မောင်တောမြို့နှင့်
ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏
အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင် လူသုံးဦး သေဆုံးခဲ့ပြီး
သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက်
၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။
မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း (၃၈နှစ်)
နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်) တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ
လူငါးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည်
ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။
ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး
ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင်
ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ
ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ
ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည်ဟု သိရပါသည်။
No comments:
Post a Comment