မြဝတီမြို့ကိုလာမယ့် တိုင်းမှူးခရီးစဉ်အတွက် မြဝတီ အဝေးပြေးကားလမ်းပေါ်က
ကားလမ်းလုံခြုံရေးယူထားတဲ့ ကြံ့ဖွံ့ အစိုးရ စစ်တပ်တွေကို တနင်ငူး၊
တံတားကြီးရှေ့၊ တံတားညီနောင်၊ သစ်ချောက်ပင် စတဲ့ နေရာလေးနေရာမှာ ဒီကေ ဘီအေ
နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ည ၉ နာရီ မိနစ် ၃၀ လောက်မှာ
တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ ယမန်နေ့ညက အခြေအနေကို ဆက်သွယ်မေးမြန်ခဲ့ရာ ဒီကေဘီအေ
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကော်ဒို စိုး က ယခုလို ပြောကြားလာပါတယ်။
“ကျနော်တို့ဘက်က ညတုန်းက လမ်းလုံခြုံရေးတွေကို နေရာ လေးခုမှာ
တပြိုင်တည်းဝင်တိုက်တယ်။ ဒီကေဘီအေက ဗိုလ်မှူးကြီး ကျော်သက် ဦးစီးတဲ့
တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ (၇) တပ်ရင်း ၁၀၁ တပ်ဖွဲ့တွေ ပူးပေါင်းပီး စစ်
ဆင်ခဲ့တာဖြစ်တယ်။ ည ၉ နာရီခွဲလောက်က စတိုက်တာ ည ၁၂ လောက်မှ ပြီးတယ်။
ကျနော်တို့ ဘက်က ထိခိုက်မရှိ ဘူး။ သူတို့ ဘက်က ထိလား မထိလား မသိရသေးဘူး။
အရှေ့တောင်တိုင်း တိုင်းမှူး မြဝတီလာဖို့ရှိတော့ မြဝတီကုန် သည် ကားလမ်းမှာ
ကြံ့ဖွံ့အစိုးရ စစ်တပ်တွေ လုံခြုံရေး အပြည့်ချထားတယ်လေ။”
အရှေတောင်တိုင်း တိုင်းမှူး မြဝတီမြို့ကိုလာမယ့် ခရီးစဉ်ရှိနေတဲ့အတွက်
ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်ရင်း ၁၀ ရင်းနဲ့ လမ်းလုံခြုံရေးယူထားတယ်လို့
မြဝတီဒေသခံ ကုန်သည်တွေ ပြောပြချက်အရ သိရှိရပါတယ်။
No comments:
Post a Comment