Font size:
(နိရဉ္စရာမှကူးယူဖော်ပြသည်)
၂ ရက်တာကြာမြှင့်သည့် နိုင်ငံတကာ
စက္ကူစွန်ပြပွဲကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်တွင် ယမန်နေ့က
စတင်ကျင်းပရာ မြန်မာနိုင်ငံမှလည်း တခြား နိုင်ငံပေါင်း ၁၅ နိုင်ငံ အတူ
ပါဝင် ပြသခဲ့သည်ဟု သတင်း ရရှိသည်။
(နိရဉ္စရာမှကူးယူဖော်ပြသည်)
အဆိုပါ စွန်ပြပွဲ အခမ်းအနားကို ဘင်္ဂလာဒေခ်ျ့ ယဉ်ကျေးမူရေးရာ ၀န်ကြီး Promad Mankin တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အင်ဒိုနီးရှား သံအမတ်၊ တရုတ်သံအမတ်၊ Bangladesh Kite federation ဥက္ကဌ နှင့် တခြား ထိပ်တန်း အရာရှိများ တက်ရောက်ခဲ့ကြသည်။
မြန်မာနှင့် အတူ စက္ကူစွန်များ ပြသခဲ့သော နိုင်ငံများမှာ အင်ဒိုနီးရှား၊ တရုတ်၊ မလေးရှား၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်း၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တူရကီ၊ ဘူတန်၊ စင်္ကာပူ၊ မော်လဒိုက်၊ အာရပ်စော်ဘွားများ နိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။
နိုင်ငံပေါင်းစုံမှ စက္ကူစွန် အမျိုးပေါင်း ရာကျော် ပြသခဲ့ပြီး လူအများ အပြား လာရောက် အားပေး ကြည့်ရှု့ခဲ့ကြသည်။
No comments:
Post a Comment