စာမျက်နာ

Wednesday, December 14, 2011

ယာဉ်တိုက်မှုကြောင့် မြန်မာ ၂၅ ဦး ဒဏ်ရာရ




သန်းထိုက်ဦး

ထိုင်းနိုင်ငံတွင် ယနေ့ နံနက်က ဖြစ်ပွားသည့် ယာဉ်တိုက်မှု တခုတွင် မြန်မာနိုင်ငံသား ၂၅ ဦး ဒဏ်ရာ ရရှိသွားသည်။

ကန်ဖန်ဖက် (Kamphaeng Phet) ခရိုင်၊ ကိုးစန်ဖရပ်နခေါ (Kosamphi Nakhon) မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မယ်ဆိုင်မြို့နယ်တွင် ယာယီနိုင်ငံကူး လက်မှတ် သွားလုပ်ပြီး နခေါစ၀မ်မြို့နယ်သို့ ပြန်လာစဉ် ၁၈ ဘီးကားကို ၀င်ရောက် တိုက်မိခဲ့သည်ဟု ဆိုသည်။

ကားတွင် လိုက်ပါသွားသူ တဦး၏ အဆိုအရ မယ်ဆိုင်မြို့နယ်တွင် အလုပ်သမား ၅၀ ကျော် ယာယီ နိုင်ငံကူး လက်မှတ် သွားလုပ်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း၊
ဒဏ်ရာရသူများကို ကန်ဖန်ဖက် မြို့နယ် ဆေးရုံကြီးတွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။

အလုပ်သမားများကို ဦးဆောင်သည့် ထိုင်းနိုင်ငံသားတဦးက “ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ကားသမား ၂ ယောက် စလုံးကို ရဲတွေက ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေတယ်၊ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရှိရပေ။


(ထိုင်းသတင်းဌာန ( thairath Online )အင်တာနက် စာမျက်နှာ http://m.thairath.co.th/content/region/223470 တွင် ဖော်ပြထားသော သတင်းကို ကိုးကား ရေးသားသည်)




No comments:

Post a Comment