ရန်ကုန်မှ ဆန္ဒပြပွဲများ
Monday, September 26, 2011
ရွှေဝါရောင် နှစ်ပတ်လည် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ နေရာ ၅ ခုမှာ စုဝေး၊ ချီတက်ကြတဲ့ အသေးစား ဆန္ဒပြမှုတွေ ဖြစ်နေတယ်လို့ ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်က ပြောပါတယ်။
ဧရာဝတီမြစ်အရေး စိုးရိမ်သူများ၊ NLD နော်အုံးလှ၊ တွံတေး ကျူရှင်ဆရာ ဦးအောင်ဖေ စတဲ့ ပုဂ္ဂိုလ်များ သီးခြားစီ ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
၂း၀၀ မြောက်ဥက္ကလာမှာ ချီတက်နေသူတွေ လူစုခွဲလိုက်တယ်။ ဆူးလေဘုရားဘက်ကို ကားနဲ့ သွားကြပြီ။
လုံထိန်းများက လိုက်လံကြည့်ရှုသည်။ ဖမ်းဆီးမှု မရှိ။
No comments:
Post a Comment