မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ယမန်နေ့က ရန်ကုန်မြို့ရှိ
သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည့် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ ဒုတိယ
အကျော့ပွဲစဉ်တွင် မွန်ဂိုလီးယား လက်ရွေးစင် ဘောလုံးအသင်းကို ၂ဂိုးပြတ်ဖြင့်
အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဂိုးများကို ဒုတိယပိုင်း ၆၁ မိနစ်တွင်
ပိုင်စိုးကလည်းကောင်း၊ ဒုတိယ အနိုင်ဂိုးကို ၈၈ မိနစ်တွင် မိုင်းအိုက်နိုင် က
လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမအကျော့ ပွဲစဉ်တွင် မြန်မာက
မွန်ဂိုလီးယား အသင်းအား(၁-၀)ဂိုးဖြင့် ရှုံးနိမ့်ထား သည်။
ထိုရှုံးနိမ့်မှုကြောင့် နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်အား ထုတ်ပယ်ခဲ့ပြီး
အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ် အဖြစ် ဦးဆန်းဝင်းတို့အား
ခန့်အပ်ခဲ့သည်။
No comments:
Post a Comment