စာမျက်နာ

Friday, May 3, 2013

လေးစားစရာ မြို.လေးတစ်မြို.အကြောင်း



သင်္ကြန်တွင်း မှာ ကော့သောင်း ဓမ္မရာဇာ ကမ္မဋ္ဌာန်းကျောင်း (ရွှေမင်းဝံ ၅ လမ်းထိပ်) မှာ ရဟန်းဝတ်တုန်း ဆွမ်းဆန်စိမ်း အလှူခံ ထွက်တော့ ပထမရက် မှာ ရွှေပြည်သာ ရပ်ကွက်/အေးရိပ်ငြိမ်ရပ်ကွက် နဲ. လစ်မစ်ခြမ်း ဘက်တွေကို တစ်လမ်းဝင်တစ်လမ်းထွက် အလှူခံလိုက်ရင်း ပီတိဖြစ်စရာ မြင်ကွင်းလေးတွေ တော်တော်များများ မြင်ခဲ့ရတာလေးတွေကို ပြောချင်ပါတယ်

လမ်းတိုင်းမှာ အလှူဒါန ဆန်စိမ်းလောင်းလှူသူတွေ ထင်ထားတာထက် ပိုများနေတဲ့အပြင် ၂ နှစ်သားကနေ ၁၄ နှစ်သားလောက်အထိ ကလေးကပါ မိဘတွေနဲ.အတူ ဆွမ်းဆန် လောင်းနေကြတာ မြင်ရတော့ မိဘတွေရဲ. ဘာသာရေးဆုံးမမှု.ကို လေးစားမိပါတယ်။
တစ်ယောက်မဟုတ် ၂ ယောက်မဟုတ်တဲ့အပြင် လောင်းလှူတဲ့အိမ်တိုင်းလိုလို မှာ ကလေးတွေပါ ပါဝင်လှူဒါန်းကြတာတွေ.ရတော့ တကယ်ကို ပီတိဖြစ်မိရင်း သူတို.လေးတွေအတွက် မေတ္တာအထပ်ထပ်ပို.သပေးနေမိပါတယ်။

သင်္ကြန်ရက် မှာ အိမ်ရှေ. ရေကစားနေတဲ့ ကလေးတွေကအစ မိဘတွေရဲ. တိုက်တွန်းချက်မပါပဲ ရေပြွတ်သေနတ်လေးတွေ ဘေးချပြီး လက်အုပ်ချီ ပြီး ဂါရ၀ ပြုနေပုံတွေက မိဘတွေရဲ. သွန်သင်မှု.ကို ဖော်ပြနေတာမဟုတ်လားဗျာ .။

ဒုတိယ ရက်မှာတော့ ၂ မိုင် ကနေ ၁ မိုင် ကုန်းအထိ အလှူခံသွားတော့လဲ ဒီလိုမြင်ကွင်းတွေ ထပ်မြင်ရပြန်ပါတယ်....... စိတ်ထဲကတော့ မှတ်ချက် ချမိလိုက်ပါတယ် ကော့သောင်းက မိဘတွေ လေးစားဖို.ကောင်းပြီး မညံ့ကြဘူးလို. ........

နောက်တစ်ချက်က ဘုန်းတော်ကြီးကျောင်းတိုင်းလိုလိုမှာ လူငယ်ပရဟိတ အဖွဲ.တွေ ဖွဲ.စည်းပြီး ဘာသာရေး လူမှုရေးတွေ သာရေး နာရေး ကိစ္စတွေ လုပ်ကိုင်နေကြတာကလဲ အနာဂတ် လူမှု.၀န်ကျင်းအတွက် အလားအလာကောင်းတွေပဲလို. မှတ်ချက်ပေးမိပြန်ပါတယ်။

သင်္ကြန်အတွင်း ကောလဟာ လ တစ်ချို.ကြောင့် ကော့သောင်းအ၀ိုင်းပတ်ကြီးနားမှာ ရဲကားတစ်စီး ဒိုင်းတွေ တင် ပြီး စောင့်နေပေမဲ့ ရဲသားကတော့ ၄ ယောက်ပဲ မြင်ခဲ့ရတာပါပဲ .ဒါပေမဲ့ အေးချမ်းတဲ့ ကော့သောင်း မြို.လေးဟာ သက်ြန်တွင်းကို ငြိမ်းချမ်းစွာနဲ.ဖြတ်သန်းခဲ့တာ တွေ.ခဲ့ရတော့ စည်းလုံးညီညွတ်မှု. ကိုလဲ လေးစားဖွယ်ရာတွေ.မြင်ခဲ့ရပြန်ပါတယ်.......

နယ်စပ်မြို. ဖြစ်ပေမဲ့ ဘာသာရေး လိုက်စားမှု. အေးချမ်းမှု. တွေ ပြည့်ပြည့်၀၀ ရှိပြီး အနာဂတ် မျိုးဆက်ကောင်းတွေ ပေါ်ထွန်းလာမဲ့ မြို. အဖြစ် လက်ခံယုံကြည်မိတာတော့ ကျနော့အလွန်မဟုတ်ဘူးလို.ထင်မိပါရဲ.

မင်းလွမ်းနောင် (ပန်းတနော်)

No comments:

Post a Comment