|
|
|
Friday, 24 June 2011 00:00 |
ဆောက်လုပ်ရေး လုပ်ငန်းမှ ရွှေ့ပြောင်း အလုပ်သမားများ
ရက်သတ္တပတ် အတွင်း ရွှေ့ပြောင်းအလုပ်သမား ဦးရေ (၂၀၆၂၉၉)ကို
လုပ်ငန်းရှင် (၃၂၃၂၃)ဦးမှ အလုပ်သမား လက်မှတ် ပြုလုပ်ရန်
စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်သည်။
အလုပ်သမား လက်မှတ် ပြုလုပ်သူ စာရင်းတွင် မြန်မာရွှေ့ပြောင်း
အလုပ်သမား (၁၄၉၉၉၀)ဦးဖြင့် အများဆုံး ဖြစ်ပြီး၊ ကမ္ဘောဒီးယား
(၃၆၆၀၅)ဦးနှင့် လာအို (၁၉၇၀၄)ဦးတို့ ဖြစ်ကြသည်။
ယခု ရရှိသည့် စာရင်းမှာ အလုပ်သမား လက်မှတ် ပြုလုပ်ပေးရေး
ဌာန (၆၈) ခုမှ စာရင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အလုပ်သမား လက်မှတ်
ပြုလုပ်ပေးရေး ဌာန စုစုပေါင်း (၈၆) ခုရှိသည်ဟု သိရသည်။
လက်မှတ်များ ပြုလုပ်ပေးရန် နောက်ထပ် (၂၂)ရက် ကျန်ရှိသဖြင့်
ရွှေပြောင်း အလုပ်သမားများ အနေဖြင့် ထပ်မံ၍ လက်မှတ်ပြုလုပ် ကြလိမ့်မည်ဟု
ခန့်မှန်းထားကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် INN သတင်းတွင်
ဖော်ပြထားသည်။
|
No comments:
Post a Comment