စာမျက်နာ

Tuesday, May 29, 2012

ထိုင်းရောက်မြန်မာတစ်ဦးဧ။် ဆန္ဒ


မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိရေးဆန္ဒပြတောင်းဆိုနေတာအများသိပါ။ကျွန်တော်တို့ငယ်ကတည်းက
မီးခွက်နဲ့နေလာခဲ့တာ နှစ် ၄၀ဆယ်ပြည့်ပါပြီ။မိမိ နိုင်ငံမှာတော့လျှပ်အလင်းရောင်းမရှိအမှောင်နိုင်ငံ သူများတိုင်းပြည်မှာတော့ မြန်မာပြည်မှ ဂစ်တွေ ရေအားလျှပ်စစ်တွေနဲ့မီးလင်းနေတယ်။ဒါကိုလျှပ်စစ်မီးရရှိ
ရေးတောင်းဆိုတာကို လူတစ်စုက ဖမ်းလားဆီးလားလုပ်နေသေးတယ်။အဲဒီလူတွေ အခန်း-အီမ်တွေမှာ
တော့ လျှပ်စစ်မီး လိုလောက်မူရရဲလား ရရင်လဲ ခရမ်းချင်သီးအရောင် မီးလုံးလောက်ရမှာပေါ့ သူတို့ကိုအ
အမိန့်ပေးနေတဲ့အိမ်မှာတော့ မီးအားအပြည့် ၂၄နာရီရမှာပါ။လျှပ်စစ်မီးရရှိရေးဆန္ဒပြတောင်းဆိုနေတာ
ဖမ်းလား ဆီးလား လုပ်နေတဲ့လူတွေအတွက်လဲပါတယ်။အကယ်၍မီးရပြီဆိုရင် သူတို့ အခန်း-အိမ်တွေမှာအ
ရင်ရမှာ။ရွှေညဝါဆရာတော် မေတ္တာပို့သလို့ ရွာတောင်ပိုင်းမှ ငတုတ်ကြီးအိမ်မပါ လို့ဆိုရမယ်။
မြန်မာပြည်ရဲ့ လျှပ်စစ်သုံးစွဲမှု မီဂါဝပ် ၁၅၀၀ နဲ့ ကျေနပ်နေရမှာလား။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံနဲ့ လုံးတူဒေါက် တူ နိုင်ငံတွေရဲ့လျှစ်စစ်သုံးစွဲမှုကိုကြည့်ရင် ထိုင်းနိုင်ငံရဲ့လျှပ်စစ်သုံးစွဲနိုင်မှုက ၁၃၄. ၄ ဘီလီယံ ကီလိုဝပ်ရှိတယ်။ ဗီယက် နမ်က ၈၅ ဘီလီယံ ကီလိုဝပ်၊ အင်ဒိုနီးရှားက ၁၁၉ ဘီလီယံ ကီလိုဝပ်တွေ သုံးစွဲနေချိန်မှာ မြန်မာပြည်က ၄.၄ ဘီလီယံ ကီလိုဝပ်ပဲ ရှိတာကိုတွေ့ရပါတယ်။
ဖမ်းလားဆီးလားလုပ်နေသောသူတွေ အရှေ့ အနောက် တောင် မြောက်စဉ်းစားပြီးလုပ်စေချင်တယ်
အမိန့်ပေးတဲ့လူတွေက လူငါးယောက်အထက် လူပိုပြီးစုလိုမရဘူးဆိုနေတယ် လာဖမ်းတဲ့လူတွေက ငါးယောက်မကဘူး သူတို့လဲ ငါးယောက်အထက် လူပိုပြီးမစုနဲ့ပေါ့လို့ပြောလိုက်ပါတယ်။တခေတ် ထက် တခေတ် ပိုပြီးကောင်းအောင်လုပ်ရမှာပါ။မ္မတ ခေတ်မှာ ရေမီးစုံအောင်တော့နေချင်ပါတယ်။လျှပ်စစ်မီးရရှိ
ရေးက ကဓိကပါ လျှက်စစ်မီးရှိလာမှာ ခေတ်မီဖွင့်ဖြိုးတိုးတတ်သော နိုင်ငံဖြစ်လာမှာပါလိုဆိုပါရစေ။
ဟိုဖက်ကမ်းက မီးထိန်ထိန် ထိုင်းနိုင်ငံတို့အိမ် ဒီဖက်ကမ်းက မီးမှိန်မှိန်ကျွန်တော်တို့နေတဲ့ မြန်မာနိုင်ငံအိမ်။
လျှပ်စစ်မီးမြန်မြန်ရပါစေလို့ဆုတောင်းပါတယ်။


ဟန်ဝင်း

No comments:

Post a Comment