စာမျက်နာ

Sunday, November 6, 2011

ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့များသို့ ပဋ္ဋိပက္ခကြောင့်ရွှေ့ပြောင်း ရောက်ရှိလာသော ကချင်မိသားစုများအား ထောက်ပံ့ငွေများပေးအပ်

 Thwaythit Sar on Sunday, November 6, 2011 at 4:22am
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ဦးဆောင်တဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၂ ရက် နံနက် ၈ နာရီက ၀ိုင်းမော်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်း ၊ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်း ၊မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ဆွတ် ငိုင်ကောင်(စီတပူနှစ်ခြင်းဘုရားကျောင်း)၊ မန်ခိန်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်၊မြို့သစ်ကြီးရပ်ကွက်၊ ဒူကထောင် ရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတို့မှာ လတ်တလောပဋ္ဋိပက္ခကြောင့် ၀ိုင်းမော်နဲ့ မြစ်ကြီးနားမြို့များကို ပြောင်းရွှေရောက်ရှိလာတဲ့ ကချင်မိသားစုတွေကို ထောက်ပံ့ငွေနဲ့ မိသားစုသုံး ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ပြီး၊ UN အဖွဲ့အစည်များဖြစ်တဲ့ UNHCR, UNICEF,UNOHCA, WFP နှင့် NGO များနဲ့တွေ့ဆုံပေး ခဲ့တယ်လို့အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။



စုစုပေါင်း ထောက်ပံ့ကြေးငွေ သိန်း(၁၃၀)ရှစ်သောင်း၊မိသာစု ပစ္စည်းများအပြင် အိမ်ထောင်စု ၆၀၀ အတွက်ငွေကျပ်၄၉၂ဒဿမ၂၇သိန်း တန်ဖိုးရှိမိသားစု သုံးပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။





အထက်ပါသတင်းနဲ့ ပက်သက်ပြီး စီတာပူကကိုဘရန်နောင်က “အခုဒီထောက်ပံ့ငွေနဲ့ မိသားစုသုံး ပစ္စည်းတွေ ပေးအပ်တဲ့ပွဲမှာ ထူးခြားတာကတော့ ယောင်္ကျားတွေမတွေ့ရဘူးဗျ၊ ကချင်အမျိုးသမီးတွေနဲ့ကလေး ငယ်လေး တွေကိုဘဲတွေရတယ်၊ ကချင်ယောင်္ကျားတွေက KIA စစ်သားလုပ်နေရတယ် ထင်တယ်”လို့ပြော ကြားခဲ့ပါတယ်။

No comments:

Post a Comment