စာမျက်နာ

Thursday, August 4, 2011

၁၀ ကြိမ်မြောက် နိုင်ငံတကာ စစ်လက်နက်ပစ္စည်းပြပွဲ


 
တူရကီနိုင်ငံ အစ်တန်ဘူ မြို့မှာ ဒီကနေ့ (မေ-၁၀)  ၁၀ ကြိမ်မြောက် နိုင်ငံတကာ ကာကွယ်ရေးသုံး ပစ္စည်းများ ပြပွဲစတင်ဖွင့်လှစ်ရာ တူရကီသမ္မတ Abdullah Gul နှင့် ကာကွယ်ရေးဝန်ကြီး Hayrettin Uzun အပါအ၀င် တပ်မတော်အကြီးအကဲများ ၊ စစ်ဘက်နယ်ဘက်မှ အဆင့်မြင့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည် ။အဆိုပါပြပွဲတွင် ဂျက်တိုက်လေယာဉ်များ ၊ ဒုံးပျံများ ၊ တင့်ကားများ ၊ စစ်ရေယာဉ်များ နှင့် အခြားကာကွယ်ရေးသုံးပစ္စည်းများ ကိုပြသလျှက် ရှိကြောင်းလည်းသိရပါတယ်။

ဒီပြပွဲမှာ တူရကီအပါအ၀င် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကုမ္ပဏီ ပေါင်း ၆၂၁ ခုကပါဝင်ပြသလျှက်ရှိပါတယ် ၊ ဒီအထဲမှာ အမေရိကန် ၊ ပြင်သစ် ၊ ဗြိတိန် ၊ ရုရှား ၊ တရုတ် စတဲ့ လက်နက်ထုတ်လုပ်တဲ့ နိုင်ငံများပါဝင် ပြသလျှက်ရှိပါတယ် ။









 


အမေရိကန် Raytheon ကုမ္ပဏီကြီးက integrated fighter နှင့် patriot missiles များပါဝင်ပြသလျှက်ရှိပြီး Lockhed Martin ကတော့ ၄င်းတို့ကုမ္ပဏီထုတ် စနိုက်ပါသေနတ်များ ၊ လမ်းညွှန်စံနစ်သုံး ဒုံးပျံများ ပြသနေပါတယ် ။ တူရကီနိုင်ငံ ရဲ့ Otokar ကုမ္ပဏီကတော့ ပင်မတိုက်ပွဲဝင် တင့်ကားတွေကို ပါဝင်ပြသလျှက်ရှိတယ်လို့ဆိုပါတယ် ။






တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aerospace Long-march International Trade Company of China ကတော့  LY-80, FB-6A and FN-16 အမျိုးစား မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး စံနစ်သုံး missile system များကို ပြသလျှက်ရှိပါတယ် ။
ဒီပြပွဲမှ ပြနေတဲ့ လက်နက်ပစ္စည်းအမျိုးမျိုးကို အသေးစိတ် လေ့လာလိုသူများ သိရှိနိုင်ပါရန် အောက်တွင် နောက်ဆက်တွဲအဖြစ်ဖေါ်ပြအပ်ပါသည် ။

No comments:

Post a Comment