စာမျက်နာ
▼
သိတဲ့သူတွေ ဖြေပေးဖို.နဲ. မသိတဲ့သူတွေအတွက် စဉ်းစားသင့်တဲ့ မေးခွန်း (၅) ချက်
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေကြား ဂယက်ရိုက်နေသည့် နှစ်နိုင်ငံနားလည်မှု. သဘောတူညီချက် Passport အား လေ့လာ ကြည့်သောအခါ
တကယ်တမ်း MOU လုပ်ပြီ ဆိုတာနဲ. .........လက်ရှိအနေအထားအရ ..........
မြန်မာ အလုပ်သမားက BIO ဖောင်ဖြည့်ပြီး ဓါတ်ပုံကပ်
လက်မှတ်ရေးထိုးရမယ်...နောက်..အလုပ်ရှင်ရဲ.
...မှတ်ပုံတင်မိတ္တူ / အိမ် ထောင်စုစာရင်း/နိုင်ငံခြားသား အလုပ်သမား
ခေါ်ယူခွင့်လျှောက်လွှာ / ကိုယ်စားလှယ်လွှဲစာ (အလုပ်ရှင်ကိုယ်တိုင်
မလုပ်သူများ) စတဲ့ အရာတွေ လိုအပ်တယ်လို. သိရပါတယ်...................
နောက်ပြီး အလုပ်ရှင်နဲ. အလုပ်သမား နားလည်မှု. လက်မှတ် (MOU)
ရေးထိုးရမယ်လို. သိထားပါတယ်
ကျနော် စဉ်းစားမိတာလေးက ......MOU နဲ.
W.P အပြီးအစီး ဈေးကဘယ်လောက် ဆိုပြီး လုပ်တယ် ဆိုပေမဲ့ ........Passport
ကတော့ ထားပါတော့လေ.. မြန်မာ နိုင်ငံသား ဖြစ်ကြောင်းစီစစ်ပြီးတာနဲ.
ထုတ်ပေးမှာပါ ........ဒါဆိုရင် ပါမစ်လို. ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို
ရော အလုပ်ရှင် ရဲ. အထောက်အထား ဘာမှ မပါပဲ ဘယ်လို လုပ်ကြမလဲ ဆိုတာ ကျနော်ကို သိတဲ့သူရှိရင်ပြောပြကြပါခင်ဗျာ..............
၁။ အချက်အနေနဲ. လက်ရှိ မြန်မာ အလုပ်သမား ဟာ သူရွေးချယ်ထားတဲ့
အလုပ်ရှင်နဲ. MOU လုပ်မယ်ဆိုရင် ....အလုပ်ရှင်ရဲ. အထောက်အထားတွေ
မပါနိုင်ဘူးလား။
၂။ အချက်က အလုပ်ရှင်ရဲ. အထောက်အထား မလိုပဲ
လိုင်စင်ရ ကုမ္ပဏီတွေက လုပ်ပေးမယ်ဆိုပါက ... မြန်မာ အလုပ်သမားတွေရဲ.
လက်ရှိအလုပ်ရှင် နာမည် ထည့်ပြီး မည်သို. W.P လုပ်ကြမှာလဲ
၃။ အချက်က အလုပ်ရှင် (မြန်မာအလုပ်သမားရွေးချယ်ထားသူ) ရဲ.အထောက်အထား မယူပဲ ပြုလုပ်တဲ့ ပါမစ် W.P ကို မူလ အလုပ်ရှင် (မြန်မာအလုပ်သမားရွေးချယ်ထားသူ) ၏ အမည်ကို ဘယ်လို ပြောင်းလဲနိုင်ပါသလဲ။
၎။ အချက်က မြန်မာအလုပ်သမား ကိုယ်တိုင် ရွေးချယ်ရပြီး
အလုပ်ရှင်ကိုယ်တိုင်ကလဲ သဘောတူ ၂ဦး သဘောတူ ပြုလုပ်ရမယ်လို. အခုလက်ရှိMOU
မှာ ပါရှိတယ်ဆိုတာ ဟုတ်မဟုတ် .....
၅။ အချက်က MOU ပြုလုပ်မဲ့
မြန်မာ အလုပ်သမား တေတွေဟာ အလုပ်ရှင်မရှိပဲ (သို.) အစားထိုး အလုပ်ရှင်
အမည်များသုံးစွဲပြီး ပြုလုပ်ပါက ..အလုပ်နေရာ နှင့် အလုပ်ရှင် အမည်
လွဲမှားခြင်းကြောင့် ပြဿနာ မဖြစ်နိုင်ဘုးလား
စတဲ့ အချက် (၅)
ချက်ကို သိတဲ့ သူတွေ ဖြေပေးစေချင်သလို မသိတဲ့သူတွေအနေနဲ.လဲ ကိုယ်ပိုင်
စဉ်းစား ဝေဖန် နိုင်ကြစေရန် အတွက် ကျနော် မင်းလွမ်းနောင် မှ
တိုက်တွန်းအပ်ပါတယ်
(အမှန်တကယ် လိုအပ်ချက်များ နှင့် လုပ်ရမည့် လုပ်ငန်းစဉ် များအား ဆက်လက် ဖော်ပြသွားပါမယ် )
အလိမ်အညာ ဒဏ်များမှ ကင်းဝေးကြပါစေ
မင်းလွမ်းနောင် (ပန်းတနော်)
No comments:
Post a Comment