာဝပါကွာ ရှေ့ဆောင်လမ်းပြ လုပ်ပြရမယ်၊ သူတို့တွေပြောင်းလဲဖို့ဟု ပြောနေသူတွေများလာလျှင်တော့ နောင်တစ်ချိန် ကျွန်မတို့ မျိုးဆက်များလက်ထက်တွင် သင်္ကြန်မှမဟုတ် ပုံမှန်အချိန်များတွင်တောင် ရေကူးဝတ်စုံနှင့် အပြင်ထွက်ကြပေတော့မည်။ တန်ဖိုးဆိုတာ စာအုပ်ထဲမှာပြန်ရှာ၊ အာပေါက်အောင်ရှင်းပြရင်တောင် လက်မခံတော့မယ့် သားသမီးများနှင့် နပန်းလုံးနေရပေတော့မည်။ ထို့ကြောင့် ရှေ့ဆောင်လမ်းပြတွေ၊ မော်ဒယ်လ်တွေကို အားကိုးနေလျှင်တော့ ဒီတစ်သက်လုံခြုံလာမည်မဟုတ်။ ရှက်စရာကိစ္စကို ပြုလုပ်သူများမှ အနည်းငယ်သာဖြစ်စေသိနိုင်ရန် ၀ိုင်းဝန်းပြောဆိုမှသာလျှင် တော်ပေလိမ့်မည်။ ဒီထဲကမှ ကြီုက်တယ် ဘာပြောပြောဝတ်တယ်ဆိုသူတွေလည်းရှိမည်သာ။ ၀တ်ကြပါစေပေါ့။ အနည်းဆုံးတော့ ကိုယ့်အစ်မ၊ညီမ၊ တူမ၊သားသမီးတွေဒီလိုမ၀တ်ရင်ပဲ ၊ ရှင်းပြလျှင်လက်ခံနိုင်ရင်ပဲ တော်ကာကျပါသေးသည်။အမြင်မတော်သည်ကို လက်မခံပဲ ပြောဆိုမှသာ လူနည်းစုကျန်ပေမည်။ အဓိကမှာဝတ်ပြသောမည်သည့်နိုင်ငံခြားမင်းသမီးများအပြစ်မဟုတ် ။ မစဉ်းစား မဆင်ခြင် အရှက်မဲ့သော ၀တ်ဆင်သူများအပြစ်သာဖြစ်သည်။ လူတိုင်းတွင် စဉ်းစားဆင်ခြင်နိုင်သော ဦးနှောက်တစ်လုံးစီပိုင်ဆိုင်ထားပါ၏။ ဤနေရာတွင်အသုံးချပါက အကျိုးရှိမည်သာဖြစ်သည်။ ပုရိသများဖြစ်ပါလျက် မသင့်တော်ဟုပြောသော မြင်သောသူများကိုလေးစားပါကြောင်း၊ ထိုသူများကြောင့်သာ ယဉ်ကျေးမှုပျက်စီးခြင်းဘေးမှ အနည်းငယ်သာဖြစ်စေ သက်သာရာရလိမ့်မည်ဖြစ်ပါကြောင်း မိန်းကလေးတစ်ချို့နှင့် လူမိုက်လုပ်ကာ ရေးသားလိုက်ရပါသည်။ ယောင်္ကျားတိုင်းသည် မိမိချစ်ခင်သော တန်ဖိုးထားသောမိန်းကလေးကို တန်ဖိုးရှိသလိုသာမြင်ချင်ကြသည်။ ဖော်မှကြိုက်တယ်ဟု အထင်မမှားစေလိုပါ။ မိမိ၏ အနေအထိုင်ကသာ မိမိတန်ဖိုးကိုပြပါသည်။ တန်ဖိုးမြင့်စေချင်ပါသည်။ ဆရာလုပ်တာမဟုတ်ပါ။ လုံခြုံပြီး လှပခေတ်မီ စတိုင်ကျရန် ၀တ်ဆင်၍ လူစိတ်ဝင်စားကာ မိမိချစ်သူ ချစ်ခင်မြတ်နိုးရန် နေထိုင်နိုင်ကြောင်း စေတနာဖြင့် ပြောပြလိုက်ပါသည်။
(status တင်ရန်သာရည်ရွယ်ရေးရာမှ ပြောချင်တာများပြီး နုတ်စ်ဖြစ်သွားပါတယ် ။ နားလည်ခံစားပေးနိုင်ရန်မျှော်လင့်မိပါတယ်..)
မေ၀င်းလဲ့ရီ

Friday, April 13, 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ
ဗြိတိန်ဝန်ကြီးချုပ်
မစ္စတာ ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာပြီး နေ့လည် ၁၂
နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည် ၊ ညနေပိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ
သူမ၏နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲ
ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည် ။
မစ္စတာဒေးဗစ်ကင်မရွန်း၏
ယခု မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သော
ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည် ။
ဆူနာမီ သတိပေးချက် မြန်မာအလုပ်သမားများကို ရိုက်ခတ်
လက်မှတ် သက်တမ်းတိုးမြှင့်ရန် ရောက်ရှိနေသည့် ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ အခက်အခဲ ဒုက္ခ ဖြစ်ကြရကြောင်း သတင်းရရှိသည်။
ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးတွင် မြန်မာအလုပ်သမားများက နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခြင်း လုပ်ကိုင်နေစဉ် ဖြစ်သည်ဟု ရနောင်းဒေသခံများက ပြောသည်။
“ဆူနာမီ သတိပေးချက်ကြေညာလိုက်တော့ အဲဒီရုံးမှာရှိတဲ့ ထိုင်း-မြန်မာ အစိုးရ ဝန်ထမ်းတွေက ဆက်လုပ်မပေးတော့ဘဲ ရုံးပိတ်ပြီးပြေးသွားတယ်။ အလုပ်သမားတွေက ဘယ်သွားလို့ ဘာလုပ်ရမလဲ မသိဘူး။ ရေတက်လာမယ်ဆိုတော့ သူတို့လဲ မြို့ထဲလမ်း တွေမှာ ခြေဦးတည့်ရာသွားကြတာပဲ”ဟု ရနောင်း မြို့တွင်နေထိုင်သူ ကိုထိုက်ထိုက် က ဧရာဝတီသို့ပြောသည်။
သက်တမ်းတိုးရန်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်း အနယ်နယ်အရပ်ရပ်၌ ပန်းရံ၊ စားသောက် ဆိုင်၊ အိမ်အကူလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးမြှင့်ကြခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။
အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးရေးရုံးတွင် ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများနှင့် မြန်မာအစိုးရ ပြည် ထဲရေးဌာန လက်အောက်ဝန်ထမ်းများ က တာဝန်ယူလုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ချိန်တွင် ရုံးပိတ် ကာ ပြန်သွားကြသဖြင့် အလုပ်သမားအများစုက သက်တမ်းတိုးမြှင့်ခြင်းရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်ကို မသိရှိဘဲ ဖြစ်နေ သည်။
“ဒီကိုတကူးတက လာရတာ။ စာအုပ် နေထိုင်ခွင့်သက်တမ်းက မနက်ဖြန်ဆိုကုန်ပြီ ဘာဆက်လုပ်ရမယ်ဆိုတာလဲ မသိဘူး။ ဒီည လည်း ဘယ်မှာတည်းခိုရမလဲ မသိဘူး။ ထိုင်းရောမြန်မာအစိုးရရောက သူတို့ပဲ လွတ်အောင်ပြေးသွားတာ အခုဘာဆက်လုပ် ရ မလဲမသိဘူး၊ လမ်းဘေးမှာပဲ ထိုင်စောင့်ရတော့မယ်”ဟု အလုပ်သမ တဦးက ပြောသည်။
အလုပ်သမားတချို့က ဆူနာမီသတိပေးချက်ကြောင့် စိုးရိမ်စိတ်ဖြင့် စာအုပ်သက်တမ်းတိုးမြှင့်ခြင်းမပြုတော့ဘဲ လာရင်းနေရပ်များသို့ ပြန်သွားခဲ့ကြပြီးအများစုမှာ ရနောင်းမြို့ပေါ်လမ်းမကြီးများဘေးနှင့် နားခိုနိုင်မည့်နေရာများကိုရှာဖွေနေကြောင်း မြို့ခံများကပြော သည်။
“မြို့ထဲလမ်းမကြီးပေါ်မှာ မြန်မာတွေချည်းပဲ လမ်းလျှောက်သွားနေကြတာ၊ တချို့ကလည်း ကလေးတွဲလောင်းနဲ့ ပြေးလွှား ကြရင်းနဲ့ ယာဉ်တိုက်မှုတွေပါဖြစ်ကုန်တယ်လေ။ ဒီအချိန်က အစိုးရတွေကလည်း ဘာအာမခံချက်မှမရှိဘူး”ဟု ကိုထိုက်ထိုက် က ပြောသည်။
မြို့ခံထိုင်းလူမျိုးများက အသင့်အနေအထားဖြင့် ထိုင်းအစိုးရက ထပ်မံ ထုတ်လွှင့်မည့် ဆူနာမီသတိပေးချက် အခြေအနေများကို သတိဖြင့် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ ဆူနာမီစောင့်ကြည့်ရေးဌာနများ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း မရှိတော့ဟု သိရသည်။
ဆူနာမီစောင့်ကြည့်ရေး ဗဟိုဌာနများ၏ ယနေ့ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြား ကျွန်း၏ အနောက်တောင်ဘက် ၂၆၈ မိုင်အကွာ ပင်လယ်အောက် မြေပြင်တွင် အင်အား ရစ်ခ်ျစ်တာစကေး ၈.၉ ရှိ အင်အားပြင်း ရေအောက်ငလျင် လှုပ်ခတ်ခဲ့ကြောင်းကြေညာအပြီး ထိုင်း-မြန်မာ ကမ်းရိုးတန်းဒေသများကို
Wednesday, April 11, 2012
ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ် ပြည်ပမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနှင့် ဒီပဲယင်း အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုမရှိကြောင်း တာဝန်ရှိသူများက ရှင်းလင်းခဲ့
http://lovelyarakanese.blogspot.com/ ဘလောဂ်မှ
ဘန်ကောက်ပို့စ် သတင်းစာတွင် ယခုလဆန်းပိုင်းက ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် အင်တာဗျူးနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲသည်။
ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဦးခင်ညွှန့်၏ မီဒီယာတွေ့ဆုံမှုများကို အဓိကစီစဉ်ပေးသူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်တို့က ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်အနေဖြင့် ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှုမရှိခဲ့ကြောင်း နှင့် ဒီပဲယင်း အရေးကိစ္စနှင့် ပတ်သက်ပြီး ပြောကြားမှုမရှိခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ရဲမှူးကြီးဝင်းနိုင်ထွန်းက ''၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ဗန်ကောက်ပို့စ်မှာ အင်တာဗျူးတဲ့ သတင်းက အခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတယ်။ အဲဒီထဲမှာ Highlight လုပ်ပြီး ထွက်ပေါ်လာတဲ့ သတင်းအချို့ကတော့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒီပဲယင်း
ထိုင်း တီဗီ 7 နှင့် ထိုင်းလေကြောင်းမှ တာဝန်ရှိသူတစ်ဦးနှင့် တိုက်ရိုက် အင်တာဗျူး
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ၄ နှစ်သက်တမ်းပြည့် လို. နောက်ထပ် ၂ နှစ်တိုးရာမှာ ဘာတွေလိုအပ်သလဲ ဘယ်လ...
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...