စာမျက်နာ

Friday, April 22, 2011

စကားပြေအရေးအသား


စကားပြေဟူသည်မှာ အကြောင်းအရာတစ်ရပ်ရပ်ကို လွယ်ကူရှင်းလင်းပြီး ချောမောပြေပျစ်သော ၀ါကျများဖြင့် ရေးသားထားသော စာပေပုံစံ တစ်မျိုးဖြစ်သည်။

စကားပြေနှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်အချို့

မြန်မာစကားပြေ အရေးအသားအရာတွင် မင်းဘူးဦးသြဘာသ ဆရာတော်၏ ဇာတ်ကြီး ဆယ်ဘွဲ့ ဇာတ်တော်ကြီးများမှာ အလွန်ကောင်းမွန်သည်ဟု ကျော်စောသည်။ စာရေးဆရာ သိပ္ပံမောင်ဝ သည်လည်း ၀ါကျတိုတိုများဖြင့် ရှင်းလင်းထိရောက်စွာ ပြေပျစ်အောင် ရေးဖွဲ့နိုင်ခဲ့သည်။ ဆရာကြီးရွှေဥဒေါင်းကလည်း ခွန်အားရှိသောစာ အမည်ဖြင့် စာပေ၀ါကျများ မှန်ကန်စွာ ရေးဖွဲ့သီကုံးတတ်ရန်အတွက် လမ်းညွှန်အကြံပြုခဲ့သည်။ ဆရာဇေယျ၏ စာကောင်းပေကောင်း အမည်ရှိ ဆောင်းပါးနှင့် စာရေးဆရာတစ်ဦး၏ သတင်းစာသုံးမြန်မာစာ အမည်ရှိဆောင်းပါးတို့သည်လည်း မြန်မာစာပေ အခြေမြင့်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီပေးခဲ့ကြသည်။
(မိမိကြည့်လိုသည်ကိုဖတ်လိုပါကအစိမ်းရောင်စာတမ်းလေးအားနှိပ်ပါ)

No comments:

Post a Comment