စာမျက်နာ

Monday, June 20, 2011

ငြိမ်းချမ်းရေးသာ လိုချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2011-06-19
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ် မြောက် မွေးနေ့မှာ မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
AFP PHOTO/Soe Than WIN
မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ (AFP PHOTO/Soe Than WIN)
“ကျမကို မွေးနေ့ဆုတောင်း ဘာလိုချင်လဲ ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊ အေးအေးဆေးဆေးနဲ့၊ သာသာယာယာနဲ့၊ ဝဝပြောပြောနဲ့ နေနိုင်ဖို့ … အဲဒီတော့ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ သာယာဖို့ ဆိုတာ ပထမဦးဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ အဲဒီတော့ ကျမရဲ့ မွေးနေ့ဆုတောင်းကတော့ ကျမတို့ အားလုံး ငြိမ်းချမ်းကြပါစေ ဆိုတဲ့ ဆုတောင်းပါပဲ”

ရန်ကုန်မြို့ NLD ဌာနချုပ်မှာ ကျင်းပတဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောကြားလိုက်တဲ့ စကားပါ။

မြန်မာနိုင်ငံမှာ အခုရက်ပိုင်း ပြန်စနေတဲ့ ပြည်တွင်းစစ်မီး ငြှိမ်းသတ်ဖို့၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေး ရဖို့ အားလုံးက ဝိုင်းဝန်းကူညီကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီလို ဝိုင်းဝန်း ကူညီရာမှာ စလုပ်ရမယ့် အလုပ်က အတွေးအခေါ် ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းမှာ ငြိမ်းချမ်းရေး ဆိုတဲ့ အတွေးအခေါ် ပြုစုပျိုးထောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

No comments:

Post a Comment