စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Saturday, January 5, 2013
Thursday, January 3, 2013
မြ၀တီကုန်သွယ်ရေးဇုန်မှ ဒေါ်တိကျ
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ
စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်သွယ်မှုမြှင့် တင်ရေးအတွက် တရားမ၀င်ကုန်သွယ်မှုများ
လျော့နည်းပပျောက်ရေးအတွက် စီမံချက်ချမှတ် အားသွန်ခွန်စိုက် အကောင်အထည်ဖေါ်ဆောင်ရွက်နေချိန်တွင်
မြ၀တီကုန်သွယ်ရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ သည် တရားမ၀င်ကုန်သွယ်မှုပြုနေသည့်
ကုန်သည်များအား ကုန်သွယ်မှုလမ်းကြောင်းအမှန်ပေါ်သို့ တက်ရောက် စေရေးအတွက် လိုအပ်သောလုပ်ထုံးလုပ်နည်းစနစ်များအား အသိပညာပေးခြင်း၊ အခက်အခဲများအား ကူညီပံ့ပိုး ဖြေရှင်းကာ
အားတက်သရော ကူညီဆောင်ရွက်ပေးလျှက် ရှိပါသည်။
သို့ရာတွင်
လက်ရှိတာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအနက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာရီသိန်းသည်
ကုန်သွယ်မှုလမ်းကြောင်းအမှန်ပေါ် တက်ရောက်ရန်ကြိုးစားလာသည့် လုပ်ထုံးလုပ်နည်း နားမလည်သည့်
ကုန်သည်များအပေါ် သူသည် အတိအကျအလုပ်လုပ်နေကြောင်း၊ လူကြီးနှင့် ပေါင်းလို့ရတိုင်း သူ့အပေါ်
လာကြော၍ ရမည်မထင်စေချင်ကြောင်း ဟိန်းဟောက်ခြိမ်းခြောက်ကာ လက်ဆောင်
လာဘ်မထိုးသည့် ကုန်သည်များနှင့် ကုမ္ပဏီအေးဂျင့်များအပေါ် လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်ရာတွင် အချိန်ဆွဲခြင်း၊ သူ၏လုပ်ပိုင်ခွင့်
ထက်ကျော်လွန်စွာ ပညာပြခြင်းများ ပြုလုပ်နေပါသည်။
( ၂.၁.၁၃ )ရက်နေ့ နေ့လည်ပိုင်းတွင်
သွင်းကုန်လိုင်စင်လျှောက်ထားမည့် ကုမ္ပဏီတစ်ခုမှ အေးဂျင့်သည် ရုံးဝင်စာတင်ခြင်း၊ သွင်းကုန်တင်သွင်းရန်
ပို့ကုန်တန်ဖိုးပြည့်စုံလုံလောက်မှုရှိမရှိ စစ်ဆေးမှုခံယူခြင်း၊ ဦးစီးအရာရှိ၏ လိုအပ်သောစစ်ဆေးစီစစ်မှုများခံယူပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာရီသိန်းထံ
လုပ်ငန်း အဆင့် ရောက်ရှိဆောင်ရွက်ရာတွင် တင်သွင်းမည့်ကုန်ပစ္စည်းအပေါ် အကောက်ခွန်ဌာနမှ
စစ်ဆေးသတ်မှတ် ရမည့် Customs HS Code အား မှန်ကန်ရဲ့လား၊ ခဏစောင့်ဦး၊ Customs HS
Code အား ပြန်လည်တိုက်ဆိုင် စစ်ဆေးရမည်ဟုဆိုကာ ၃လက္မခန့်အထူ Customs HS Code စာအုပ်ဖြင့်
တိုက်ဆိုင်စစ်ဆေးသင့်သော်လည်း သူမထံတွင်မရှိသည့် Customs HS Code စာအုပ်အစား စာရွက်စာတမ်း
လှန်လှောရှာဖွေသယောင်ပြုကာ အချိန်ဆွဲခြင်း၊ သွင်းကုန်လိုင်စင်ထုတ်ယူရေးအတွက် သတ်မှတ်ငွေပေးဆောင်ရန်
ဘဏ်ပိတ်ချိန်နီးကပ်နေသဖြင့် အလျင်လိုနေသော အေးဂျင့်အပေါ် မလိုအပ်ဘဲ ခုမှလာလောမနေနဲ့၊
အလျင်လိုလျှင် စောစောစီးစီးလုပ်ကြပါလား၊ သူ့တာဝန်အရ စစ်ဆေးပြီး ပြည့်စုံမှရမှာပေါ့၊
အချိန်မမှီလျှင် မနက်မှဆောင်ကြ၊ ငါကနင့်ကုန်ပစ္စည်းတောင် ဘာမှန်းမစစ်ရသေးဘူး လောဘို့တော့တတ်တယ်ဟု
ပြောကာ နောက်မှရောက်လာသည့် လူကြီးနှင့် မျက်မှန်းတမ်း ရင်းနှီးသည့် ကုန်သည်တစ်ယောက်၏ ငွေသွင်းချလံအား ကျော်ပြီးလက်မှတ်ရေးထိုးပေးလိုက်ပါသည်။ နားဝင်ပီယံ
မရှိသည့် အရေမရအဖတ်မရစကားဆိုကာ လုပ်ငန်းနှောင့်နှေးကြန့်ကြာအောင် တမင်အချိန်ဆွဲခြင်းများပြုလုပ်ပါသည်။
သူမ၏ ရုံးခန်း အတွင်းရှိဝန်ထမ်းများသည် အလုပ်လုပ်ရမပျော်ကြောင်း၊
သတ်မှတ်တာဝန်ထမ်းဆောင်ကာလ ပြည့်လျှင် မြန်မြန် ပြန်ချင်ကြောင်း ငြီးတွားရသည်အထိ ဖြစ်ပျက်နေပါသည်။
သူမ၏ အထက်အရာရှိများထံ
အခက်အခဲအားတင်ပြလျှင် ချက်ခြင်းဖြေရှင်းပေးပါသည်။ သို့သော် သူမဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်အတွက်
အထက်အရာရှိမှ သူမအားခေါ်ယူကာ ချက်ခြင်းဆောင်ရွက်ပေးရန် ညွှန်ကြားလျှင် ဆူဆူအောင့်အောင့်နှင့်
လုပ်ငန်းဆောင်ရွက်ပေးပါသည်။
သူမသည် မြ၀တီကုန်သွယ်ရေးဇုန်တွင်
နှစ်ကာလကြာမြင့်စွာကတည်းက တာဝန်ထမ်းဆောင်ခဲ့ ဘူးသူ ဖြစ်ပြီး မည်သည့်ကုန်သည်ထံမှ မည်သို့သော
လာဘ်လာဘ ရယူရမည်ကို ကျွမ်းဝင်စွာ သိရှိထားသူလည်း ဖြစ်ပါသည်။
နိုင်ငံတော်မှ ပြောင်းလဲကျင့်သုံးနေသော
မူဝါဒ လမ်းညွှန်ချက်များအား အကောင်အထည်ဖေါ်ရန် အနှောက်အယှက်ပေးနေသည့် ၀န်ထမ်းဆိုးများအား
ထိရောက်စွာ အရေးယူသင့်ကြောင်း အများအကျိုးမျှော် တင်ပြ လိုက်ရပါသည်။
ကောင်းစေသူ
Wednesday, January 2, 2013
တရားဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ မူဝါဒနှင့် ဥပဒေ ကွဲလွဲမှုကြောင့် နစ်နာမှုများ
နိုင်ငံတော်မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက်
တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် မူဝါဒချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိနေချိန်တွင် ( ၃၀.၁၂.၁၂ ) ရက်နေ့က မြ၀တီကုန်သွယ်ရေးဇုန်၌ ကျင်းပသည့်
ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားဝင် ကုန်သွယ်မှုပြုလုပ်ရေး အလုပ်ရုံဆွေးနွေးပွဲတင်ပြချက်များအရ
အောက်ခြေအဆင့်ဝန်ထမ်းများ၏ လုပ်ဆောင်ချက်
များသည် တရားဝင်ကုန်သွယ်မှုပြုနေသော ကုန်သည်များအတွက် နစ်နာမှုများဖြစ်ပေါ်နေရကြောင်းသုံးသပ်တင်ပြ
လိုက်ပါသည်။
နိုင်ငံတော်၏ချမှတ်ထားသော ကုန်သွယ်မှုလုပ်နည်းစနစ်အရ မြ၀တီကုန်သွယ်ရေးဇုန်မှတဆင့်
တရားဝင်ကုန်သွယ်မှုပြုသည့် ကုန်သည်အနေဖြင့် သတ်မှတ်ညွှန်ကြားချက်အရ ကျပ်ငွေဖြင့် အခွန်ငွေအကြေ
ပေးဆောင်ကာ တရားဝင်ယာဉ်စစ်ဆေးမှုခံယူပြီး မြ၀တီမှ ရန်ကုန်သို့ ထွက်ခွါလာသည့် စက်သုံးဆီတင်
မော်တော် ယာဉ် ( ၂ ) စီးသည် ( ၂၂.၁၂.၁၂ ) ရက်နေ့တွင် ညောင်ခါးရှည်ရှိ Mobile Team ၏ စစ်ဆေးမှုခံယူပြီး ခရီး ဆက်လက်ထွက်ခွါရာ ဝေါမြို့ ရထားလမ်းကူးနေရာအရောက်တွင်
တင်ပြပါ Mobile Team မှ ကားဖြင့်လိုက်လာပြီး ကျပ်လိုင်စင်ဖြင့်သွားမရကြောင်း ပြောဆိုတားဆီးခြင်းခံရပါသည်။
ကုန်သည်များအနေဖြင့်
သတ်မှတ်ညွှန်ကြားချက်အား ကျော်လွန်၍ ကျပ်ငွေ သို့မဟုတ် နိုင်ငံခြား
ငွေဖြင့် မိမိသဘောဆန္ဒအလျောက် အခွန်ပေးဆောင်ချင်တိုင်း ပေးဆောင်၍မရပါ။
မြ၀တီကုန်သွယ်ရေးဇုန်မှ သတ်မှတ်သည့် နည်းလမ်းဖြင့်သာ အခွန်ပေးဆောင်ရပါသည်။ သို့ပါသော်လည်း
စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတစ်ခုတည်းတွင်ပင် မြ၀တီကုန်သွယ်ရေးဇုန်မှ ကျပ်ငွေဖြင့်အခွန်ပေးဆောင်ခွင့်ပြုသော်လည်း
Mobile Team တွင် ကျပ်ငွေဖြင့် အခွန်ဆောင်ခြင်းကြောင့် ခွင့်မပြု နိုင်ကြောင်းတားဆီးခြင်းသည်
နားလည်ရခက်ခဲသည့် ဌာနတွင်း ၀ိဝါဒကွဲလွဲမှုဖြစ်နေသဖြင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းအမှန်ပေါ်သို့
တက်ရောက်ရန်ကြိုးစားနေသည့် ကုန်သည်များအတွက် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၏ အမျိုးမျိုးသော ကွဲပြားခြားနားသည့် ညွန်ကြားချက်များအပေါ် ယုံကြည်စိတ်ချစွာ
တရားဝင်ကုန်သွယ်မှုပြုနိုင်ရေး အတွက် အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေပါသည်။
ကုန်သည်များအနေဖြင့်
မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုပြုကြခြင်းအတူတူ အရပ်ဒေသကိုလိုက်ကာ မူဝါဒအမျိုးမျိုးကွဲပြားနေမှုအဖြစ်
Sea Trade တွင်မပေးဆောင်ရသည့် ပြည်တွင်းအခွန် ၁.၅ ရာခိုင်နှုန်းအား မြ၀တီ ကုန်သွယ်ရေးဇုန်မှ
သွင်းကုန်လုပ်ငန်းဆောင်ရွက်ရာတွင် ကြိုတင်ပေးဆောင်ကြရပါသည်။
မြ၀တီကုန်သွယ်ရေးဇုန်မှ
သတ်မှတ်အခွန်ထမ်းဆောင်ပြီး တရာဝင်ယာဉ်အစစ်ဆေးခံကာ ခရီး ဆက်လာသည့် ကုန်တင်ယာဉ်များအား
ဒေါနတောင်ခြေ (မြ၀တီဘက်အခြမ်း) ရှိ တံတားကျိုးဂိတ်တွင် အကြောင်းမရှိအကြောင်းရှာ စစ်ဆေးခြင်း၊
အခကြေး ( တောင်းသမျှ ) ငွေပေးဆောင်ပြီးမှ ယာဉ်ဖြတ်သန်း ခွင့်ပြုခြင်းများ ပြုလုပ်နေသောကြောင့်
အခွန်ထမ်းကုန်သည်များအပေါ် အခွန်ပေါ်အတုပ်ဆင့်နေခြင်းနှင့် တိုင်းပြည်နယ်မြေအေးချမ်း
သာယာနေပြီဖြစ်သောကြောင့် ၄င်းဂိတ်အား ရုပ်သိမ်းပေးပါရန် ( ၁၇.၁၁.၁၂ ) ရက်နေ့တွင် မြ၀တီကုန်သွယ်ရေးဇုန်၌ ကျင်းပသည့် Mobile Team စစ်ဆေးမည့်လုပ်ငန်းစဉ် ရှင်းလင်းသည့် အစည်းအဝေးကျင်းပစဉ်
သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များထံ ကုန်သည်အများမှ တင်ပြခဲ့သော်လည်း ယခုအချိန်အထိ ရုပ်သိမ်းပေးခြင်းမရှိသေးသဖြင့်
တရားဝင် ကုန်သည်များသည် အခွန်ပေါ် အခွန် ဆင့်ပြီးရင်းဆင့်ကာ အပိုငွေကြေးပေးဆောင်နေကြရပါသည်
။
ကုန်သည်များ အနေဖြင့် တိုင်းပြည်နယ်မြေ
အေးချမ်းသာယာနေပါလျှက်နှင့် အလားတူ ကော့ကရိတ်မြို့ ၀င်ဂိတ်သည် ည ( ၆ ) နာရီမှ နံနက်
( ၆ ) နာရီအထိလည်းကောင်း၊ ဂျိုင်းတံတားဂိတ်သည် ည ( ၈ ) နာရီ မှ နံနက် ( ၆ ) နာရီအထိလည်းကောင်း ဖားအံ သံလွင်တံတားဂိတ်သည်
ည ( ၁၀ ) နာရီခွဲမှ နံနက်( ၃ ) နာရီ အထိ လည်းကောင်း ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု
မှန်ကန် မြန်ဆန် လွယ်ကူချောမွေ့စေရေးအတွက် အဟန့်အတား တစ်ရပ်ဖြစ်နေပါသည်။
ကုန်တင်ယာဉ်များအတွက်
တံတားကြေးအနေဖြင့် ဖားအံသံလွင်တံတားသည် သင့်လျော်သော နှုန်းထားဖြင့်ကောက်ခံသော်လည်း
မြ၀တီကုန်သွယ်ရေးဇုန်မှ ထွက်ခွါပြီးနောက် သင်္ကန်းညီနောင်ရှိ ထိုင်းနိုင်ငံမှ ဆောက်လုပ်ပေးထားသည့်
သင်္ကန်းညီနောင်တံတားကြေး၊ လမ်းမပြုပြင်ဘဲ မတရားကောက်ခံနေသည့်လမ်းကြေး၊ ကိုယ်ပိုင်ခြံဝင်းအတွင်း
အိပ်စက်ရပ်နားသော်လည်း ဓါးပြတိုက်သကဲ့သို့တောင်းခံသည့် ညအိပ်ခွန်၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးတာဝန်
ထမ်းဆောင်ခြင်းမရှိသော်လည်း မထသကြေးကောက်ခံခြင်း၊ ကော့ကရိတ်ဂိတ် စစ်ဆေးရေး တာဝန်ရှိသူများမှအပ
ဓါးပြတိုက်သကဲ့သို့ စိတ်ထင်သလို ငွေကြေးကောက်ခံနေသည့် ကတ္တား၊ နယ်မြေအေးချမ်းနေသော်လည်း
ကုန်တင်ယာဉ်တိုင်းသူခိုးထင် နှစ်ထပ်မောင်းတံခါးဆင်ကာ ငွေကြေးရယူလိုသည့် ဂျိုင်းတံတား
တပ်မတော်သားများရဲ့ ဖွင့်ချင်သလို မဖွင့်ချင်သလို မောင်းတက်ဂိတ်များသည် နိုင်ငံတော်မှကြိုဆိုသည့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရောက်ရှိလာရေး
ရည်မှန်းချက်အား ကြီးစွာသော အနှောက်အယှက်ဖြစ်နေ ရပါသည်။
တရားဝင်ကုန်သွယ်မှုဖြစ်စေရန်
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကြပ်မတ်စစ်ဆေးလျှက် သတ်မှတ် ကုန်တင်ဆောင်လာသည့် မော်တော်ယာဉ်များအား
Mobile Team မှ ထပ်ဆင့်စစ်ဆေးဆောင်ရွက်ပြီးပါလျှက်နှင့် အင်းတကော်အဖွဲ့စုံဂိတ်မှ မော်တော်ယာဉ်များမှ
အခကြေးငွေတောင်းခံနေသည်မှာလည်း တရားဝင်ကုန်သွယ်သူများ အနေဖြင့် အခွန်၊ အတုပ် နှင့်
အကောက်ကြေးမျိုးစုံ ပေးဆောင်နေရသည်မှာ တရားမျှတမှုမရှိပါ။
မိမိကြိုးပမ်းရှာဖွေ ထားသည့် အကျိုးစီးပွားထဲမှ မည်သူမျှ အလကားမပေးချင်ပါ။
သို့သော် အခွင့်အာဏာ အမျိုးမျိုးသုံး တောင်းသည့်ငွေအား မပေးလျှင် ခရီးကြန့်ကြာအောင်
ပညာပြခြင်းများသည် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်ကိုက်ညီမှုမရှိလင့်ကစား
ကုန်သည်များမှ အမှန်တကယ်ပေးဆောင်နေရပါသည်။
ယင်းကဲ့သို့သော မသမာမှု ဖြစ်စဉ်များအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးနိုင်ပါရန်
ကုန်သည်များ ကိုယ်စား အကူအညီတောင်းခံတင်ပြအပ်ပါသည်။
အောင်နေကြည်အောင်
Saturday, November 24, 2012
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည်
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၃/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ဝ ရက်
(၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်)
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အစည်းအဝေးများ ကျင်းပ၍ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ (၁၂) ကြိမ်မြောက် မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံဘက်မှ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်မည် ဖြစ်ပါသည်။
၃။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီး၏ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် ဆွေးနွေး သဘောတူခဲ့ကြသော အချက်များ၊ ယခင် နှစ်နိုင်ငံ အစည်း အဝေးများတွင် သဘောတူထားခဲ့သည့် အချက်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဓိကထား ဆွေးနွေးသွားမည် ဖြစ်ပါသည်။
၎။ ထိုင်းနိုင်ငံဘက်မှ ဒီဇင်ဘာလ ၁၄ ရက်တွင် မြန်မာ အလုပ်သမားများအား ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်အား သက်တမ်းကုန်ဆုံးမည့် အကြောင်းနှင့် (Nationality Verification) နိုင်ငံသား စိစစ်ခြင်း စသည့် အချက်(၂) ချက်နှင့်ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပြု ထားသော်လည်း မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်၌ ပြောကြားခဲ့သော အချက်များနှင့် အလုပ်သမား၏ သားသမီးများနှင့် မှီခိုသူများအား အထောက်အထား ထုတ်ပေးနိုင်ရေး၊ မြန်မာ အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေး၊ MoU ဖြင့် မြန်မာ အလုပ်သမား အသစ်များ စေလွှတ်ရာတွင် ပိုမိုပြည့်စုံမှု ရရှိစေရေး၊ အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအား ဖမ်းဆီး ပြန်ပို့ခြင်း စသည့် ကိစ္စရပ်များကိုပါ ဖြည့်စွက် ဆွေးနွေးသွားမည် ဖြစ်ပါသည်။
၅။ ထို့ပြင် မိသားစုလွှဲပို့ငွေများအား ဘဏ်များမှ အရှိန်မြှင့် ဆောင်ရွက်သွားနိုင်ရေး၊ အလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားနိုင်ရေး၊ ရာသီအလိုက် သွားရောက် လုပ်ကိုင်နေသော မြန်မာ အလုပ်သမားများအား အထောက်အထားများ ထုတ်ပေးနိုင်ရေး၊ ငါးဖမ်းသင်္ဘောများပေါ်၌ မတရား စေခိုင်းစေခြင်း၊ ဖိနှိပ်ခြင်း ခံနေရသော မြန်မာ အလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေး၊ ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသော မြန်မာ အလုပ်သမား များအား ပြစ်ဒဏ် လျှော့ပေါ့ရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုရေး၊ ၂ဝဝ၃ ခုနှစ်တွင် ချုပ်ဆိုခဲ့သော MoU အား ပြန်လည် သုံးသပ်ရန်နှင့် သင့်လျော်သော အချိန်တွင် ပြင်ဆင်ရန် စသည့် အချက်များအား အထွေထွေ ဆွေးနွေးချက်များ အဖြစ် ဆွေးနွေးသွားမည် ဖြစ်ပါသည်။
၆။ ထိုင်းနိုင်ငံ အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်း တွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ များမှ အထောက် အထား မရှိသော အလုပ်သမားများအား ဆက်လက် လက်မခံလိုတော့သည့် သဘောထားကို မီဒီယာများတွင် ဖော်ပြ ထားသည်ဟု ကြားသိနေရပါသည်။
၇။ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) သန်းကျော်ခန့် ထိုင်းနိုင်ငံတွင် ဝင်ရောက် အလုပ်လုပ်ကိုင်လျက် ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းအတွင်း ခန့်မှန်းပြောဆို ရေးသားချက်အရ သိရှိရပြီး မှတ်ပုံတင်ပြီး ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရန် ကျန်ရှိနေသေးသော အလုပ်သမား (၃) သိန်းခန့်နှင့် မှတ်ပုံတင်ရန် အလုပ်သမား (၁)သန်း ခန့် ကျန်ရှိနေမည်ဟု ခန့်မှန်းရပါသည်။
၈။ နိုင်ငံတကာ၏ လုပ်ထုံးလုပ်နည်းများအရ မြန်မာ အလုပ်သမားများအား အထောက်အထား ရရှိစေရေး အတွက် ဆောင်ရွက်ပေးနေသော နှစ်နိုင်ငံ အစိုးရ၏ ကြိုးပမ်း အားထုတ်မှု များကို နိုင်ငံတကာမှ ချီးကျူးနေသော အချိန် ကာလ ဖြစ်ပါသည်။
၉။ သို့ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းစဉ်အား ရပ်ဆိုင်းလိုက်မည် ဆိုပါက နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် အလုပ်သမားများ၏ အခွင့်အရေး များကိုပါ ထိခိုက်လာနိုင်သကဲ့သို့ ထိုင်းနိုင်ငံ အလုပ်ရှင်များ အနေဖြင့်လည်း တရားမဝင် အလုပ်သမား များအား ခေါ်ယူ ခိုင်းစေခြင်းကြောင့် ရွှေ့ပြောင်း အလုပ်သမား အရေးကို ဆောင်ရွက်နေသော နိုင်ငံတကာ နှင့် NGO အဖွဲ့အစည်း များမှ ထောက်ပြ ဝေဖန် ပြောဆိုလာနိုင်သည့် အနေအထားတွင် ရှိနေသဖြင့် အဆိုပါ လုပ်ငန်းစဉ်အတွက် သက်တမ်း ထပ်မံ တိုးမြှင့် ပေးရန် မြန်မာနိုင်ငံ ဘက်မှ တောင်းဆို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

Thursday, November 15, 2012
ထိုင်းရောက် မြန်မာအလုပ်သမားများ ဗီဇာ သက်တမ်းတိုးခများ သက်သာ
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ (Passport Visa) ဗီဇာ သက်တမ်း တိုး သူများအတွက် အကုန်အကျသက်သာသွားပြီဖြစ်ပါကြောင်း
ယနေ. မှ စတင်ပြီး ထိုင်းနိုင်ငံရှိ လူဝင်မှု.ကြီးကြပ်ရေးရဲစခန်းများသို. ၀န်ကြီးဋ္ဌာန မှ စာများ တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါသည်။
အလုပ်ရှင် ကိုယ်တိုင် စာရွက်စာတမ်းအပြည့်အစုံ ယူဆောင်ပြီး သက်တမ်း တိုးပေးပါက ၁၀၀၀ ဘတ် ခန်. သာ ကုန်ကျမည် ဖြစ်သည် (ယခင်က ၁၉၀၀ ဘတ်)
အခက်အခဲအမျိုးအမျိုးကြောင့် အလုပ်ရှင် မပါရှိခြင်း စာရွက်စာတမ်း များ မပြည့်စုံခြင်း ဖောင်ဖြည့်ရန် ခက်ခဲသူများ အနေနှင့် ပြင်ပ ကြားခံ ပွဲစားများဖြင့် အောက်ပါ နှုန်း အတိုင်း ကုန်ကျနိုင်ပါသည်။
(အလုပ်ရှင်မပါ စာရွက်စာတမ်း ပြည့်စုံ ဖောင်မဖြည့်တတ်ပါက ၁၅၀၀ ဘတ်
ပွဲစားများနှင့် ပြုလုပ်ပါက ၂၀၀၀/၂၅၀၀/၃၀၀၀ ခန်. ကုန်ကျနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
(ဗီဇာ သက်တမ်း ကျော်လွန်သူများ အတွက်တော့ ပြောင်းလဲမှု. မရှိသေးပါ)

Saturday, October 27, 2012
ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်

ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီးတော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။ မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။ မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။ အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံး သက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုးမိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရ က ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်က ဆိုသည်။ ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခံရနိုင်သည်ဟု သိရသည်။ မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက “အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုက အဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့”ဟု ပြောသည်။ ၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာ ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ပိုမိုကုန်ကျ မှုများရှိပြီး သတ်မှတ်ချက်အရ ၆ လစာ သက်တမ်းအတွက် ဘတ်ငွေ ၁,၀၀၀ (တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုသည်။ တဆက်တည်းမှာပင် Work permit ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်းထောက်ခံစာ၊ ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။ ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်သူများ အနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀ မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။ By KIC
အလုပ်ကြေငြာ (ထိုင်းရောက်မြန်မာများအတွက်)
အလုပ်သမားအလိုရှိသည် (ကျား) ၅ ဦး (မ) ၁ ဦး
၁.ထိုင်စကားကောင်း၂ပြောတတ်ရမည်
၂.အလုပ်သမားတွေကိုရှေ..ကဦးဆောင် နိုင်ရမည်
၃.အနဲဆုံးတနေ ၃၀၀ နှင်.အထက်ရမည်..
၎.OT တနာရီ ၅၆ နေ.တိုင် ရှိ သည် အနည်း ဆုံး ၃နာ၇ီ
အမြန်လိုအပ်ပါသည်..စိတ်ဝင်စားပါ က နန်းမိုး ၀၈၀ ၅၂၅ ၄၄၇၈
ဆောက်လုပ်ရေး လုပ်ငန်း ဖြစ်ပြီး အမျိုးသမီး ဆိုပါက ထိုင်းစာရေး/ဖတ် နိုင်ရမည် (လစာကောင်း)
အမျိုးသား ဖြစ်လျှင် ထိုင်းစကား ကောင်းစွာ ပြောဆိုနိုင်ပြီး ဘာသာပြန်နိုင်ရမည်..အလုပ်သမားခေါင်းဆောင်အဖြစ် ဦးဆောင်နိုင်ရမည်။
ဘန်ကောက် တွင်နေထိုင်သူများ Siam Paragron မှာသွားရောက် ဆက်သွယ်နိုင်ပါသည်
Saturday, October 20, 2012
မြေအောက်ရထားပေါ်က မအောင့်နှိုင်လို့  အပေါ့စွန့်ခဲ့တဲ့ မိန်းကလေး ယူကျုပေါ်မှာ ပျံ့နှံ(ရုပ်သံ)
အင်တာနက် ယူကျုပေါ်မှာ ပျံ့နှံနေတဲ့ ရုပ်သံဖိုင် တခုပါ။ အမေရိကန် ပြည်ထောင်စု
နယူးယောက် မြို့ မြေအောက်ရထား တခုပေါ်မှာ ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်
ကလေးတခုပါ။ ပုံပါ အမျိုးသမီးမှာ မအောင့်နိုင်ဖြစ်ရပြီး လူအများကြားမှာပဲ အပေါ့စွန့်ခဲ့ပါတယ်။
တဦးက ရိုက်ပြီး ယူကျုပေါ် တင်လိုက်တာဖြစ်ပါလိမ့်မယ်။
Friday, October 12, 2012
တတ်အားသမျှ ကူညီကြစေလို
မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်
င်းမှာ(ဈေးဖွင့်ချိန်မှာ)
ဝိုင်းပြီးကူညီကြ၊ ရိုင်းပင်းကြ၊ ပေးကြ ကမ်းကြပါတယ်။ အထူးသဖြင့်
မအိဖောင်းက အစစအရာရာ ဂရုစိုက်ပေးပါတယ်။ ထမင်းပို့ပေးတယ်။ တဲလေးလုပ်ပေးတယ်။
မွေးဖွားခါနီးမှာ ဆရာဝန်များနဲ့ ပြသပေးခဲ့ပါတယ်။ ခက်နေတာက ဈေးသူဈေးသားတွေ
မရှိတော့တဲ့ ညဘက်ဆိုရင် မိခင်ရဲ့လုံခြုံရေးကလည်း ရင်လေးစရာပါ။ ကလေးအတွက်
ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရပါတယ်။ စိတ်ရောဂါရှင်ဟာ လူမဆန်တဲ့လူများကြောင့်
ကလေးရခဲ့တာပါ။ လိင်လုပ်သားတစ်ဦးမဟုတ်ကြော င်းကိုလည်း
ပတ်ဝန်းကျင်ကပြောကြပါတယ်။ မြင်းခြံမြို့ ဘူတာဝန်းကျင်မှာ ရောက်နေတာ
တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စိတ်ရောဂါရှင်ဖြစ်လို့
စိတ်ထင်ရာလျှောက်သွားရင်း မြင်းခြံကိုရောက်လာဟန်တူပါတ ယ်။
သူမနာမည်ကို အမှန်မပြောနိုင်သေးပါ။ “မမုန်တိုင်း” လို့လဲပြောတယ်။
“မသက်သက်ခိုင်” လို့လဲပြောပါတယ်။ ကလေးဖွားပြီးမှ မိခင်စိတ်ရှိလာတယ်။
စိတ်မှန်စပြုလာတယ်လို့ ပြောပါတယ်။ (အချို့ကလည်း မိုးကုတ်ဘက်ကတဲ့၊
အချို့ကလည်း ပုပ္ပါးဘက်ကတဲ့၊ အချို့က မော်လမြိုင်ဘက်ကတဲ့၊
အမျိုးမျိုးပြောကြပါတယ်။) သူမအတွက် (ယာယီဖြစ်ဖြစ်) လုံခြုံရာနေရာတစ်ခုရဖို့
စီစဉ်နေပါတယ်။
အကယ်၍ facebook မိတ်ဆွေများ သိခဲ့လျှင် သူမမိဘများနဲ့ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နေရာဒေသအတိအကျသိရင် အောက်ပါဖုန်းနံပါတ်များနဲ့လ ည်း ဆက်သွယ်သတင်းပေးကြပါခင်ဗျား -----
အောက်ပါဖုံးနံပါတ်များနဲ့လည်းဆက်သွယ်နိုင်ပါတယ်
၀၉/၄၃၀၃၆၉၃၉
အရှင်ဝဏ္ဏိတ၊ အလင်းဥယျာဉ်ပညာရေးကျောင်း၊ ထနောင်းတိုင်
၀၉/၄၀၂၅၄၁၃၂၆
အရှင်နန္ဒ၀ံသ၊ စွန်းလွန်းဂူကျောင်း၊မြင်ြး ခံ၊
Reference and Credit to ^..^
Chit Coco
အကယ်၍ facebook မိတ်ဆွေများ သိခဲ့လျှင် သူမမိဘများနဲ့ဆက်သွယ်အကြောင
အောက်ပါဖုံးနံပါတ်များနဲ့လည
၀၉/၄၃၀၃၆၉၃၉
အရှင်ဝဏ္ဏိတ၊ အလင်းဥယျာဉ်ပညာရေးကျောင်း၊ ထနောင်းတိုင်
၀၉/၄၀၂၅၄၁၃၂၆
အရှင်နန္ဒ၀ံသ၊ စွန်းလွန်းဂူကျောင်း၊မြင်ြး
Reference and Credit to ^..^
Chit Coco
Thursday, October 11, 2012
မြန်မာရွှေ့ပြောင်း အလုပ်သမားများနဲ့ဆေးရုံဘတ်
မြန်မာရွှေ့ပြောင်း အလုပ်သမားများနဲ့ဆေးရုံဘတ်
ထိုင်းနိုင်ငံတောင်ပိုင်း ပူကစ်မြို့
စူပါချိပ်ကုမ္ပဏီတွင်
မြန်မာအလုပ်သမားပေါ်င်းအများစွာ ရှိပါသည်။စူပါချိပ်ကုမ္ပဏီအလုပ် သမားတစ်ယောက်သည် နေထိုင်မကောင်း၍ ပူကစ်မြို့ရှိ
ဝတ်ချိလ ဆေးရုံသို့ ပို့လိုက်ရပါသည်။ဝတ်ချိလ ဆေးရုံဆိုသည်မှာ ပူကစ်မြို့တွင်နေထိုင်သူအားလုံး မှိခိုအားထားရသောဆေးရုံတစ်ရုံပါ ။မြန်မာအလုပ်သမားများကို ထိုင်းအစိုးရက တရာဝင်းထိုင်းနဲအတန်းတူ
၃၀ဘတ်(ဆေးရုံကဒ်)ဟူ၍တရားဝင်ထုပ် ပေးထားပါသည်။ဆေးရုံဘတ်ရှိသြော မန်မာတွေကိုဆိုရင် သိမ်ပြီးဂရုမစိုဘူးလို့ဆိုပါသည် ။ဆေးရုံ ဘတ်ရှိသောလူတွေကိုဆိုရင် ဆေးရုံဘတ်မရှိသောသူလောက်ပြုစုမှု မကောင်းဘူးလို့ဆိုလို့ရပါသည်။ေ အာက္ပါဓာတ္ပံုထဲက လူဟာ
နေမကောင်း၍ ဆေးရုံပေါ်တွင်တစ်ညအိမ်လိုက်ရပါ သည်။အဲဒီလူရဲ့ ရောဂါကသွေးအန်တယ်လို့သိရပါတယ်။ ဓာတ်ပုံမှ လူကတော့ လောင်းလုံးမြို့ ရေဖြူရွှာမှ ကိုအုန်းကြိုင်ဖြစ်ပါသည်။သူတွင် ဆေးရုံဘတ်ရှိပါတယ်ငွေရှင်းဘောင် ချာကိုကြည်ပါဆေးရုံမှာတစ်ညအိပ် ပါတယ် ၄၀၀၀ဘတ်ကျပါတယ်။မနက်ဖြန်လာပြန် လာလို့ဆိုလိုက်သေးတယ်။ကျွန်တော် က ဆေးရုံဘတ်ရှိတယ်လို့မပြောဘူးလား လို့မေးတော့။“ကျွန်တော်ပြပါတယ် ဆေးရုံဘတ် ရှိလဲပေးရမယ်လို့ဆိုတယ်”ဒေါ်အော င်ဆန်းစုကြည် ထိုင်းနိုင်ငံကိုလာစဉ်က ထိုင်းအစိုးရကမြန်မာအလုပ်သမားေ တွကိုထိုင်းအလုပ်သမားတွေနဲတန်း တူဖြစ်စေရမယ်ဆိုပြီးခုတော့ခြွဲ ခားဆက်ဆံခံနေရပြီ။ဝတ်ချိလ
ဆေးရုံတွင်ရခိုင်အမီူးသမီးတဦး သည် ဆေးကုစရိပ် အကုန်ကျ(တောင်းများလို့)များလို့ ငွေမရှင်းရှင်းဘဲ
ထိုင်းရဲကိုဖမ်းခံဖူးပါတယ်။ရဲ လက်ထဲရောက်ပြီးလူနာကို ၁
သောင်းနဲ့ရွေးလိုက်ရပါသည်။ဒီလို သတင်းမီူးလည်းကြားနေရသည်။ရခိုင် အမီူးသမီးတစ်ဦးဖြစ်ပျက်ပါ။ဒီလိုမီူးတခြားသူများရှိကောင်းရှိနိုင်ပါသည်။အလားတူဖြစ်ရပ်မီူးကျွ န်တော်တို့နဲလှမ်းဝေးသောနေရာတွေ မှာလဲဖြစ်နိုင်ပါသည်။ဒီလို့ဖြစ် နေပါသည်လို့ထိုင်းကျန်းမာရေးဝန် ကြီးဌာနတွေသိအောင်တင်ပြသင့်ပါ သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊
ဖန်ငခရိုင်၊ တကွာပါမြို့ နယ်တွင်ဆေးဝါးကုသမှု ကုန်ကျစားရိတ်များ မတတ်နိုင်၍ လူနာ နှစ်ဦးအား ဆေးရုံမှ
ရဲလက်သို့ လွဲအပ်သော အမှု တစ်ခု ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊
တကွာပါမြို့ နယ်တွင် ဇူလိုင်လ(၁၈) ရက်နေ့က ဖြစ်ပွားခဲ့ပါသည်။
လူနာများမှာ ဆိုင်ကယ်မတော်တဆ ထိခိုက်မှုဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူနေသော တကွာပါမြို့နယ်၊ ဦးမောင်သိန်းသည် ဇူလိုင်လ(၅)ရက်နေ့ ညနေ(၅)နာရီခန့်တွင် ဈေးဝယ်ပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အရှိန် ပြင်းစွာ မောင်းနှင်လာသောကားတစ်စီးက နောက်မှဝင်တိုင်မိသောဒဏ်ရာဖြင့် တကွာပါဆေးရုံတွင်(၁၂)ရက် တိတိ ဆေးကုသခံယူပြီး၊ မောင်ဝေလင်းထွန်းသည် ခူရပူရီ ငါးတင်ငါးချ ရေဆိပ်တစ်ခုတွင် အမည်မသိ လူတစု ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာရပြီး ဆေးရုံတွင်ဆေးကုသခံယူနေရသူဖြစ် သည်။ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ်
မပေးနိုင် သဖြင့် ဆေးရုံ၏ အကြောင်းကြားချက်အရ ဇူလိုင်လ(၁၈)ရက်နေ့တွင် တကွာပါ
ရဲစခန်းမှ သွားရောက် ဖမ်းဆီး ခေါ် ဆောင်ပြီး လူသားခြင်းစာနာသောအားဖြင့်
လူဝင်မှုကြီးကြပ်ရေးရုံးသို့
မပို့ဆောင်ပဲ၊
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်းရုံးသို့ ဆက်သွယ်လာခဲ့သဖြင့် ရုံးမှတာဝန်ရှိသူ အချို့ က သွားရောက်ခေါ်ဆောင်၍ အဖွဲ့အစည်း၏ ယာယီ တည်းခိုရိပ်သာတွင် စောင့်ရှောက်ပေးထားကြောင်းသိ ရသည်။
လူနာများမှာ ဆိုင်ကယ်မတော်တဆ ထိခိုက်မှုဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူနေသော တကွာပါမြို့နယ်၊ ဦးမောင်သိန်းသည် ဇူလိုင်လ(၅)ရက်နေ့ ညနေ(၅)နာရီခန့်တွင် ဈေးဝယ်ပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အရှိန် ပြင်းစွာ မောင်းနှင်လာသောကားတစ်စီးက နောက်မှဝင်တိုင်မိသောဒဏ်ရာဖြင့် တကွာပါဆေးရုံတွင်(၁၂)ရက် တိတိ ဆေးကုသခံယူပြီး၊ မောင်ဝေလင်းထွန်းသည် ခူရပူရီ ငါးတင်ငါးချ ရေဆိပ်တစ်ခုတွင် အမည်မသိ လူတစု ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာရပြီး ဆေးရုံတွင်ဆေးကုသခံယူနေရသူဖြစ်
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်းရုံးသို့ ဆက်သွယ်လာခဲ့သဖြင့် ရုံးမှတာဝန်ရှိသူ အချို့ က သွားရောက်ခေါ်ဆောင်၍ အဖွဲ့အစည်း၏ ယာယီ တည်းခိုရိပ်သာတွင် စောင့်ရှောက်ပေးထားကြောင်းသိ
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ၄ နှစ်သက်တမ်းပြည့် လို. နောက်ထပ် ၂ နှစ်တိုးရာမှာ ဘာတွေလိုအပ်သလဲ ဘယ်လ...
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...