စာမျက်နာ

Saturday, January 28, 2012

ပြည်သူတို.ဧ။်ရင်ဖွင့်သံ

သို့/

သမ္မတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ

အကြောင်းအရာ။ ။ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှ လူမှောင်ခိုများကိစ္စ

ကျွန်တော်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လွန်ခဲ့သောရှစ်လခန့်က အလုပ်သွားရောက်လုပ်ကိုင်ခဲ့ ပါသည်။ 18.01.2012 နေ့တွင် ထိုင်းရဲမှ အလုပ်သမားလက်မှတ်မရှိ၍ ဖမ်းဆီးပြီး မဲဆောက်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရပါသည်။ ထို့နောက် ချစ်ကြည်ရေးတံတားမှ ပြန်မလွှတ်ပဲ ၁၀ ခွဲဂိတ် (ယခင် DKBA ယခု BGF) ဂိတ်သို့ ပို့ဆောင်ခဲ့ပါသည်။ မြန်မာဘက်ကမ်းရောက်တော့ ဂိတ်တာဝန်ခံနှင့် လူပွဲစား ကျော်ဦးဆိုသူမှ ဘတ်ငွေ ၁၅၀၀ မပေးနိုင်လျင် လွှတ်မပေးနိုင်ဟု ပြောပါသည်။ ကျွန်တော် တို့မှာ ပိုက်ဆံမပါပါဘူး၊ အဖမ်းခံထိပြီးပြန်လာတာပါဟု တောင်းပန်သော်လည်းမရပါ။ ထို့နောက် ကျွန်တော့ မိဘများထံဖုန်းဆက်ခိုင်းပြီး ပိုက်ဆံ ၁၅၀၀ ဘတ်ပေးပြီးမှ ပြန်လွတ်ခဲ့ပါတယ်။ အခုမြန်မာပြည်မှာ ဒီမိုကရေစီလဲရပြီ၊ လွတ်လပ်ပွင့်လင်းလာပြီ ဆိုသော်လည်း ယခုကဲ့သို့ ငွေမတရား တောင်းခံမှုမျိုးကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ပိုက်ကြည့်နေလျင် မရှိဆင်းရဲသားများဘဝ ပိုမို ဒုက္ခရောက်မည်ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီးမှ ကူညီဖြေရှင်းပေးပါရန် ကျွန်တော် ခိုင်ထွန်းလေးမှ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်။ ။၎င်းလူပွဲစား ကျော်ဦးနှင့် ဇနီးမှာ လူကုန်ကူးမှုဖြင့် ဝရမ်းထုတ်ခံထားရတာ ကြာနေပြီ ဖြစ်သော်လည်း နယ်မြေခံအာဏာပိုင်များကို ငွေနှင့်ပေါက်၍ လွတ်မြောက်နေကြောင်း သိရပါသည်။ ကျွန်တော်ကဲ့သို့အလားတူခံခဲ့ရသော ဘဝတူအလုပ်သမားများ နေ့စဉ်နှုင့်အမျှ များစွာရှိပါသည်။
ခိုင်ထွန်းလေး

No comments:

Post a Comment