အောင်သာနီ ရဲ. ပေးစာ
သို့ 
မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )
ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
လေးစားစွာဖြင့် ။ ။။။ သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို
အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊ အာဘော်များကို
ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပ...ါရန်ယနေ
့ အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဋ္ဌါန
မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော
သတင်းများ၌ သတင်းများကို ကြားကြရပါပြီ ။ ယင်းသတင်းမှာ မြန်မာနိုင်ငံ
လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို
မေးမြန်းရာ၌ ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း အတိအလင်း အတည်ပြု
ပြောဆိုသွားပါသည်။ဦးမောင်မောင်သန်းမှာ လူဝင်မှုကြီးကြပ်ရေးမှုး ညွှန်ကြားရေးမှုးချုပ်ဖြစ်သောကြောင့်
မြန်မာနိုင်ငံတွင် ည်သည့်တိုင်းရင်းသား လူမျိုးများနှင့်
လူမျိုးစုနွယ်များက မည်မျှ ရှိသည်ကို သိရှိထားသော
တာဝန်ရှိအစိုးရအဆင့်မြင့်အရာရှိဖြစ်ပါသည်။သို
့အတူ ဗိုလ်ချုပ်ခင်ရီမှလည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅
) မျိုး ရှိကြောင်း ကြေညာထားခဲ့ ပြီး ဖြစ်ပါသည် ။ မျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးကလည်း ယင်းသို့  ပြောဆိုခဲ့ ပြီးဖြစ်ပါသည်။
အသက်(၈၅ ) နှစ်အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးမှာ ယင်းသို့ ပြောဆိုခဲ့ ၍
ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရပါသေးသည်။ မြန်မာနိုင်ငံ၏
ခေတ်အဆက်ဆက်အစိုးရများမှ ယခုကဲ့ သို့  မြန်မာနိုင်ငံရှိ
တိုင်းရင်းသားလူမျိုးများ အကြောင်းကို တိတိကျကျ
ဖေါ်ပြရှင်းလင်းထားပြီးဖြစ်ခြင်းကိုလည်း
မီဒီယာများမှ သိရှိပြီး ဖြစ်ကြပါသည် ။ သို့ သော်
၈၈-အရေးအခင်းဖြစ်လာပြီးနောက် စစ်အစိုးရ၏ လမ်းဘေးမြောင်းပုပ်မှ အနံ့  ဆိုး
နံခြင်းလည်း ဗိုလ်ချုပ်ကြီးတွေ မကောင်းလို့  လူ့ခွင့်အရေးချိုး
ဖေါက်ခြင်းခံရခြင်းဆိုပြီး မီဒီယာတွေက လုပ်လာသောအခါ လူ
့အခွင့်အရေးချိုးဖေါက်ခံနေရပါသည်ဟု
ဆိုသောသတင်းများမှာ ခေတ်စားလာပါတော့သည်။ ယင်းသို့ ခေတ်စားလာရာမှာ ယခုလို
သမိုင်းလိမ်သော ပြသနာက ထိပ်ဆုံးမှသိမသာနှင့် နေရာဝင်ယူလာခဲ့ ခြင်းဖြစ်ပါသည်
။မည်သို့ ပင်ဆိုစေကာမူ အသံလွှင့်သတင်းဋ္ဌါနများနှင့်
ဂျာနယ်မီဒီယာများအနေဖြင့် ယခုအချိန်တွင် တင်းထုတ်ပြန်ရေးသား လွှင့်ထုတ်ဖြန်
့ချီကြလျှင် အထူးသတိပြုစရာ အချက်တခုကိုတိကျကျ ဆောင်၇ွက်ကြရန်လိုပါသည်။
ယခင်က လွှင့်ထုတ်ခဲ့ သော သမိုင်းလိမ်လူမျိုးများ၏ အင်တာဗျူးများ ၊
သတင်းများ၊ အာဘော်များကို ဆက်လက် မလွှင့်ထုတ်ရန်နှင့် ရေးသားခြင်းမပြုကြရန်
အသိပေးအပ်ပါသည် ။ ယနေ့  ကြားလိုက်ရသော ဘီဘီစီမြန်မာပိုင်း သတင်းဋ္ဌါနမှ
သတင်းသည် သက်ဆိုင်ရာမြန်မာနိုင်ငံအစိုးရ၏
တာဝန်ရှိအဆင့်မြင့်အရာရှိမှ အစိုးရ၏ ပေါ်လစီသတင်းကို ကြေညာခြင်း ဖြစ်ရာ
ယင်းသတင်းကို အတည်ပြုထုတ်လွှင့်ခြင်းပင် ဖြစ်ပါသည် ။ သတင်းဋ္ဌါနများနှင့်
ဂျာနယ်မီဒီယာများသည် ယခုကဲ့ သို့  သတင်းအရင်းအမြစ်များကို
အတည်ပြုချက်ရယူပြီးမှ ရေးသားထုတ်လွှင့်ရန် သာ လိုအပ်ပါသည် ။သို့ ဖြစ်ပါ၍
ခိုင်လုံသော သတင်းအရင်းအမြစ် မရှိသည်များကို အတည်ပြုချက်များ မပြုလုပ်ဘဲ
နောက်နောက် ထုတ်လွှင့်ခြင်း ၊ ရေးသားနေကြခြင်းများအား မပြုလုပ်မိကြစေရန်
မိမိတို့  ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ
ဆောင်၇ွက်ကြပါရန်နှင့် ဘီဘီစီဋ္ဌါနကဲ့ သို့  အတည်ပြုချက်ရယူပြီးမှ အခြားသော
အသံလွှင့်ဋ္ဌါနများက ထုတ်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်သာနီ
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
( ပရော်ဖက်ဆာဒေါက်တာကြွက် စာမျက်နာမှ ကူးယူဖော်ပြသည်) မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ...... မြန်မာတွေ မြန...
-
စာချုပ်စာတမ်းနမူနာများ ...
-
ဇီဝဗေဒ Biology studies the variety of life (clockwise from top-left) E. coli , tree fern , gazelle , Goliath beetle ဇီဝဗေဒဘာသာရပ...
-
Written by Won Thar Nu ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
ထိုင်းတီဗီ 9 လိုင်းက အင်တာဗျူး ကောင်းတဲ့ တစ်ယောက်နဲ. ထိုင်းဘုရင့် သမီးတော်(တတိယ) စကားပြောကြတဲ့နေရာမှာ မှတ်သားလောက်တဲ့ စကားတစ်ခွန်း ကြား...
-
ဗန်းမော်တင်အောင် ( သို့မဟုတ် ) ပြည်သူ့ဘက်ကရပ်တည်ခဲ့သော စာရေးဆရာကြီး သိပ္ပံချစ်သူ ဧပြီ ၂၂၊ ၂၀၁၁ ပြည်သူ့ဘက်က ရပ်တည်၍ ပြည်သူကို ...
No comments:
Post a Comment