စာမျက်နာ

Thursday, April 21, 2011

ယာယီနိုင်ငံကူးလက်မှတ်ကိုင်သူမြန်မာအလုပ်သမားအဖမ်းခံရရာမှပြန်လွတ် (ဝေမင်း)

သင်္ကြန်ကာလမှာထိုင်းရောက် မြန်မာလူမျိုးတွေအတော်တော်များများအိမ်ပြန်ကြ အလည်သွားကြနဲ.အဖမ်းခံရတဲ့သတင်းတွေလဲကြားနေရပါတယ်.ကျွန်တော် နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း
မှာလဲ ကဘီမြို.က ထိုင်းမက် ရော်ဘာစက်ရုံလုပ်သားတစ်ဥင်္ီးဖြစ်တဲ့မောင် ဌေးလွင်ဦး   တစ်ယောက်

နှစ်ဆန်းတစ်ရက်နေ.က အဖေဖြစ်သူအလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ ရနောင်းမြို.ကို အလည်သွားဖို.အတွက်
စက်ရုံမန်နေဂျာ ဖိစစ် ထံမှ ပါတ်စပို.စာအုပ်ကို တောင်းရာမှာ မန်နေဂျာက မပေးပဲ ကတ်ပြား (မြန်မာလေဘာကဒ်)နဲ. ပါတ်စပို.မိတ္တူသာပေးပြီး သွားလာလို.ရကြောင်းပြောပြီး လွှတ်လိုက်ပါတယ်...
မောင်းဌေးလွင်ဦး လဲ မန်နေဂျာပြောသလိုပဲ ရနောင်ဆင်းသွားပါတယ်..အဆင်းမှာတော့ ရနောင်းအ၀င်
ထိုင်းစစ်တပ်ဂိတ်မှာ စစ်ဆေးတော့ ပြဿနာမပေါ်ပဲ ရနောင်းကို ရောက်သွားခဲ့ပါတယ်..ရနောင်းမှာအဖေနဲ.ခဏတာနေထိုင်ပြီး မိမိအလုပ်ရှိရာကိုပြန်အလာ
မှာထိုင်းစစ်တပ်ဂိတ်မှ ဖမ်းဆီးလိုက်ပါတယ်..(အမှန်ကတော့ ပါတ်စပို.မိတ္တူနဲ.သွားလာခွင့်မရှိပါဘူး..)
အဖမ်းခံရတဲ့ရက်ကတော့ ၁၉-၄-၂၀၁၁ မှာပါပဲ....၂၀ -၄-၂၀၁၁ မှာ ကျွန်တော်ဆီ ဖုန်းဆက်ပြီးအကြောင်း
ကြားတော့မှ သူ.ပါတ်စပို.စာအုပ်ကိုသူနဲ.မပါသွားပဲ မန်နေဂျာသိမ်းထားတယ်ဆိုတာသိလိုက်ရပါတယ်
ဒီတော့မှ သူမန်နေဂျာဆီဖုန်းဆက်ပြီး စာအုပ်မပေးတာဘာကြောင့်လဲလို.မေးတော့ မန်နေဂျာက ဒီလိုပြောပါတယ်...မိတ္တူနဲ.သွားလို.မရတာမသိကြောင်းနဲ. ပါတ်စပို.စာအုပ်ဖိုးကျေသော်လည်း အလုပ်လုပ်ကိုင်ခွင်လက်မှတ်ဖိုး (၃၀၀၀)ဘတ်အကြွေးကျန်နေသေးကြောင်း ပြီးရင် မြန်မာအလုပ်သမားအချို.က ပါတ်စပို. ပေးလိုကပါက အခြားနေရာများသို.အလုပ်ပြောင်းသွားကြောင်း အဲဒီအခါမှ စက်ရံအနေနဲ. အကြွေး များပါဆုံးရှုံးပြီး နစ်နာကြောင်း ပြောပြသွားပါတယ်..။  (ယာယီနိုင်ငံကူးလက်မှတ်လုပ်ရာမှာစက်ရုံအလုပ်ရုံများတွင် စက်ရုံမှ ကြိုထုတ်ပေးလေ့ရှိပြီးအရစ်ကျပေးသွင်းရပါတယ်..အကြွေးမကျေခင်မှာတော့စာအုပ်သိမ်းထားပြီးအကြွေးကျေ
ပါက အလုပ်သမားတို.ဧ။်လက်ထဲသို.အပ်ပေးကြောင်းသိရပါသည်။)
ထိုနောက် ထိုင်းစစ်တပ်ဂိတ်သို.အကြောင်းကြားပြီး ကျွန်တော်တို.ရုံးမှရော်ဘာစက်ရုံမန်နေဂျာထံမှစာအုပ်တောင်းယူပြီး ပါတ်စပို.စာအုပ်နှင့်အတူ ၂၁-၄-၂၀၁၁ တွင် သွားရောက်ခေါ်ယူလာခဲ့ပါတယ်..။  ဌေးလွင်ဦးကိုမေးကြည့်ရာမှာတော့ သူ.ကိုဖမ်းဆီးထားတဲ့
ထိုင်းစစ်တပ်များက သူ.အားအပြင်တွင်သာထားပြီး သူတို.စားသလိုကျွေးမွေးကြကြောင်းကောင်းကောင်း
မွန်မွန်ထားကြောင်း နှင့်သူအား ဆဲဆိုကြမ်းတမ်းခြင်းမရှိကြောင်းကိုပြောပြသွားပါတယ်..။
ခုလိုကူညီဆောင်ရွက်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ကြောင်းပြောသွားပါတယ်ခင်ဗျာ။

ဝေမင်း(ကာယဥဏအလုပ်သမားများအစည်းအရုံး)
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငမြို.

No comments:

Post a Comment