စစ်တွေမြို့အတွင်း ယမန်နေ့ညက မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် ဘင်္ဂါလီများက ချောင်းရိုးများမှတစ်ဆင့် စစ်တွေမြို့တွင်းသို့ ဝင်ရောက်ရန်ကြိုးစားသဖြင့် စစ်တွေဒေသခံများက လုံခြုံရေးကို ညလုံးပေါက်နီးပါး တာဝန်ယူ စောင့်ကြပ်ခဲ့ပါသည်။ စစ်တွေမြို့တွင်းရှိ ဘီလူးမချောင်းမှတစ်ဆင့် ဘင်္ဂါလီ သုံးဦး မီးသတ်ဝတ်စုံဖြင့် ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ လုံထိန်းများနှင့် စစ်တပ်မှလည်း မြို့အတွင်း ကင်းပုန်းများချ၍ လည်းကောင်း၊ လှည့်ကင်းများ လှည့်လည်၍ လည်းကောင်း လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယမန်နေ့ည သန်းခေါင်အချိန်တွင် သေနတ်ပစ်ဖောက်သံအချို့ ကြားခဲ့ရကြောင်း Eleven Media Group မှ သတင်းထောက်၏ ပေးပို့ချက်အရ သိရှိရပါသည်။
ယမန်နေ့ညက စစ်တွေမြို့ပေါ်ရှိ NGO အချို့၏နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ သက်ဆိုင်ရာမှ အတည်မပြုနိုင်သေးသော သတင်းများအရ NGO အဖွဲ့တစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို
ယနေ့တွင် UN အဖွဲ့မှ တာဝန်ရှိသူအချို့ လေယာဉ်စင်းလုံးဌားပြီး စစ်တွေမြို့သို့ ရောက်ရှိလာမည်ဟု သတင်းများထွက်ပေါ်နေပါသည်။ ထိုသတင်းကို ကြားသိထားရသော်လည်း ယခုအချိန်ထိ အတိအကျမသိရှိရသေးကြောင်း စစ်တွေလေယာဉ်ကွင်းတွင် စောင့်ဆိုင်းနေသော တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယနေ့နံနက်ပိုင်းတွင် ဓညဝတီ (ခ)ရပ်ကွက်ရှိ ဓမ္မရာမ ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့လိုက်ကြောင်း သိရပါသည်။
စစ်တွေမြို့တွင် ရပ်ကွက် ၃၃ ခုရှိပြီး နာဇီရွာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရပ်ကွက်များမှာ ဘင်္ဂါလီများ အခြေစိုက်နေထိုင်သည့် ရပ်ကွက်များဖြစ်ကြပါသည်။ အဆိုပါရပ်ကွက်များအနက် ဘုမေရွာရပ်ကွက်ရှိ ဘင်္ဂါလီများ၏ ထကြွမှုမှာ ငြိမ်သက်သွားပြီဖြစ်သော်လည်း ကျန်ရပ်ကွက်နှစ်ခုမှာ ငြိမ်သက်မှုမရှိသေးကြောင်းသိရပါသ
ယနေ့တွင် နာဇီရွာရပ်ကွက်ရှိ အကွက်အမှတ် ၁ ၊ ၂ ၊ ၁၁၊ ၁၂ မှ ဘင်္ဂါလီများ ထကြွလာနိုင်သည်ဟု စစ်တွေဒေသခံလုံခြုံရေးတာဝန်ရှိသ
လက်ရှိအချိန်ထိ စစ်တွေမြို့၏ အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ခိုင်မာတိကျသော အတည်ပြုချက်မရရှိသေးပဲ စစ်တွေဒေသခံများ၏ သတင်းပေးပို့ချက်များကိုသာ သတင်းထောက်များက အားပြုနေရကြောင်း သိရသည်။
No comments:
Post a Comment