စာမျက်နာ
▼
ဘူးသီးတောင်တွင် ရေကန်အတွင်း အဆိပ်ခတ်ရန် ကြံရွယ်သူများကို ခြောက်လှန့်ပစ်ခတ်

မီးဇင်ရပ်ကွက်မှ ဘင်္ဂါလီလူမျိုးများ မီးရှို့ရန် ပြင်ဆင်ထားသည့်ဓာတ်ဆီပုံးများ
ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်(၄/၅) ရှိ ကန်တော်ကြီး ရေကန်သို့ အဆိပ်ခတ်မည်
ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ
ကြိုတင်၍ လုံခြုံရေးယူ ဆောင်ရွက်ထားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ည ၂၂:၃၅
နာရီချိန်တွင် အဆိပ်ခတ်ရန်ကြံရွယ်သူ ဘဂါလီလူမျိုးနှစ်ဦး
ကို လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့်
ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook
စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက ဖော်ပြထားချက်အရ သိရသည်။
ရေကန်အတွင်းသို့ လူဆင်းလာသည့်အသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့က ဓာတ်မီးဖြင့်
ထိုးကြည့် ရာ လူ(၂)ဦး ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ဖမ်းဆီးနိုင်ရေး
ဆောင်ရွက်ရာ ယင်းလူ(၂) ဦးမှာ လောက်လေးခွဖြင့်
ပြန်လည်ပစ်ခတ်ခဲ့ပြီးလုံခြုံရေးတာဝန်ယူထားသည့်
တပ်မတော်သားများက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီလူမျိုး တစ်ဦး
သေနတ်မှန်ကာ တစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ
အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
သေနတ်ထိမှန်၍ ကျန်ရစ်ခဲ့သည့် ဘင်္ဂါလီလူမျိုးမှာ ဘူးသီး တောင်မြို့မှ
(၃)မိုင်ခန့်အကွာ ကျောက္ကရွာမှ ဖြစ်ကြောင်း၊ ၄င်းထံတွင် ဓါးတစ်လက်၊
လေးခွနှင့် လောက်စာလုံးများ တွေ့ရှိရပြီး ၄င်းတို့လုပ်ဆောင်သည့် အခြေအနေ
အား စိစစ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။
The Voice Weekly
No comments:
Post a Comment