သံဃာတော်တွေ သပိတ်မှောက် ခြင်းလှန်ခြင်း အကြောင်းကို လေ့လာကြပါကုန်
(မင်းလွမ်းနောင်)
သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင့် သပိတ်လှန်ပုံ ။
သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင့် သပိတ်လှန်ပုံ ။ ။
ရဟန်းတော်များက ဒါယကာများအားသပိတ်မှောက်ရခြင်း အင်္ဂါ၈-ပါးဟူ၏။ ၀ိနည်းတော်မှ။
(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန- ရဟန်းတို့အား လာဘ်တိတ်၊ လာဘ်မရအောင် ပြုလုပ်ခြင်း၊
(၂) အနတ္တာယ ပရိသက္ကန- အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊
(၃) အ၀ါသာယ ပရိသက္ကန- နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊
(၄) အက္ကောသန- ဆဲရေးခြင်း၊
(၅) ဘေဒန- ရဟန်းချင်းဂိုဏ်းကွဲအောင်ဩပြုခြင်း၊
(၆) ဗုဒ္ဓ အ၀ဏ္ဏ ဘာသန- ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊
(၇) ဓမ္မ အ၀ဏ္ဏ ဘာသန- တရား၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊
(၈) သံဃ အ၀ဏ္ဏ ဘာသန- သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။
မှတ်ချက်။ ။ ဤအင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးနှင့်ပြည့်စုံသူအား သိမ်အတွင်း၌ လည်းကောင်း၊
အိမ်ပသို့ သွား၍ မြစ်စသည်တို့၌ လည်းကောင်း ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာဖြင့် သပိတ်မှောက်အပ်သည်။
ဤသို့ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထု တစ်စုံတစ်ခုကို မခံယူအပ်။
ဤမည်သောသူ၏ အိမ်၌ ဆွမ်းမခံကြပါနှင့် ဟု တစ်ပါးသော ကျောင်းတို့သို့လည်း စေလွှတ်အပ်၏။
ထိုသူ၏ဥစ္စာကိုသိ၍ ခံယူသူအား ဒုက္ကဋ အာပတ် သင့်သည်။ အထက်ပါ အင်္ဂါ ၈-ပါးကို မကျူးလွန်
တော့ဘဲ သံဃာတို့အား ရိုသေစွာ သုံးကြိမ်တောင်းပန်ပါက ဉတ်္တိဒုတိယ ကံဖြင့် သပိတ်လှန်အပ်၏။
No comments:
Post a Comment