Work Permit (WP)
WP နဲ့ အလုပ်လုပ်တဲ့ လုပ်သားအုပ်စုကို ယေဘုယျအနေနဲ့ အထွေထွေလုပ်သားများ သို့မဟုတ် ကာယလုပ်သားများလို့ သတ်မှတ်ပါတယ်။ အခြေခံပညာအရည်အချင်းဟာ S Pass လျှောက်လောက်အောင် မမြင့်သူ၊ လစာလည်း SGD ၁၈၀၀ အောက်ရတဲ့လုပ်သားတွေကို WP ပဲ
လျှောက်ထားပေးနိုင်ပါတယ်။ WP လုပ်သားတွေရဲ့ အခွင့်အရေး၊ ကျန်းမာရေး၊ နေထိုင်ရေး စတာတွေကို ကုမ္ပဏီက တာဝန်ယူရလေ့ ရှိပါတယ်။
တင်ထားတဲ့ Pass ကို အစိုးရက အတည်ပြုလိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို In-Principle Approval (IPA) Letter လို့ခေါ်တဲ့ အကြောင်းကြားစာ ပို့ပေးပါတယ်။ ကဒ်ပြားထုတ်ယူဖို့အတွက်ကို အဲဒီစာအပြင် Passport ၊ ဆေးစစ်ချက် နဲ့ ကုမ္ပဏီက ဝယ်ပေးတဲ့ ကျန်းမာရေး အာမခံမိတ္တူတို့ ယူသွားရမှာဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်လိုသူတွေ အနေနဲ့ HIV/AIDS, TB, B ပိုးတို့ကို အဓိက စစ်ရပါတယ်။ တစုံတရာ အားနည်းချက်ရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့တွေက ရန်ကုန်က ဆေးစစ်လာတယ်ဆိုပေမယ့် ဒီမှာ Pass လျှောက်တဲ့အခါ စင်ကာပူဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေကို တောင်းခံလေ့ရှိပါတယ်။
Work Permit for Foreign Domestic Workers (FDW)
ဒီ Pass ကတော့ နိုင်ငံခြားကနေ အိမ်အကူ လာလုပ်တဲ့လူတွေအတွက် အိမ်ရှင်က လျှောက်ပေးရတဲ့ Pass ဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ရှင်နဲ့ အိမ်အကူတွေ မကြာခဏ ပြဿနာတွေဖြစ်တတ်လို့ အစိုးရက FDW လျှောက်ပေးမယ်ဆို အသေအချာစဉ်းစားဖို့ သတိပေးတတ်ပါတယ်။ စင်ကာပူအစိုးရက အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခွင့်ပေးတဲ့ နိုင်ငံအနည်းစုထဲမှာ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတို့နဲ့အတူ စိတ်မကောင်းစရာပါဝင်ပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အိမ်အကူ လာလုပ်မယ့်လူဟာ အသက်အနည်းဆုံး ၂၃ နှစ်ရှိရမှာဖြစ်ပြီး အကြီးဆုံး ၅၀ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ပညာကိုလည်း ၈ နှစ်သင်ဖူးရမယ်လို့ သိရပါတယ်။ အခြားလိုအပ်ချက်တွေအနေနဲ့ အိမ်ဖော်အရည်အချင်းစစ်စာမေးပွဲ၊ ကျန်းမာရေးဆေးစစ်ချက်လိုဟာမျိုးလည်း လိုအပ်ပါတယ်။
No comments:
Post a Comment