စာမျက်နာ
▼
(ဘာမားဗီဂျေမှကူးယူဖော်ပြသည်)ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဆားပြင်ကျေးရွာမှာ နေထိုင်တဲ့ ကိုတင်ဝင်းဆိုသူကို အရက် အလွန်အကျွံမူးနေတဲ့ ကျေးရွာဥက္ကဌ ဦးသိန်းရွှေနဲ့ မြို့နယ် ဒုရဲအုပ် စိုးမိုးအေးတို့က မတရား ရိုက်နှက် ထိုးကြိတ်မှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဒီ ရိုက်နှက်မှုကို မတ်လ ၁၅ ရက်နေ့က တရွာထဲနေ မောင်ဒေါင်းကြီး ဆိုသူက သူ့ရဲ့နေအိမ်ထဲကို ခဲပစ်သွင်းပါတယ်ဆိုပြီး စွပ်စွဲတိုင်ကြားခဲ့တာကြောင့် အခုလို ရိုက်နှက်ခဲ့တာဖြစ်ပြီး ရိုက်နှက်နေတဲ့ အချိန်မှာလည်း ခြိမ်းခြောက် ပြောဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။ ကိုတင်ဝင်းမှာ အခုလို ရိုက်နှက် ခံရတာကြောင့် ပါးစပ်နဲ့ နှာခေါင်းတို့မှာ သွေးတွေ ယိုကျတာတွေနဲ့ ရင်ဘတ်နဲ့ ကျောပြင် တွေက အောင့်နေတာကြောင့် တောင်ကုတ် ဆေးရုံနဲ့ စစ်တွေ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူ ခဲ့ရပါတယ်။ အခုအခါ ဒီမတရားရိုက်နှက်မှုကို တောင်ကုတ် မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှ ရွာသားအယောက် ၆၀ ခန့်က စုပေါင်း လက်မှတ်ထိုးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို လာရောက် ဖြေရှင်း အရေးယူ ပေးဖို့အတွက် တိုင်ကြား တောင်းဆို ထားတယ်လို့ သိရှိ ရပါတယ်။
No comments:
Post a Comment