စာမျက်နာ

Wednesday, July 6, 2011

ဆန္ဒပြပွဲဖြစ်ခဲ့​သည့်​ လှိုင်သာယာက ဆံပင်တုစက်ရုံ ပိတ်လိုက်ပြီ

Published on July 6, 2011 by နေသွင်   ·   No Comments
ဒီနှစ်ဆန်း ​ပိုင်း​က ဆန္ဒပြမှုဖြစ်ခဲ့​တဲ့​ လှိုင်သာယာစက်မှုဇုန်ထဲက ကိုရီး​ယား​ပိုင် ဂလိုဘယ်ဟဲ (Global Hair) ဆံပင်တုစက်ရုံကို ဒီလဆန်း​ကစပြီး​ လုံး​ဝ ပိတ်လိုက်တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန် အလုပ်သမားများ (ဓာတ်ပုံ-ဒီဗွီဘီ)
ဒီလဆန်း​ ပိုင်း​ကတည်း​က ​အော်ဒါမရလို့​ဆိုပြီး​ စက်ရုံကို ၄ ရက်ပိတ်ထား​ပြီး​ အခုလ ၅ ရက်​နေ့​၊​ အင်္ဂါ​နေ့​မှာ
တော့​ စက်ရုံပိတ်လိုက်တဲ့​အ​ကြောင်း​ အလုပ်သမား​တွေကို အသိ​ပေး​ခဲ့​တာလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။
နစ်နာ​ကြေး​အ​ နေနဲ့​ လုပ်သက်တနှစ်ပြည့်​တဲ့​ အလုပ်သမား​တွေကို တ​ယောက်ကို ၉ ​သောင်း​၊​ လုပ်သက်တနှစ်မပြည်တဲ့​ အလုပ်သမား​တွေကို ၆ ​သောင်း​ လျော်​ကြေး​ပေး​တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။
ကြိုတင်သတိမ​ပေး​ဘဲ ရုတ်တရက်ပိတ်လိုက်တဲ့​အတွက် အခက်အခဲရှိတယ်လို့​ အလုပ်သမား​တ​ယောက် အခုလို​ပြောပါတယ်။
“သမီး​တို့​ မှာ ကြို​ပြောရင် အလုပ်ရှာထား​လို့​ ရတယ်။ ကြိုမ​ပြောဘဲ ဗြုန်း​စား​ကြီး​ ဒုက္ခအ​တော်​ရောက်တယ်။ အိမ်လည်း​မရှိဘူး​၊​ ငှား​နေရတယ်။ နယ်ကလာတဲ့​ လူ​တွေဆို ပိုဒုက္ခ​ရောက်တယ်။”
အလုပ်သမား​တွေအ​ပေါ် မှီခို​နေတဲ့​ မိသား​စုလည်း​ ဒုက္ခ​ရောက်တယ်လို့​ မိခင်တ​ယောက်က အခုလို ​ပြောတယ်။
“အန်တီဆို ဒီလဆို အိမ်စ​ပေါ်တင်ရတယ်။ က​လေး​က ပြန်လာပြီး​ သမီး​တို့​ စက်ရုံ နား​လိုက်ပြီဆို​တော့​ ​တော်​တော်​လေး​ စိတ်မ​ကောင်း​ဖြစ်သွား​တယ်။ အခုအချိန်ကလည်း​ ကုန်​ဈေး​နှုန်း​တွေတက်ပြီး​၊​ အရမ်း​အလုပ်ရှား​တဲ့​အချိန်၊​ မိုး​တွင်း​ဘက်ဆို​တော့​ အန်တီက အရမ်း​စိတ်ပူတယ်။ ဗြုန်း​စား​ကြီး​ဆို​တော့​ အရမ်း​အခက်အခဲဖြစ်သွား​တယ်။ ဒီလစာ​လေး​ရလို့​ရှိရင် လှည့်​ပတ်ပြီး​ စား​ရတယ်။ ​ကြွေး​ဆပ်စရာရှိဆပ်ရတယ်။ အခုလို အလုပ်လက်မဲ့​ဖြစ်သွား​တော့​ ​တော်​တော်​လေး​ ဒုက္ခ​ရောက်သွား​တာ​ပေါ့​။”
ဒီစက်ရုံမှာ အလုပ်သမား​ ၁ ​ထောင်ဝန်း​ကျင်ရှိပြီး​ ဇန်နဝါရီလတုန်း​ကလည်း​ လုပ်အား​ခ နည်း​တာ၊​ အချိန်ပို ခိုင်း​တာနဲ့​ ရုံး​ပိတ်ရက် မရှိတာ​တွေအ​ပေါ်မှာ မ​ကျေနပ်လို့​အလုပ်သမား​တချို့​ ဆန္ဒပြခဲ့​ကြပါတယ်။
 

No comments:

Post a Comment