စာမျက်နာ
▼
Monday, July 4, 2011
သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်နိုင်ငံတွင်နိုင်ငံရေးခိုလှုံ
ဦးကျော်ဝင်း ၀ါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ
မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ
သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့
ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ကြောင်းသတင်းရရှိပါတယ်
။ သူဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၈၀ ခုနှစ်တည်းက
တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန် ၊ စပိန် ၊ အိန္ဒိယ ၊
ဘရာဇီးနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခုအမေရိကန်ပြည်ထောင်စုမှာ
သံမှူးကြီးအဆင့်နဲ့တာဝန်ထမ်းဆော င်နေတာဖြစ်ပါတယ် ။ အမည်မဖေါ်လိုသူနိုင်ငံခြားရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးကတော့ " ခုသူ့အသက်က ၆၀ ပြည့်တော့မယ်ဗျာ..ပြန်လာရင်အငြိ မ်းစားယူရတော့မယ်..ခုအမေရိကန်မှာတာဝန်ထမ်းဆောင်တာ
သူ့ရဲ့နောက်ဆုံး Assgiment ပဲ ..ဒီတော့သူ့ဘ၀သူကျောင်းပြီး
အမေရိကန်မှာနေချင်လို့ လုပ်တာပါ ..အစိုးရနဲ့ဘာမှမဆိုင်ပါဘူး "ဟု
ပြောကြားသွားပါသည် ။ " နောက်တစ်ခုက ခုဝန်ကြီးဖြစ်နေတဲ့ ဦးဝဏ္ဏမောင်လွင်
ဝန်ကြီးမဖြစ်ခင် UNမှာတာဝန်ထမ်းဆောင်ရင်း ၀ါရှင်တန်ဒီစီမှာနေတုန်းက
သူမရိုးမသားလုပ်ခဲ့တာတွေရှိတယ် ဥပမာဗျာ..ဦးဝဏ္ဏမောင်လွင်ရဲ့အသုံး စရိတ်တွေကို တမင်ညစ်ပြီး စစ်တာမျိုး မလိုအပ်ဘဲဖိအားပေးတာမျိုးတွေလုပ်ခဲ့တယ် ခု ဟိုက၀န်ကြီးဖြစ်နေပြီဆိုတော့ သူ့လိပ်ပြာသူမလုံဘဲ ခုလိုလုပ်သွားတာပါ..အဖြေကဒါပါဘဲ .. ဘာမှအမျိုးချစ်လို့ တိုင်းပြည်ချစ်လို့မဟုတ်ပါဘူး.. ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကတော့
သူလုပ်စားတာ ခံရဦးတော့မှာပေါ့ဗျာ.. " ဟု အဆိုပါ အရာရှိက
ပြောဆိုသွားပါသည် ။ သူဟာ အရင်သူ့နေရာမှာတာဝန်ထမ်းဆေင်ခဲ့ ပြီး အမေရိကန်အစိုးရထံခိုလှုံသွားသူ ဦးအောင်လင်းထွဋ် နဲ့လည်း ရင်းနှီးသူ တစ်ဦးဖြစ်ကြောင်း သတင်းရရှိပါတယ် ။ http://doctorsatephwar.blogspo t.com/2011/07/blog-post_04.htm l
No comments:
Post a Comment