စာမျက်နာ

Friday, June 24, 2011

မန္တလေး ဈေးချိုဟိုတယ်ရှေ့တွင် ယနေ့(ဇွန် ၂၄ ရက်နေ့) မွန်းတည့်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

PDF  | Print |
AddThis Social Bookmark Button : မန္တလေးတွင် မွန်းလွဲ ၃ နာရီ အချိန်၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကာ  ၈၄လမ်း ၃၁၊ ၃၂ ကြား ရွှေနိုင်ငံ ရွှေဆိုင်နှင့် ပရိယတ္တိသာသနဟိတအသင်း ဓမ္မသာလာအနီး ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ဆက်လက် သိရှိရသော သတင်းများအရ ၈၄လမ်း ၃၁၊၃၂ ကြားတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ အမှိုက်ပုံအနီး ပြစ်ထားသော အမှိုက်ပုံးတွင် ဆောနစ်ဗုံး ဟုရေးသားပြီး ကပ်ထားသော အရာတစ်ခုကို တာဝန်ရှိသူများမှ တွေ့ရှိခဲ့ပြီးနောက်  ပေါက်ကွဲစေပြီး ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားခဲ့ပါသည်။

မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ ဂျစ်ကားမှာမူ ပျက်စီးသွားပြီး ထပ်မံ၍ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေကြောင်း သိရှိရသည်။
"၂၆ လမ်းကနေ ၂၈ လမ်းထိကို ယာယီ ကန့်သတ်လိုက်တယ် အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာ နေရာမှာ လာရောက် စစ်ဆေးလျက်ရှိတာကို တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာနေရာ အနီးသို့ သွားရောက် ကြည့်ရူနေသည့် မန္တလေးမြို့ခံ တစ်ဦးက မွန်းလွဲ ၁ နာရီခန့် တွင် ပြောကြားခဲ့သည်။

bomb1
မန္တလေးဈေးချိုဟိုတယ်ရှေ့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကို တွေ့ရစဉ်
m01
m02

m02
၈၄လမ်း ၃၁၊ ၃၂ ကြား ရွှေနိုင်ငံ ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်း အနီးတွင် ပေါက်ကွဲမှု
ဖြစ်ပွားအပြီးတွေ့ရစဉ်
m02

No comments:

Post a Comment