ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီးတော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။ မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။ မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။ အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံး သက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုးမိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရ က ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်က ဆိုသည်။ ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခံရနိုင်သည်ဟု သိရသည်။ မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက “အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုက အဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့”ဟု ပြောသည်။ ၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာ ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ပိုမိုကုန်ကျ မှုများရှိပြီး သတ်မှတ်ချက်အရ ၆ လစာ သက်တမ်းအတွက် ဘတ်ငွေ ၁,၀၀၀ (တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုသည်။ တဆက်တည်းမှာပင် Work permit ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်းထောက်ခံစာ၊ ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။ ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်သူများ အနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀ မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။ By KIC
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Saturday, October 27, 2012
ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်

အလုပ်ကြေငြာ (ထိုင်းရောက်မြန်မာများအတွက်)
အလုပ်သမားအလိုရှိသည် (ကျား) ၅ ဦး (မ) ၁ ဦး
၁.ထိုင်စကားကောင်း၂ပြောတတ်ရမည်
၂.အလုပ်သမားတွေကိုရှေ..ကဦးဆောင် နိုင်ရမည်
၃.အနဲဆုံးတနေ ၃၀၀ နှင်.အထက်ရမည်..
၎.OT တနာရီ ၅၆ နေ.တိုင် ရှိ သည် အနည်း ဆုံး ၃နာ၇ီ
အမြန်လိုအပ်ပါသည်..စိတ်ဝင်စားပါ က နန်းမိုး ၀၈၀ ၅၂၅ ၄၄၇၈
ဆောက်လုပ်ရေး လုပ်ငန်း ဖြစ်ပြီး အမျိုးသမီး ဆိုပါက ထိုင်းစာရေး/ဖတ် နိုင်ရမည် (လစာကောင်း)
အမျိုးသား ဖြစ်လျှင် ထိုင်းစကား ကောင်းစွာ ပြောဆိုနိုင်ပြီး ဘာသာပြန်နိုင်ရမည်..အလုပ်သမားခေါင်းဆောင်အဖြစ် ဦးဆောင်နိုင်ရမည်။
ဘန်ကောက် တွင်နေထိုင်သူများ Siam Paragron မှာသွားရောက် ဆက်သွယ်နိုင်ပါသည်
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (မင်းလွမ်းနောင်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
(FED စာမျက်နာမှ ကူးယူဖော်ပြသည်) Thursday, 22 March 2012 00:00 ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် အလ...