စာမျက်နာ

Sunday, July 10, 2011

တင်အောင်မြင့်ဦး (Shit Lone) တိုင်းပြည်ကို သစ္စာဖေါက်နေခြင်း

shit lone
တင်အောင်မြင့်ဦး (  Shit Lone)  တရုပ်ပြည်အတွက် သူလျှိုလုပ်နေ တယ်။ မြန်မာပြည်ကမြေတွေကို နာမည်မျိုးစုံနဲ့ တရုပ်ပြည်ကို ရောင်းပေးနေတယ်။ ပဒုံမာကွင်းကိုဝယ်လိုက်တဲ့ ဒေါက်တာကိုကိုကြီး နောက်မှာ ထွန်းမြင့်နိုင် ရှိတယ်။ ထွန်းမြင့်နိင်နောက်မှာတရုပ်ရှိတယ်။ တရုပ်ကလုပ်နိုင်အောင် တင်အောင်မြင့်ဦးက
တိုင်းပြည်ကိုသစ္စာဖေါက်ပြီး လုပ် ပေးနေတယ်လို့ သတင်းရရှိပါတယ်။
ဝန်ကြီးဌာနတွေအားလုံးကို shit lone က ထိမ်းချုပ်ထားတယ်။ ကာကွယ်ရေးကလွဲလို့ ကျန်ဝန်ကြီးဌာနတွေကို ဘတ် ဂျက်တွေ ဖြတ်တောက်လိုက်တယ်။ တချို့ဝန်ကြီးဌာနတွေဆိုရင် ၇၅ ရာခိုင်နှုန်း အဖြတ်ခံရတယ်။ အစိုးရအဖွဲ့က ဆုံး ဖြတ်ချက် ချပြီးသား၊ သတ်မှတ်ပြီးသားဘတ်ဂျတ်တွေကို တင်အောင်မြင့်ဦးက ကာလုံဝန်ကြီးဌာနကနေ ပြန်ပြင်တယ်။ ထင်သလို ဆုံးဖြတ်လိုက်တယ်လို့ ဆိုတယ်။
ဒါကြောင့် ၀န်ကြီးဌာနတွေက ဘာမှလုပ်လို့ မရနိုင်တော့ဘူး။ အစိုးရအဖွဲ့ မှာ ငွေမရှိဘူး။ ရေနံ၊ ကျောက်စိမ်းတွေ ရောင်းရတဲ့ ငွေတွေကို သန်းရွှေ အဖွဲ့က ထိမ်းချုပ်ထားတယ်။ သူတို့ကိုယ်ကျိုးအတွက် ယူတာရယ်၊ နေပြည်တော် တည်ဆောက်စဉ်က အကြွေးတွေကိုဆပ်နေရတာတွေကြောင့် အစိုးရအဖွဲ့မှာ ၀င်ငွေမရှိတော့ဘူးလို့ သိရတယ်။
နောက်သတင်းတခုကတော့ စစ်တိုင်းမှုးတွေကို ပတ်လည်ရွှေ့ပြောင်းတာတွေ လုပ်ခဲ့တယ်။ ရန်ကုန်တိုင်းစစ်တိုင်းမှူး ထွန်းသန်းကို ဖိအားပေးပြီး နှုတ်ထွက်ခိုင်းလိုက်တယ်လို့ သိရတယ်။ သူက မင်းအောင်လှိုင်နဲ့ ပိုမိုနီးစပ်လာလို့ ဖြစ် တယ်လို့ ဆိုတယ်။ လဘ်စားမှုကြောင့်အလုပ်ဖြစ်တာလို့ သတင်းလွင့်ထားတယ်။ ဒါဆိုရင် တင်အောင်မြင့်ဦး ကို ရှေ့ဆုံးကဖြုတ်သင့်တယ်လို့ ၀န်ထမ်းတွေက ဆိုပါတယ်။
ဒီလိုရွှေ့ပြောင်းမှုတွေကို တင်အောင်မြင့်ဦး (ကာလုံ-၀န်ကြီးဌာန) က လုပ်ခဲ့တာလို့ ဆိုတယ်။ သမ္မတ သိန်းစိန် နဲ့ စစ်ဦးစီးချုပ်မင်းအောင်လှိုင် တို့ဟာ အရုပ်တွေမျှသာဖြစ်ပြီး တကယ်ဆုံးဖြတ်ချက်တွေကို လုပ်နေတာကတော့ တင်အောင်မြင့်ဦး၊ ခင်အောင်မြင့်၊ လှထွန်း နဲ့ ကျော်ဆန်းတို့ ဖြစ်တယ်။ သူတို့ကို လေးဦးဂိုဏ်းလို့ ၀န်ကြီးတွေက နောက်ကွယ်မှာ ခေါ်ဝေါ်သုံးဆွဲနေကြပါတယ်။

No comments:

Post a Comment