ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သားမိသားစုများမှ
ကျောင်းမနေနိုင်သော ကလေးငယ်မှာ ၃ သောင်းအထိ မြင့်တက်နေဖွယ်ရှိကြောင်း
အာဏာပိုင်များက ခန့်မှန်းသည်ဟု ဖူးခက်ဝမ် ခရီးသွားသတင်းစဉ်တွင်
ဖော်ပြထားသည်။ ဖူးခက်ရှိဆေးရုံတခုက ယခုနှစ်တွင် တလလျှင်
မြန်မာရွှေ့ပြောင်းလုပ်သားစုမှ မိခင် ၅၀ မှ ၆၀ အထိ လာရောက် မီးဖွားကြပြီး
ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ပြောထားသည်။ ဖူးခက်တွင်
တရားဝင်နှင့် တရားမဝင် နေထိုင်သူ မြန်မာ ၁ သိန်းမှ ၂ သိန်းအထိ ရှိနိုင်ပြီး
၃ သောင်းမှာ ကလေးငယ်များဖြစ်သည်ဟု ခန့်မှန်းထားသည်။
No comments:
Post a Comment