စာမျက်နာ

Tuesday, June 7, 2011

အင်တာနက်လုပ်ငန်းလိုင်စင်ကြေး ငါးသောင်းမှ သုံးသောင်းထိ လျှော့ချပေး

 မေ ၁၇ - မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူလိုက်ပြီဖြစ်သည့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (PAC) ကြေးကို ကျပ်နှစ်သောင်းခန့် လျှော့ပေါ့ ပေးလိုက်ကြောင်း သိရသည်။
“အရင်ကတော့ (PAC) လိုင်စင်ကြေးကို (MICT Pack) မှာ သွားဆောင်ရတာပါ။ အခုက တော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ သွားဆောင်ရတော့မယ်လို့ သိရပါတယ်။
လိုင်စင်ကြေး တစ်လနှစ်သောင်းလောက် သက်သာသွားရင် ဘာပဲပြောပြော တစ်နှစ်စာဆို အများကြီးကို သက်သာသွားမှာဆိုတော့ အဆင်ပြေတာပေါ့”ဟု တာမွေမြို့နယ်တွင် အင်တာနက်ဆိုင် ဖွင့်ထားသော ကိုဇေယျက ပြောသည်။
အဆိုပါ အင်တာနက်ဆိုင်များအတွက် (PAC) လိုင်စင်ကြေးများလျှော့ချပေးခြင်းအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင်တာဝန်ယူလိုက်သည့် မေလမှစ၍ လျှော့ပေးခဲ့ခြင်း ဖြစ်ကာ (PAC) လိုင်စင်အသစ် စတင်လျှောက်ထားမည့်သူများကိုလည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
“အများသုံး အင်တာနက်ဆိုင် ဖွင့်ထားတဲ့သူတွေဆိုရင် (PAC) လိုင်စင်ကြေးကို အရင်က တော့ တစ်လကို ကျပ် ၅၀၀၀၀ ဆောင်ရတယ်။ ကိုယ်ဆောင်နိုင်သလောက်ပေါ့။ တစ်နှစ် စာ၊ ခြောက်လစာ အဲဒီလိုဆောင်ရတာပါ။
အခု ၃၀၀၀၀ ဆိုတော့ အရင်ထက် ထက်ဝက်နီးပါးလောက်ပဲ ဆောင်ရမှာဆိုတော့ တစ်နှစ် စာလောက် ကြိုဆောင်သွားနိုင်တာပေါ့နော်”ဟု ကျောက်တံတားမြို့နယ်အတွင်း အင်တာနက် ဆိုင်ဖွင့်လှစ်ထားသော မမေသော်က ပြောသည်။

No comments:

Post a Comment