စာမျက်နာ

Saturday, May 28, 2011

ကဗျာ

အဓိဌာန်

နှမ်းတစ်စေ့ ညှစ် ၊ ဆီမဖြစ်နိုင်
ကျစ်လစ် စုစည်း ၊ လူ.ခရီးဝယ်
မညည်း မညူ ၊ အားသစ်ထူကြ ။

သွေးသစွာပြု ၊စည်းလုံးမှု ဖြင့်
ပြည်သူ့ လွတ်ရေး ၊ ကြံဆောင်တွေးရ်ျ
ဘေးပေါင်းရန်စွယ် ၊ အသွယ်သွယ် ကို
ရှင်းဖယ်နိုးကြား ၊ တိုင်းရင်းသားတို့
ဆပွားအောင်ပွဲ ၊ ဆင့်ဆင့် နွဲခဲ့
တွဲလက်ညီပေ့ ညီပါပေ့ ။

တို့လမ်း ၊တို့မြေ ၊ အလှဝေဖို့
တို့ပြည် တို့ပန်း ၊ မညှိးနွမ်း ဖို့
တို့စမ်း တို့ရေ ၊ ကြည်လင်စေဖို့
တို့ဖွေ ကြံဆ ၊ တို့ဘ၀ တွက်

တို့ကလမ်းညွန် ၊ တို့ရဲ့ ၀န်တည့်
တို့ လွန် တို့သား ၊ ကောင်းမွေ များ နဲ့
တိုးပွား မပျက် ၊ ကျိုးပွား ဆက်အောင်
တို့လက် ခိုင်ခိုင် တွဲ ကြစို့ ။ ။
 
ဒီပါအောင်

No comments:

Post a Comment