စာမျက်နာ

Saturday, June 9, 2012

စစ်တွေ(ည၉နာရီ) သတင်း



ဘင်္ဂါလီအများစုနေထိုင်ရာ စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေကျေးရွာသို့ အနီးအနားရွာများမှ ဘင်္ဂါလီများ လာရောက်စုရုံးနေကြသည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ စစ်တွေမြို့နယ်မှ ဦးအောင်မြကျော်ကပြောသည်။ ၄င်းက“မြို့ပြင်ဖက်မှာတော့ တော်တော်စိုးရိမ်ရတဲ့အခြေအနေရှိတယ်၊ မြို့ထဲမှာတော့ ထိန်းချုပ်လို့ရနေတယ်”ဟုပြောသည်။ သူ၏ပြောပြချက်အရ ဘုမေကျေးရွာတွင် စုစည်းနေသူအင်အားမှာ အလွန်များပြားနေကြောင်း၊ ရဲတပ်ဖွဲ့ လုံခြုံရေး အင်အား ၄၀ခန့်သည် အဆိုပါကျေးရွာနှင့် မြို့ကို ပိုင်းခြားတည်ရှိသည့် စစ်တွေမြို့ဖက် ရထားလမ်းမှနေ၍ ဘင်္ဂါလီများဝင်ရောက်ရန် မကြာခဏ ကြိုးစားနေသဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းနေကြောင်း၊ လုံခြုံရေးဖွဲ့များ၏ အင်အားမှာ ယနေ့ညဦးပိုင်းအချိန်အထိ နည်းပါးစွာပင်ရှိနေသေးကြောင်း ၄င်းကပြောသည်။

ပြည်သူ့ခေတ်ဂျာနယ်

No comments:

Post a Comment