ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စု သပြေချောင်ကျေးရွာနေ မသီတာထွေးအား
မုဒိန်းကျင့် လူသတ် လုယက်မှုနှင့် ပတ်သက်သည့် အဓိက တရာခံတစ်ဦးဖြစ်သူ ထက်ထက်
(ခ) ရော်ချီးမှာ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျောက်ဖြူခရိုင်၊
ကျောက်ဖြူမြို့ အကျဉ်းထောင်၌ မိမိဝတ်ထားသော လုံချည်အနားကို ဆုတ်ဖြဲကာ
ကြိုးအဖြစ်ပြုလုပ်ပြီး မိမိကိုယ်ကို မိမိ အဆုံးစီရင်သွားကြောင်း
သတင်းရရှိပါသည်။
ဇွန်လ ၁၀ ရက်(ယနေ့) နံနက် ၆ နာရီတွင်
အဆိုပါတရားခံ ထက်ထက်၏ အလောင်းကို ရင်ခွဲရုံတွင် ခွဲစိတ်ခဲ့ကြောင်းနှင့်
နံနက် ၉ နာရီတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment