ဒီနေ့ သတင်းထူးတစ်ခုကို သိရပါတယ် အဖြစ်အပျက်ကို
သေချာမသိရသေးပါ။မြန်မာ့တပ်မတော်လေ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းဟာ
ဘင်္ဂလားဒေ့်နိုင်ငံ ကော့ဘဇာ လေဆိပ်မှာ ဆင်းသက်ပြခဲ့ပါတယ် ဒါဟာ
မတော်တဆလား၊မြန်မာ့တပ်မတော်လေက တိုက်ခိုက်ရေးစွမ်းရည်ပြသခဲ့တာလားဆိုတာ
မသိရသေးပါဘူး။ဘာဘဲဖြစ်ဖြစ်ဒီသတင်းဟာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဟိုးအရင်က
ရန်ကုန်လေဆိပ်ကို သူတို့လေတပ် အပ်ဖ်-၇ လာရောက်ဆင်းသက်ခဲ့တာ
မသိလိုက်ဘူးလို့ဆိုတာကရော...အခုဟာရော
စဉ်းစားစရာကောင်းပါတယ်..။မိမိနိုင်ငံနားမှာ လေတပ်စခန်းတည်ဆောက်ပြီး
ဝေဟင်ပိုင်နက်ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့သူတို့လေတပ် ရေဒါတွေက
မဖမ်းမိတာလား၊ဒါမှမဟုတ် လစ်ဗျားအရေးအခင်းအစပိုင်းက နေတိုးတပ်ဖွဲ့တွေ
လေကြောင်းကဝင်တိုက်တော့ လစ်ဗျားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက
အလုပ်မလုပ်နိုင်ခဲ့သလိုဘဲလားဆိုတာမသိရပါဘူး..နှစ်နိုင်ငံလေတပ်ချင်း
ပူးပေါင်းမှုလားဆိုတာလည်းစဉ်းစားစရာပါ..ကျွှန်တော့်အနေနှင့်ကတော့
ဘာဘဲဖြစ်ဖြစ် ဘင်္ဂလားဒေ့နိုင်ငံအနေနှင့်
လေတပ်စခန်းအသစ်တေါတည်ဆောက်နေ၊လေကြောင်းရန်ကာကွယ်ရေးတပ်တွေ တိုးချဲ့နေပင်မဲ့
အားကိုးလို့မရဘူးဆိုတာ တွေ့ရပါတယ်..။အကြောင်းကို
သိတဲ့သူများရှိရင်ပြောပြပေးကြပါဦးခင်ဗျာ..။ဘယ်လေယာဉ်
အမျိုးအစားလည်းဆိုတာမသိရသေးပါဘူး..။
http://mmmilitary.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%20%E1%80%B1%E1%80%9C%E1%80%90%E1%80%95%E1%80%B9 မှ ဖော်ပြသည်
No comments:
Post a Comment