စာမျက်နာ

Friday, June 24, 2011

ရေလွှာလျှောစီးရင်း လက် ၃ ချောင်းပြတ်သွားသူ ဆေးဖိုးထောက်ပံ့ငွေ ကျပ် ၉ သိန်းရရှိ


Posted by Popular News on Jun 22nd, 2011 and filed under Features. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry
ရေလွှာလျှောစီးရင်း လက် ၃ ချောင်းပြတ်သွားသူ ဆေးဖိုးထောက်ပံ့ငွေ ကျပ် ၉ သိန်းရရှိ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ် ပြည်သူ့ရင်ပြင် ကစားကွင်း တွင် ရေလွှာလျှောစီး ကစားရင်း လက်ချောင်း ၃ ချောင်းပြတ်သွား သူ မောင်တင်အောင်ဖြိုးမှာ ဆေးဖိုး ထောက်ပံ့ငွေကြေး ကျပ် ၉ သိန်း ရရှိပြီးသော်လည်း သေဆုံးသူ ဖိုး ခွားခွား(ခ) စန်းဝင်းထွန်း၏ ကျန်ရစ် သူမိဘများအား မည်သို့ ကူညီ ထောက်ပံ့နေသည်ကိုမူ မသိရှိသေး ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ဇွန်လ ၁ ရက်နေ့က ဖြစ်ပေါ် ခဲ့သော ယင်းဖြစ်စဉ်တွင် နာရီဝက် သာခြား ၍ ရေလွှာလျှောစီး လာ ရောက်ကစားသူ လူငယ် ၂ ဦးအ နက် တစ်ဦးသေ၊ တစ်ဦးမှာ လက်ချောင်း ၃ ချောင်းပြတ်သွား သည့်အပေါ် ကာယကံရှင် ကစား ကွင်းဘက်မှ တစ်ပတ်ခန့်ကြာ သည်အထိ အကူအညီ အထောက် အပံ့တစ်စုံတစ်ရာ ပေးခြင်းမရှိခဲ့ဟု နစ်နာသူများဘက်က ဝင်ရောက်ကူညီသူ ဦးဖုန်းမြင့် အောင် က ပြောသည်။ ”မောင်တင်အောင်ဖြိုးအတွက် ဆေးဖိုးထောက်ပံ့ငွေရတယ် ဆိုလို့ ဝမ်းသာပါ တယ်။ သေဆုံးတဲ့ စန်းဝင်းထွန်းဆိုတဲ့ ကလေးရဲ့မိဘ တွေကိုတော့ တစ်သိန်းပေးပြီး နောက်ပိုင်း ဘယ် လောက်ထပ်ပေး တယ်ဆိုတာ မသိရသေးဘူး။ အဲဒီ မိသားစုက ဆင်းရဲသလို ဘာမှ လည်း မသိကြပါဘူး။” ဟု ဦးဖုန်း မြင့်အောင်က ဆက်လက်ပြော သည်။ လက်ချောင်း ၃ ချောင်း ပြတ်သွားသူ မောင်တင်အောင် ဖြိုးသည် ဆေးရုံတွင် ၁၄ ရက်ကြာ ဆေးဝါးကုသမှုခံယူ ပြီးနောက် ယခု အခါနေအိမ်သို့ ပြန်လည်ရောက်ရှိ နေပြီဖြစ်ကြောင်း၊ ဆေးရုံက ဆင်းပြီး နောက်တစ်နေ့တွင် ကျပ် ၉ သိန်း လာရောက်ပေးခဲ့ပြီးနောက် ယင်းကစား ကွင်းတာဝန်ရှိသူများ ထပ်မံ ဆက်သွယ်မှုမရှိတော့ကြောင်း မောင်တင်အောင်ဖြိုး၏ ဖခင်ဦးလှသောင်းက ပြောသည်။ ”ပိုက်ဆံ ကျပ် ၉ သိန်းလာ ပေးသွားတာ ကျွန်တော်တို့ကိုးကွယ် တဲ့ ဘုန်းကြီးကတစ်ဆင့် လာပေးသွားတာပါ။ ဆေးရုံမှာရောက်ပြီး တစ်ပတ်နေတော့မှ သူတို့ဘက်က လာတွေ့တယ်။ ၅ သောင်းပေး လိုက် ၃ သိန်းပေးမယ်ပြောလိုက်နဲ့ ကျွန်တော်တို့ဘက်က လက်မခံတော့တဲ့အခါကျမှ ဆေးဖိုး ၉ သိန်း လာပေးသွားတယ်။ ကျွန်တော့်သား က ဆယ်တန်းတောင်မအောင်သေး ဘူး။ အဲဒီ့ကလေးရဲ့ ရှေ့ရေးတွေ၊ အလုပ်အကိုင်ဘယ်လိုလုပ် စား မယ်ဆိုတာတွေကို သူတို့က ထည့် မတွက်ကြဘူး။ လက်ချောင်း ၃ ချောင်းမရှိတော့တဲ့ ကလေးကို သူတို့ကစားကွင်းမှာ အလုပ်ခန့် မလားဘဲ ကျွန်တော်မေးချင်ပါ တယ်” ဟု ဦးလှသောင်းက ပြောသည်။ မောင်တင်အောင်ဖြိုးပါသူ ငယ်ချင်း ၄ ဦးသည် ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ပြည်သူ့ရင် ပြင် ရေလွှာလျှောစီးကစားကွင်း သို့ သွားရောက်ဆော့ကစားရင်း ၄င်း၏ ညာလက်ချောင်း ၃ ချောင်း ပြတ်သွားခဲ့သလို၊ မောင်တင်အောင် ဖြိုးတို့ သူငယ်ချင်းတစ်စု မဖြစ်မီ နာရီဝက်ခန့်က အဆိုပါ ရေလွှာလျှောစီး၌ပင် မရမ်းကုန်းမြို့နယ်မှ ဖိုးခွားခွား(ခ)စန်းဝင်းထွန်းမှာလည်း ရေလွှာလျှောစီးပေါ်မှ အကျတွင် ဦးခေါင်းနောက်စေ့နှင့် ရိုက်မိကာ သေဆုံးသွားခဲ့သည်။
မိုးမြင့်မြတ်

No comments:

Post a Comment