စာမျက်နာ

Wednesday, December 14, 2011

မြန်မာတဦး မြင်းဆေးနဲ့အဖမ်းခံရဟု ထိုင်းသတင်းတွင် ရေးသား



ရာဘ ( ခေါ် ) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၄၅၀ သယ်ဆောင်လာတယ်လို့ စွပ်စွဲခံထားရတဲ့ ကိုမောင်လတ်ရဲ့ အလုပ်သမားကတ်

သန်းထိုက်ဦး ရေးသားသည်
မြန်မာနိုင်ငံသား တဦးဆီက စိတ်ကြွဆေးပြား ၄၅၀ ကို ထိုင်းနိုင်ငံ တောင်ပိုင်းဘက်ကို သွားမယ့် ကားပေါ်မှာ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်း အာဏာပိုင်များက ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံ တောင်ပိုင်း မြို့နယ် ၃ မြို့မှာ ရှိတဲ့ လူငယ်တွေကို သွားရောင်းဖို့ အစီအစဉ်ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

စိတ်ကြွဆေးပြားတွေကို အပြာရောင် အိတ် ၂ လုံးထဲမှာ တွေ့ရတာ ဖြစ်ပြီး ဖုန်းတလုံး၊ ATM ကတ် တခု၊ ထိုင်းဘတ် ၂၂၃၀ တို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

မြင်းဆေး ခေါ် ရာဘ စိတ်ကြွဆေးတွေနဲ့ အဖမ်းခံရတယ် ဆိုတဲ့ ကိုမောင်လတ်က အသက် ၂၇ နှစ်ပါ။ ထိုင်းအာဏာပိုင်တွေက လော လောဆယ် သူ့ကို မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှုနဲ့ ထိန်းသိမ်းထားပြီးတော့ ကွင်းဆက် တရားခံများကို ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
ကိုးကားသတင်းနှင့်ဓာတ်ပုံများ - မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာ http://manager.co.th/Local/ViewNews.aspx?NewsID=9540000158406






No comments:

Post a Comment