စာမျက်နာ

Tuesday, October 11, 2011

သာယာဝတီအကျဉ်းထောင်မှအကျဉ်းကျခံနေရသူအယောက်၂၀၀ကျော်လွတ်မြောက်၊နိုင်ငံရေးအကျဉ်းသား ၂၉ ဦးပါဝင်





သာယာဝတီအကျဉ်းထောင်ကြီးမှ အကျဉ်းသား စုစုပေါင်း (202) ဦးကို ယနေ့မွန်းလွဲ (2) နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအကျဉ်းသား (202) ဦးတွင် ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ (29) ဦးလည်း အပါအ၀င်ဖြစ်သည်။ သာယာဝတီအကျဉ်းထောင် ကြီး၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ စုစုပေါင်းမှာ (63) ဦး ရှိနေပြီး ယင်းတို့အနက် (29) ဦးသာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် သာယာဝတီမြို့နယ် NLD ပါတီအတွင်းရေး မှူး ကိုမောင်မောင်လွင်က ပြောသည်။ ယနေ့နံနက် 11 နာရီ 30 မိနစ် ၀န်းကျင်အထိ ရရှိသော သတင်းများအရ၊ သာယာဝတီ အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေကြသော မိသားစုဝင်ပေါင်း (100) ၀န်းကျင်ခန့်ရှိနေ ကြောင်းသိရသည်။

No comments:

Post a Comment