
ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၃၁၈၊ ၃၄၁၊ ၃၂၃၊ ၃၅၂၊ မြန်မာနိုင်ငံ
လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃(၁)
များဖြင့် အမှုရင်ဆိုင်နေရသော မြန်မာတိုင်း(မ်) ဂျာနယ်၏ အယ်ဒီတာချုပ်
သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ၏ အမှုအတွက် အပြီးသတ်
စီရင်ချက်ကို
ဇွန်လ(၃၀)ရက် မွန်းလွဲပိုင်းက ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မစ္စတာ ရော့စ်ဒန်ကလေ အနေဖြင့် စွဲဆိုထားခြင်း ခံရသော အမှုများ အနက်
မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ
၁၃(၁) အရ ဒဏ်ငွေ(၁)သိန်း သို့မဟုတ် ထောင်ဒဏ် (၆) လနှင့် ပုဒ်မ ၃၂၃ အရ
ထောင်ဒဏ်(၁)လ ချမှတ်ခြင်း ခံခဲ့ရသည်။ သို့သော် ရော့စ်ဒန်ကလေ အနေဖြင့်
အမှုရင်ဆိုင်စဉ်က ချုပ်ရက် (၄၅)ရက် ရှိခဲ့ပြီး ဖြစ်သောကြောင့် ပုဒ်မ ၃၂၃ အရ
စီရင်ခြင်း ခံရသော ထောင်ဒဏ်(၁)လကို ကျခံရတော့မည် မဟုတ်သလို၊ မြန်မာနိုင်ငံ
လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ
ချမှတ်ခြင်း ခံရသော ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်တွင် ငွေဒဏ်ကို ပေးဆောင်မည်
ဖြစ်သောကြောင့် အကျဉ်းကျခံရခြင်း မရှိတော့ဟု သိရှိရပါသည်။

မစ္စတာ ရော့စ်ဒန်ကလေ၏ အမှုအား ယခုကဲ့သို့ စီရင်ချက် ချမှတ်ခဲ့ခြင်းနှင့်
ပတ်သက်ပြီး ''ဘာပဲဖြစ်ဖြစ် မစ္စတာဒန်ကလေ အခုလို ပြန်လည် လွတ်မြောက်လာတဲ့
အတွက် ၀မ်းသာပါတယ်။ မြန်မာ သတင်းဂျာနယ် တစ်ခေတ်မှာ Pioneer တစ်ယောက် အနေနဲ့
အခုလို မြန်မာသတင်း မီဒီယာ လောကမှာ ဆက်ရှိနိုင်တော့မှာ ဖြစ်တဲ့အတွက်လည်း
ဝမ်းသာစရာ သတင်းကောင်း တစ်ခုပါ" ဟု Eleven Media Group ၏ Chairman &
CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
သတင်းစာဆရာ မောင်ဝံသကလည်း ''သူဖြစ်တဲ့ကိစ္စက သတင်းနဲ့ သက်ဆိုင်တဲ့
ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် သတင်းသမား တစ်ယောက်၊ အယ်ဒီတာချုပ် တစ်ယောက်
ဖြစ်နေတယ်။ သူ့ကို ဒီအမှု ဖြစ်စဉ်မှာ တရားဥပဒေ အတိုင်း
ဆုံးဖြတ်လိုက်တယ်လို့ ယုံကြည်တယ်။ ဒီအတွက် ၀မ်းသာသလို၊ ဒီဆုံးဖြတ်ကိုလည်း
ကြိုဆိုပါတယ်။ သတင်းသမားတစ်ယောက် ဖြစ်လို့ ငဲ့ညှာလိုက်တယ် လို့တော့
မယူဆပါဘူး။ ဥပအေတိုင်း လုပ်သွားတယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။ |
No comments:
Post a Comment