စာမျက်နာ
▼
ဗျိုင်းဖြူရွာတွင်လူ(၅)ဦးသေဆုံး
ဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသောစစ်တွေမြို့
မြောက်ဘက်ရှိဗျိုင်းဖြူရွာတွင် သံတော်လီရွာမှ ဘင်္ဂါလီများကနေအိမ်များကို
မီးရှို့ကာဒေသခံများကိုသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသား
ငါးဦးသေဆုံးပြီးဒဏ်ရာရရှိသူအများအပြားရှိကြောင်းဒေသခံများထံမှ ဇွန်လ
၁၂ရက်နေ့ နံနက်၁၁နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။
ဘင်္ဂါလီများကနေအိမ်များကိုမီးရှို့ကာသေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင်းဗျိုင်းဖြူရွာတွင်
ယမန်နေ့က (၃)ဦးသေဆုံးခဲပြီး ယနေ့(၂)ဦး ထပ်မံသေဆုံး
ခဲ့ကြောင်းအဆိုပါကျေးရွာသို့ ယခုအချိန်ထိလုံခြုံရေးတပ်ဖွဲ့ဝင်များ
မရောက်ရှိသေးကြောင်း၎င်း တို့ကဆိုသည်။
“လုံခြုံရေးတွေမရောက်လို့ ကိုယ့်ဟာကိုယ်ဘဲကာကွယ်နေရတယ်။“ ဟုဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
No comments:
Post a Comment