စာမျက်နာ

Thursday, June 9, 2011

နွမ်းလျနှလုံးသား

တစစ်စစ်နဲ.နာ
ဓါတ်လိုက်တာတော့မဟုတ်
တပါးမြေမှာ
ကိုယ့်နိုင်ငံသား မတရားခံရတာမြင်တိုင်းပေါ့...။
မကြာမကြာ
ဘေးဘယာတွေ
သံစုံမြည်တီး
ဒီခရီးကို ငါတို.ဘာကြောင့် လာခဲ့ကြ........။
ကိုယ်မြေ ကိုယ့်ရေ
ချစ်ပင်ချစ်ငြား
တို.စီးပွားက
 စားရေးမလောက် နေဖို.ပျောက်အောင်
ဒုက္ခတွေဖန်
လောကဒဏ်မှာ
မခံနိုင်ဆုံး အမှောင်ဖုံးလို.
တိုင်းခြားပြည်ရပ်
ငါတို.ထွက်ပြီး
လာခဲ့မိ........................။
သာကီနွယ်ဖွာ မြန်ပြည်သားလို.
တိုင်းရပ်ပြည်ခြား
လူမျိုးခြားတို.
သိမှတ်မပြု ကျွန်သာပြုခဲ့
ရင်ဝယ်မချိ  ၀မ်းနည်းမိ..............................။

မင်းလွမ်းနောင်(ပန်းတနော်)




No comments:

Post a Comment