
နိုင်ငံတွင်းရှိ
တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများ အား ပြစ်ဒဏ်မှ ကင်းလွတ်ပြုကာ
တရားဝင်မှတ်ပုံတင် ပြုလုပ်ပေးမည့် အစီအစဉ်အား လာမည် ဇူလိုင် ၁၁ရက်နေ့တွင်
စတင် လုပ်ဆောင်ပေး တော့မည် ဟု သိရသည်။ လက်ထောက် ၀န်ကြီးချုပ် က
အစိုးရက တရားမ၀င်အလုပ်သမားတွေနဲ့ ပတ်သက်ပြီး
လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါတယ်။ ဟု ကတ်ဘိနက် အစည်းအဝေးတွင်
ပြောကြားခဲ့သည်။ တရားမ၀င် နေထိုင်သူများ အပေါ် တရားဝင်အဖြစ် ဆောင်ရွက်ပေးစဉ်
မည်သို့သော ပြစ်ဒဏ်ကိုမျှ ချမှတ်မည် မဟုတ်ကြောင်း ၄င်းတို့ အနေဖြင့်
နေရင်းနိုင်ငံ သို့ ပြန်လိုက ပြန်ခွင့်ပြုထားကြောင်း ၄င်းက ဆိုသည်။
မလေးရှား၌ တရားမ၀င် နေထိုင် အလုပ်လုပ်နေကြသည် အလုပ်သမား
၂သန်းခန့်ရှိကြောင်း ခန့်မှန်း ထားကြသည်။ နိုင်ငံအတွင်း မြင့်တက်လာနေသည့်
နိုင်ငံခြားအလုပ်သမား များအားထိန်း ချုပ်နိုင်ရန်နှင့် အရည်အချင်းနိမ့်
နိုင်ငံခြားသားအလုပ်သမားများအပေါ် မှီခိုရခြင်းမှ လျော့ပါး စေရန် ယင်း သို့
စီမံဆောင်ရွက်ခြင်းဖြစ်သည် ဟု လေ့လာသူများက ဆိုသည်။ မလေးရှားအစိုးရက
နိုင်ငံ အတွ င်းဝင်ရောက် လာသူများအားခေတ်မှီ Biometric လုံခြုံရေးစနစ်ဖြင့်
လူဝင်မှုကြီး ကြပ်ရေး က မှတ်တမ်းတင်ထားရန် မကြာသေခင်းက
ညွန်ကြားခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment