.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label အလုပ်သမားဥပဒေ. Show all posts
Showing posts with label အလုပ်သမားဥပဒေ. Show all posts

Monday, June 24, 2013

ထိုင်းရောက်မြန်မာအလုပ်သမားတို.ရဲ. အရှိဒုက္ခ

Photo: ခုတစ်ခါတော့ ထိုင်းရောက်မြန်မာတွေရဲ. အရှိဒုက္ခ ကို ရေးဖို. စိတ်ကူးရပါတယ် ။
နေ.စဉ်မြင်တွေ.နေရတဲ့ နေ.စဉ်ကြားနေရတဲ့  ထိုင်းရောက်မြန်မာရွှေ.ပြောင်းအလုပ်သမားတွေရဲ.ဘ၀ကို တာဝန်ရှိသူတွေ အဆင့်ဆင့်နဲ.တကွ  ထိုင်းကိုလာဖို. စိတ်ကူးနေကြတဲ့ ညီကိုမောင်နှမတွေအတွက် ရည်ရွယ်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။

ထိုင်းမှာ အလုပ်လုပ်ကိုင်ဖို. အတွက်  မြန်မာပြည်ကနေ နည်းမျိုးစုံနဲ. ၀င်ရောက်လာကြတဲ့ မြန်မာနိုင်ငံတွေဟာ  အခက်အခဲမျိုးစုံကိုဖြတ်ကျော်ပြီး လိုရာခရီးရောက်ရှိတဲ့အခါ  မိမိတို. အလုပ်ကို စိတ်အေးစွာလုပ်နိုင်ဖို. MOU နဲ. ယာယီနိုင်ငံကူးလက်မှတ်တွေ လုပ်ကြပါတယ် ။
ဒီလို လုပ်ကြတဲ့အခါမှာ ပွဲစားဈေး ၁၂၀၀၀ဘတ် ဈေးအထိ ပေးပြီး လုပ်ကြရတာဖြစ်တဲ့အတွက် အကြွေးပြီးအကြွေးဆင့်ကြရသလို အချို. မသမာသော အေးဂျင့်ရုံးများ ပွဲစားများကြောင့် ငွေဆုံး လူပန်းဖြစ်ကြရတာလဲရှိတယ်။
MOU ဆိုရာမှာ ထိုင်းနိုင်ငံရဲ. ဘယ်နေရာမဆို  အလုပ်ရှင်တစ်ဦးဆီမှာသာ ၁ နှစ်တိတိ အလုပ်လုပ်ရမှာဖြစ်ပြီး အလုပ်ရှင်နာမည်မတူပဲ အလုပ်လုပ်မိပါက ရဲလုပ်ငန်းမှ တရားရုံးအထိ အဆင့်ဆင့် ရောက်ရှိရပြီးဒဏ်ငွေ ၁၀၀၀၀ ဘတ်ထက် မများတဲ့ ဒဏ်ငွေကိုပေးဆောင်ခိုင်းလေ့ ရှိ သလို အများအားဖြင့် 3800 ဘတ်ခန်. ပေးဆောင်ရသည်ကများပါတယ်။
တရားရုံးအထိ မပို.ပဲ အောက်ခြေ ရဲများက ညှိနှိုင်းဈေးဆိုရင်တော့ 2000 ဘတ်မှ 5000 ဘတ်အထိ ပေးကြရပါတယ်။
ဒီနေရာမှာပြောချင်တာ  မိမိတို.အနေနဲ. ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်တော့မယ် ဆိုရင်  မိမိတို. လက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်ရှင် ရဲ. (ခိုတာ) နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့် လက်မှတ် နဲ. ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စာရင်းတင်ရန်လိုအပ်ပြီး ထိုအလုပ်ရှင်ထံမှာ ၁ နှစ် အလုပ်လုပ်ကိုင်ရန်လိုအပ်ပါတယ်။
အကယ်၍ အလုပ်ရှင်အမည် မတူ  အလုပ်နေရာမတူ အလုပ်အကိုင် မတူခဲ့ပါက မိမိတို. ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ် တို.ဟာ အလုပ်ဂွင်အတွင်းမှာ အသုံးပြုနိုင်မှာ မဟုတ်ပဲ မိမိတို. မြန်မာပြည်ပြန်တဲ့အခါ ခရီးသွားလာတဲ့အချိန်မှာသာ အသုံးဝင်နိုင်ပါတော့တယ်။
ယခု နေ.စဉ်မြင်တွေ.ကြားသိနေရတဲ့ သတင်းတွေအရ ကတော့ လက်ရှိမှာ နေ.စဉ် ဖမ်းဆီးစစ်ဆေးမှု.တွေရှိနေပြီး  ယာယီနိုင်ငံကူးလက်မှတ်သာရှိပြီး အလုပ်လုပ်ခွင့် ပါမစ် မရှိသူတွေ ပါမစ်ရှိသော်လည်း အလုပ်ရှင် နဲ. အလုပ်အကိုင် မတူသူတွေ ကို  အရေးယူဆောင်ရွက်နေကြတာရှိနေပါတယ်။
ယခင် ပြုလုပ်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေဟာ လုပ်ရှင်ပြောင်းလဲခွင့်ရှိနေသော်လည်း  အလုပ်မကောင်း အလုပ်ရှင်မကောင်း အလုပ်နေရာမတည်မြဲ ခြင်းများကြောင့် မပြောင်းလဲရသေးသူတွေလဲ အများစုရှိနေကြပါတယ်။
 MOU နဲ.ပြုလုပ်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကတော့ လက်ရှိအခြေအနေမှာ အလုပ်ရှင်ပြောင်းလိုသော်လည်း အလုပ်ရှင်ပြောင်းလဲခွင့်မရှိသေးတဲ့အတွက် စစ်ဆေးမှု.များနဲ. ကြုံတွေ.ရသည်အခါ အတိဒုက္ခရောက်ကြရပြန်ပါတယ် ။
မည်သည့်အထောက်အထားမှ မရှိတဲ့ ရွှေပြောင်းမြန်မာအလုပ်သမားတွေအဖို.ကတော့ ဖမ်းဆီးခံရပါက နေရပ်ရင်းပြန်ပို.ခံရပြီး ယာယီနိုင်ငံကူးလက်မှတ် တစ်အုပ်သာရှိပြီး ပါမစ်မရှိသူနှင့် တန်းတူ အပြစ်ဒဏ်ကျခံရတာဖြစ်ပါတယ်.

ဖြစ်စေချင်တာက  MOU ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအတွက် အလုပ်ရှင်ပြောင်းခွင့် အလုပ်သမားအခွင့်အရေးအပြည့်အ၀ ရရှိစေရေးအတွက်  မြန်မာအစိုးရမှ ထိုင်းအစိုးရကို မေတ္တာရပ်ခံပေးနိုင်မယ်ဆိုရင်တော့ မြန်မာရွှေပြောင်းအလုပ်သမားတွေအတွက် အတိုင်းထက်အလွန်ပါပဲ။
လက်ရှိအခြေအနေ အတွက်ကတော့  ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အနေနဲ. မိမိတို. ပါမစ် အလုပ်ရှင် အမည် ကိုက်ညီမှု.ရှိစေရန် ပြုလုပ်ထားသင့်ပြီး
အလုပ်ရှင်ပြောင်းလဲခွင့်မရှိသေးတဲ့ MOU ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေနဲ.ကတော့ အလုပ်ခွင်အတွင်း စစ်ဆေးမေးမြန်မှု.လာရောက်ပြုလုပ်တဲ့အခါမှာ ရှောင်ရှားနေခြင်းက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ် ။

ထိုင်းရောက်မြန်မာအလုပ်သမားများအားလုံး အဆင်ပြေစွာ အမိမြန်မာပြည်သို. ပြန်နိုင်ကြပါစေ 

မင်းလွမ်းနောင် (ပန်းတနော်)ခုတစ်ခါတော့ ထိုင်းရောက်မြန်မာတွေရဲ. အရှိဒုက္ခ ကို ရေးဖို. စိတ်ကူးရပါတယ် ။
နေ.စဉ်မြင်တွေ.နေရတဲ့ နေ.စဉ်ကြားနေရတဲ့ ထိုင်းရောက်မြန်မာရွှေ.ပြောင်းအလုပ်သမားတွေရဲ.ဘ၀ကို တာဝန်ရှိသူတွေ အဆင့်ဆင့်နဲ.တကွ ထိုင်းကိုလာဖို. စိတ်ကူးနေကြတဲ့ ညီကိုမောင်နှမတွေအတွက် ရည်ရွယ်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။

ထိုင်းမှာ အလုပ်လုပ်ကိုင်ဖို. အတွက် မြန်မာပြည်ကနေ နည်းမျိုးစုံနဲ. ၀င်ရောက်လာကြတဲ့ မြန်မာနိုင်ငံတွေဟာ အခက်အခဲမျိုးစုံကိုဖြတ်ကျော်ပြီး လိုရာခရီးရောက်ရှိတဲ့အခါ မိမိတို. အလုပ်ကို စိတ်အေးစွာလုပ်နိုင်ဖို. MOU နဲ. ယာယီနိုင်ငံကူးလက်မှတ်တွေ လုပ်ကြပါတယ် ။
ဒီလို လုပ်ကြတဲ့အခါမှာ ပွဲစားဈေး ၁၂၀၀၀ဘတ် ဈေးအထိ ပေးပြီး လုပ်ကြရတာဖြစ်တဲ့အတွက် အကြွေးပြီးအကြွေးဆင့်ကြရသလို အချို. မသမာသော အေးဂျင့်ရုံးများ ပွဲစားများကြောင့် ငွေဆုံး လူပန်းဖြစ်ကြရတာလဲရှိတယ်။
MOU ဆိုရာမှာ ထိုင်းနိုင်ငံရဲ. ဘယ်နေရာမဆို အလုပ်ရှင်တစ်ဦးဆီမှာသာ ၁ နှစ်တိတိ အလုပ်လုပ်ရမှာဖြစ်ပြီး အလုပ်ရှင်နာမည်မတူပဲ အလုပ်လုပ်မိပါက ရဲလုပ်ငန်းမှ တရားရုံးအထိ အဆင့်ဆင့် ရောက်ရှိရပြီးဒဏ်ငွေ ၁၀၀၀၀ ဘတ်ထက် မများတဲ့ ဒဏ်ငွေကိုပေးဆောင်ခိုင်းလေ့ ရှိ သလို အများအားဖြင့် 3800 ဘတ်ခန်. ပေးဆောင်ရသည်ကများပါတယ်။
တရားရုံးအထိ မပို.ပဲ အောက်ခြေ ရဲများက ညှိနှိုင်းဈေးဆိုရင်တော့ 2000 ဘတ်မှ 5000 ဘတ်အထိ ပေးကြရပါတယ်။
ဒီနေရာမှာပြောချင်တာ မိမိတို.အနေနဲ. ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်တော့မယ် ဆိုရင် မိမိတို. လက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်ရှင် ရဲ. (ခိုတာ) နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့် လက်မှတ် နဲ. ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စာရင်းတင်ရန်လိုအပ်ပြီး ထိုအလုပ်ရှင်ထံမှာ ၁ နှစ် အလုပ်လုပ်ကိုင်ရန်လိုအပ်ပါတယ်။
အကယ်၍ အလုပ်ရှင်အမည် မတူ အလုပ်နေရာမတူ အလုပ်အကိုင် မတူခဲ့ပါက မိမိတို. ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ် တို.ဟာ အလုပ်ဂွင်အတွင်းမှာ အသုံးပြုနိုင်မှာ မဟုတ်ပဲ မိမိတို. မြန်မာပြည်ပြန်တဲ့အခါ ခရီးသွားလာတဲ့အချိန်မှာသာ အသုံးဝင်နိုင်ပါတော့တယ်။
ယခု နေ.စဉ်မြင်တွေ.ကြားသိနေရတဲ့ သတင်းတွေအရ ကတော့ လက်ရှိမှာ နေ.စဉ် ဖမ်းဆီးစစ်ဆေးမှု.တွေရှိနေပြီး ယာယီနိုင်ငံကူးလက်မှတ်သာရှိပြီး အလုပ်လုပ်ခွင့် ပါမစ် မရှိသူတွေ ပါမစ်ရှိသော်လည်း အလုပ်ရှင် နဲ. အလုပ်အကိုင် မတူသူတွေ ကို အရေးယူဆောင်ရွက်နေကြတာရှိနေပါတယ်။
ယခင် ပြုလုပ်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေဟာ လုပ်ရှင်ပြောင်းလဲခွင့်ရှိနေသော်လည်း အလုပ်မကောင်း အလုပ်ရှင်မကောင်း အလုပ်နေရာမတည်မြဲ ခြင်းများကြောင့် မပြောင်းလဲရသေးသူတွေလဲ အများစုရှိနေကြပါတယ်။
MOU နဲ.ပြုလုပ်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကတော့ လက်ရှိအခြေအနေမှာ အလုပ်ရှင်ပြောင်းလိုသော်လည်း အလုပ်ရှင်ပြောင်းလဲခွင့်မရှိသေးတဲ့အတွက် စစ်ဆေးမှု.များနဲ. ကြုံတွေ.ရသည်အခါ အတိဒုက္ခရောက်ကြရပြန်ပါတယ် ။
မည်သည့်အထောက်အထားမှ မရှိတဲ့ ရွှေပြောင်းမြန်မာအလုပ်သမားတွေအဖို.ကတော့ ဖမ်းဆီးခံရပါက နေရပ်ရင်းပြန်ပို.ခံရပြီး ယာယီနိုင်ငံကူးလက်မှတ် တစ်အုပ်သာရှိပြီး ပါမစ်မရှိသူနှင့် တန်းတူ အပြစ်ဒဏ်ကျခံရတာဖြစ်ပါတယ်.

ဖြစ်စေချင်တာက MOU ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအတွက် အလုပ်ရှင်ပြောင်းခွင့် အလုပ်သမားအခွင့်အရေးအပြည့်အ၀ ရရှိစေရေးအတွက် မြန်မာအစိုးရမှ ထိုင်းအစိုးရကို မေတ္တာရပ်ခံပေးနိုင်မယ်ဆိုရင်တော့ မြန်မာရွှေပြောင်းအလုပ်သမားတွေအတွက် အတိုင်းထက်အလွန်ပါပဲ။
လက်ရှိအခြေအနေ အတွက်ကတော့ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အနေနဲ. မိမိတို. ပါမစ် အလုပ်ရှင် အမည် ကိုက်ညီမှု.ရှိစေရန် ပြုလုပ်ထားသင့်ပြီး
အလုပ်ရှင်ပြောင်းလဲခွင့်မရှိသေးတဲ့ MOU ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေနဲ.ကတော့ အလုပ်ခွင်အတွင်း စစ်ဆေးမေးမြန်မှု.လာရောက်ပြုလုပ်တဲ့အခါမှာ ရှောင်ရှားနေခြင်းက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ် ။

ထိုင်းရောက်မြန်မာအလုပ်သမားများအားလုံး အဆင်ပြေစွာ အမိမြန်မာပြည်သို. ပြန်နိုင်ကြပါစေ

မင်းလွမ်းနောင် (ပန်းတနော်)

Thursday, August 23, 2012

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အထူးသတိပြုရမည့် ဗီဇာ သက်တမ်း





ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအနေနှင့် ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ရာတွင် သိနားလည်သူများအဖို. ပြဿနာမရှိနိုင်သော်လည်း မသိနားမလည်သူများအဖို. ငွေကြေးအကုန်အကျ များခြင်း နိုင်ငံကူးလက်မှတ် ဗီဇာ သေခြင်း များနှင့် တွေ.ကြုံနိုင်ပါသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်ပေးရာတွင် ယခင်က နိုင်ငံကူး သက်တမ်း ၃ နှစ် သာ ပေးပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ ၂ နှစ် သက်တမ်း ပေးပါသည်။

ထို.ကြောင့် နိုင်ငံကူးလက်မှတ် ၃ နှစ် အား နောက်ထပ် သက်တမ်း ၃ နှစ် သို. တိုးရပေမည်။ စုစုပေါင်း နိုင်ငံကူး သက်တမ်းမှာ ၆ နှစ်ရှိရမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာ မှာ ၂ နှစ် တစ်ကြိမ်ဖြင့် (၃) ကြိမ် သက်တမ်းတိုးရမည်ဖြစ်သည် ။
(ယခုအခါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဘန်ကောက် ရှိ မြန်မာသံရုံး တွင် နေ.ချင်းပြီး ဆောင်ရွက်ပေးလျှက်ရှိပါသည် )
သက်တမ်းတိုး ကုန်ကျငွေမှာ (၃၀၀) ဘတ် ခန်.ဖြစ်သည်

ယခု ထုတ်ပေးလျှက်ရှိသည့် ခရမ်းရောင် စာအုပ်အသစ်တွင် နိုင်ငံကူးသက်တမ်း (၆) နှစ် ပါဝင်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာ (၂) နှစ် ပါရှိသည်။ (ယခင် စာအုပ်နီများတွင်လဲ ရှိသည်)

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေနှင့် မိမိတို. ဗီဇာ သက်တမ်းကို အထူး သတိပြုရန် လိုအပ်ပြီး လိုအပ်သည့် အချကိအလက်များကို သေချာစွာ သိနားလည်ထားသင့်ပေသည်။

(၁) ယာယီနိုင်ငံကူးလက်မှတ်ရှိသူများသည်အောက်ပါအချက်အလက်များပြည့်စုံရန် လိုအပ်ပါသည်။

၁။ နိုင်ငံကူးလက်မှတ်တွင် ရက်(၉၀) သတင်းပိုခြင်း တာမော စာရွက်

Wednesday, May 23, 2012

ထိုင်းနိုင်ငံ အတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သိထားသင့်သည့် ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ





  1. ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ကြိမ် မိမိတို.အလုပ်လုပ်ရာ နယ်မြေရှိ လူဝင်မှု.ကြီးကြပ်ရေး စခန်း(ထိုင်း) များတွင် သွားရောက်ကာ တိုင်ကြားကြရမည်ဖြစ်သည်။
    သို.သော်မြန်မာအလုပ်သမားအများစုသည် အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်သွားခြင်းများကိုတွေ.ရှိရပြီး ထိုသို. ရက်ကျော်လွန်မှု.အတွက် ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ ဒဏ်ကြေးငွေ (၅၀၀၀) ဘတ် သတ်မှတ်ထားပြီး ဒဏ်ရိုက်လျှက်ရှိကြောင်းသိရသည်။
    သတ်မှတ်ရက်မှာ ရက်(၉၀) ပြည့်ပြီး (၇) ရက် အထိ မပါဝင်ပဲ (၇)ရက်ထက်ကျော်လွန်သွားပါက ဒဏ်ငွေ (၅၀၀၀)ဘတ်ကို ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။
    မည်သို.ဆိုစေ ထိုကဲ့သို. မြန်မာအလုပ်သမားများအပေါ် ကြီးမြင့်သော ဒဏ်ကြေးငွေများကို ဆောင်စေခြင်းသည် ထိုင်းရောက်မြန်မာတိုင်း ကြုံတွေ.ရသည်မဟုတ်သော်လည်း ကြုံတွေ.ရသူ မြန်မာအလုပ်သမားအနေနှင့် (၅၀၀၀)ဘတ်ဆိုသော ပမာဏမှာ ရှာဖွေရန်ခက်ခဲကြောင်း နှင့် မြန်မာအလုပ်သမား များအတွက် ကြီးမာသော ဒုက္ခ ဖြစ်ကြောင်း ထိုင်းတောင်ပိုင်းရှိ ရော်ဘာခြံအလုပ်သမားတစ်ဦးမှ ပြောသည်။


    (ဖြေရှင်းရန်နည်းလမ်း)

    မြန်မာအလုပ်သမားအနေနှင့် အထက်ဖော်ပြပါ ရက်(၉၀) တံဆိပ်တုံးထုခြင်း ရက်ကျော်လွန်ခဲ့ပါက
    ၁။ မိမိ တို. အလုပ်ရှင်အား အကူအညီတောင်းပြီး မိမိအပါအ၀င် လ၀က(တာမော) ရုံးသို. သွားရောက် ကာ ရက်ကျော်ရခြင်းအကြောင်းကို အလုပ်ရှင်မှ မေတ္တာရပ်ခံ ပြီး ပြောစေခြင်းဖြင့် ဒဏ်ကြေးငွေ လျှော့စေပါသည်။



    မင်းလွမ်းနောင်(ပန်းတနော်)

Monday, February 20, 2012

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်၍ ၀န်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်း


(တရားဝင်ဘာသာပြန်မဟုတ်ပါ)


၂၀၁၂ခု ဖေဖေါ်ဝါရီလ (၁၃)ရက်

အမှတ်စဉ် ၁၀။ လော၊ မြန်မာ ၊ ကမ်ဖူးချား တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂

အလုပ်သမားရေးဝန်ကြီးဌာနတင်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ၂၀၊ ၁၊ ၂၅၅၅ ရက်နေ့ တွင်သဘောတူပြီးသော တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂ ကို ၀န်ကြီးများအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁/၂၅၅၅ မှ အောက်ပါအချက်များကိုအတည်ပြု လိုက်ပါသည်။
၁)-၁၉။ ၁။ ၂၀၀၉ ရက်နေတွင်ကျင်းပခဲ့သော ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ၂၈၊ ၂၊ ၂၀၁၂ နေ့ထိသက်တမ်းတိုးခွင့်ပြုခဲ့သော မြန်မာ၊ လော၊ ကမ်ပူးချားမှရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကိစ္စအား အမြန်ဆုံးအကောင်ထည်ဖေါ် ဆောင်ရွက်ရေးတွင် ၂၈၊ ၂၊ ၂၀၁၂ ရက်နေ့ အတွင်း ပြီးစီးစွာ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့မကျော်လွန်မီ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်တိုးပေး ရန်အောက်ပါအတိုင်းဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်၊

၁-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်းခေတ္တ နေထိုင်ခွင့်ပေး ထားခြင်းနှင့်ဆိုင်ရာအချက် ၁နှင့်ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှုလုပ်ဆောင်နေစဉ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ-၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချား အလုပ်သမားများအား နိုင်ငံသား စိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့် အားပြုသည့်ကြေညာ ချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂ (၃)အရနိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂ နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက် မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍ လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုသည်။

၁-၂) နိုင်ငံသားစိစစ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ်ထက်မကျော်သော ယာယီနေထိုင်ခွင့်အမျိုးအစား (Non-Immigrant-LA) ဗီဇာကိုထုတ်ပေးရမည်။ အလုပ်ရှင်များမိမိအလုပ်သမားများအား နိုင်ငံသားစိစစ်ရေးအဆင်ပြေချောမွေ့စွာသွားရောက်ပြုလုပ်ပြီးနောက် တရားဝင်ဂိတ်များလမ်းကြောင်းများမှ ၀င်ရောက်လာရာတွင်အဆင်ပြေချောမွေ့ရန်အတွက်

Wednesday, September 28, 2011

ယာယီနိုင်ငံကူးလက်မှတ်ရရှိပြီးသူများ လိုက်နာရန် အချက်များ(ထိုင်းနိုင်ငံ)

၁။ ယာယီနိုင်ငံကူးလက်မှတ်ရပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံးထုပြီးသည့်နေ.မှစပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ရယူရန်လျှောက်ထားရမည်။ လက်မှတ်ခကို အလုပ်လုပ်နေသည့် သက်ဆိုင်ရာ နယ်မြေ အလုပ်သမားရုံးများတွင်ပေးဆောင်ရမည်။
(မိမိအလုပ်ရှင်ဖြင့် တိုက်ရိုက်လုပ်ပါက ၂၁၀၀ ဘတ် ခန်. ကြားခံရုံးများမှလုပ်လျှင် ၃၀၀၀ ဘတ် ခန်.ကုန်ကျမည်ဖြစ်သည်။)

၂။ အလုပ်လုပ်ခွင့်လက်မှတ်ရယူရန်အတွက် အလုပ်လုပ်ခွင့်မရှိသော ရောဂါများရှိမရှိကို ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့်ဆေးရုံများတွင် ဆေးစစ်ရမည်။
(ခန်.မှန်းကုန်ကျငွေ ၈၀၀ ဘတ် ခန်.)(နယ်မြေအလိုက် ဈေးကွာခြားသည်။)

၃။ နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်(ခိုတာ)  ရရှိထားသည့်အလုပ်ရှင်ထံတွင်သာအလုပ်လုပ်ရမည်။

၎။ ခွင့်ပြုချက် ပေးထားသောအလုပ်အမျိုးအစားတွင်သာအလုပ်လုပ်ရမည်။ အလုပ်ရှင် အမည် နှင့်လည်း တိုက်ရိုက်ပါတ်သက်မှု.ရှိရမည်။ (အလုပ်ရှင်မတူပဲ အလုပ်အမျိုးစားတူသော်လည်း အရေးယူခံရသည်။ ထို.ကြောင့် အလုပ်ရှင်နှင့်အလုပ်အမျိုးစာပါ တူညီရန်လိုအပ်သည်)

၅။အလုပ်လုပ်နေစဉ်ကာလအတွင်း တာဝန်ရှိသူအစိုးရ၀န်ထမ်းများစစ်ဆေးသည့်အခါပြသနိုင်ရေးအတွက် အလုပ်လုပ်ခွင့်လက်မှတ်ကို မိမိလက်ဝယ်တွင်(သို.) အလုပ်နေရာတွင်ထားရှိရမည်။
(မိမနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို သူဌေးအားပေးထားလျှင်လဲ အရေးယူခံရနိုင်သည်)

၆။ ၁၉၇၉ ခုနှစ် လူဝင်မှု.ကြီးကြပ်ရေးရဲစခန်းသို. ရက်(၉၀)တစ်ကြိမ်းသွားရောက်အကြောင်းကြားရမည်။အကြောင်းမကြားပါက ဥပဒေအရအရေးယူခံရမည်။

၇။ အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။
----ရရှိသည်သင်ငွေမှ ကုန်ကျစရိတ်များနှုတ်ပြီး၁ နှစ်ကို ဘတ်ငွေ ၅၀၀၀၀ အထက်ရရှိသူများသည် ၀င်ငွေခွန်ပေးဆောင်ရမည်။( ယခုချိန်ထိ ကျင့်သုံးခြင်းမရှိသေးပါ)
----မည်သူ.ကိုမှ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းမပြုလုပ်ရ။
----အစိုးရ စာရွက်စာတမ်းများအား အတုအပ မပြုလုပ်ရ ။
----သူတပါးဧ။်ပစ္စည်းဥစ္စာအားဖျက်ဆီးခြင်းနှင့် ခန္ဒာကိုယ်အား ကိုယ်ထိလက်ရောက် မပြုရ။
----အလုပ်ချိန်တွင် မူယစ်စေတတ်သော အရက်သေစာနှင့်မူးယစ်ကန်.သတ်ပစ္စည်းများမသုံးစွဲရ

တို.ပင်ဖြစ်ပါသည်။

ထို.ကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများအနေနှင့် မိမိတို.ဧ။် အန္တရာယ်ကို မိမိတို. ကြိုတင် ကာကွယ်နိုင်ရန်အတွက် တင်ပြပေးလိုက်ရပါတယ်ဗျာ.....။

မင်းလွမ်းနောင်(ပန်းတနော်)





2008 နိုင်ငံခြားသားအလုပ်သမားဥပဒေ(ထိုင်း)

ဥပဒေချိုးဖောက်သည့်အချက်(အထူးသတိပြုရန်)

ခွင့်ပြုချက်မရပဲအလုပ်လုပ်ခြင်း။
 (ပုဒ်မ ၅၁)

ခွင့်ပြုထားသည့်အလုပ်အမျိုး၊ အလုပ်ရှင်နှင့် အလုပ်နေရာဒေသတွင် သတ်မှတ်ချက်အတိုင်း မလုပ်ခြင်း။
(ပုဒ်မ ၂၆ ခွဲ)

တာဝန်ရှိအစိုးရ၀န်ထမ်း စစ်ဆေးရန်အလုပ်ချိန်တွင် အလုပ်လုပ်ခွင့် လက်မှတ်ပြသနိုင်ရန် လက်မှတ်ကို မိမိတွင်လည်းကောင်း အလုပ်နေရာတွင်လည်းကောင်း မထားရှိခြင်း။
(ပုဒ်မ ၂၄)

သက်ဆိုင်သည့်အပြစ်ဒဏ်များ

ထောင်ဒဏ်(၅)နှစ် သို.မဟုတ် ဒဏ်ငွေ ဘတ် (၂၀၀၀) မှ (၁၀၀၀၀) အထိ (သို.) နှစ်ရပ် ပေါင်းချခံနိုင်သည်။ ဥပဒေချိုးဖေါက်မှု. ထင်ရှားပါ နေရပ်ရင်းနိုင်ငံသို. (ရက် ၃၀ အတွင်း) ပြန်ပို.ခံရနိုင်သည်။ (ပုဒ်မ ၅၁)

ဘတ်ငွေ (၂၀၀၀၀)ထက်မကျော်သော ဒဏ်ငွေ
(ပုဒ်မ ၅၂)

ဘတ်ငွေ (၁၀၀၀၀) ထက်မကျော်သော ဒဏ်ငွေ
(ပုဒ်မ ၅၃) 

တို.ပဲဖြစ်ပါသည်။ ထို.ကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားအနေနှင့် မိမိတို.ဘက်မှ ကြိုတင်ကာ မှန်ကန်စွာပြုလုပ်ထားရန် အရေးကြီးပါသည်။

သိရှိလိုခြင်းများကိုမေးမြန်းစုံစမ်းလိုပါက
ဖုန်း 0835928497    ဝေမင်း   ထံသို. ဆက်သွယ်မေးမြန်းနိုင်ပါသည် ။ 







Saturday, July 2, 2011

ကုလသမဂ္ဂ၏ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ ပြဋ္ဌာန်းချက်များ



မလေးရှားနိုင်ငံတွင် နေရာအသီးသီး ကဏ္ဍအစုံစုံတွင် ၀င်ရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ ဗဟုသုတ ရရှိစေရန်အလို့ငှာ ၂၀၀၆ ခုနှစ် မေလတွင် ထုတ်ဝေသည့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ]ကုလသမဂ္ဂ၏ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ ပြဋ္ဌာန်းချက်များ} စာအုပ်မှ ကောက်နုတ်၍ အခန်းဆက် ဖော်ပြပေးသွားပါမည်။
ကမ္ဘာပေါ်တွင် လူဦးရေ (၁၂၅)သန်းခန့်မျှသည် မိမိတို့ မွေးရာ ဇာတိတိုင်းပြည်ပြင်ပတွင် နေထိုင် ကြပြီး အလုပ်လုပ်ကိုင်လျက် ရှိကြ သည်။ ထိုသူများထဲတွင် မိမိကိုလက်ခံ သော တိုင်းပြည်သစ်၌ အိုးအိမ် အခြေတကျစိုက်ထူ၍ ရွှေ့ပြောင်းနေ ထိုင်ကြသူများ၊ ဒုက္ခသည်များအဖြစ် မိမိတို့ တိုင်းပြည်မှ စွန့်ခွာခဲ့၍ လက်ခံ သော တိုင်းပြည်တွင် နေထိုင်ရသည် မှာ လုံခြုံမှုရှိသောကြောင့် ရွှေ့ပြောင်း ခဲ့ကြရသူများ၊ စခန်းများ၌ ယာယီ နေထိုင်၍ နေထိုင်ခွင့်ရရှိသူများနှင့် တိုင်းတပါးမှ ယာယီလက်ခံ
၍ စီးပွားရှာ အလုပ်လုပ်ကြသော ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ကြသည်။
ထိုသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းသည် လက်တွေ့တွင် ကြမ်းတမ်းခက်ခဲလှသော ဖြစ်ရပ်များနှင့်

Thursday, June 30, 2011

မလေးရှား အိုဗာစတေး သမားများအတွက် ယနေ့ နောက်ဆက်တွဲသတင်း ၂ အသေးစိတ်


မင်္ဂလာပါ

အိုဗာစတေး သမားများအတွက် ယနေ့ ကုမဏီများကိုဖိတ်ခေါ်ပြီး တရားဝင် ဆောင်ရွက်ဆောင်များကို ကြော်ငြာ ခြင်း ။လက်ဗွေနှိပ်မည့်စက်များကို လျှောက်ထားမှု့များလက်ခံခြင်းများကို ဆောင်ရွက်ဖို့ လျှောက်လွှာများ သတ်မှတ်ချက်များကိုယနေ့ ကုမဏီများ နှင့် Seminer မှာ ပြုလုပ်သွားခဲ့ပါတယ် ။

အိုဗာစတေးသမားများအနေဖြင့် ပါမစ်ပြန်လည်လျှောက်ထားမည်ဖြစ်စေ ၊ မြန်မာပြည်သို့ပြန်မည်ဖြစ်စေ မဖြစ်မနေ လုပ်ရမည့်
ပထမဆုံးဆောင်ရွက်မှု့မှာ Registration - လူဝင်မှု့ကြီးကြပ်ရေးမှ တရားဝင်သတ်မှတ်ထားတဲ့ စာရွက်ကပ်ထားတဲ့ နေရာများမှာ
လက်ဗွေနှိပ်ပြီး ယာယီနေထိုင်ခွင့်ပါမစ် ထုတ်ယူရန်ဖြစ်ပါတယ် ။

လက်ဗွေ နှိပ်ပြီးသည်နှင့် ယာယီနေထိုင်ခွင့် နှင့် စစ်ဆေးရန် ကွန်ပျူတာ ဘားကုတ်စနစ်ပါသော ပါမစ်စာရွက်ကို စာရွက်စာတမ်း ပြည့်စုံသည်ဖြစ်စေ မစုံသည်ဖြစ်စေ ရယူနိုင်မည်ဖြစ်ပါတယ် ။ 

ထိုမှတစ်ဆင့် ပြန်မည် ၊ ပါမစ်ပြန်လျှောက်မည် စသည်ဖြင့် ၂ ခြမ်းခွဲသွားမည်ဖြစ်ပါတယ် ။ ပါမစ်ပြန်လျှောက်မည့်သူများအနေနဲ့
မိမိတို့ကို ထောက်ခံမည် သူဌေး သို့ ကုမ္မဏီ ရှိရမည်ဖြစ်ပါတယ် ။ ပြန်မည့်သူများအနေနဲ့ ယာ ယီနေထိုင်ခွင့်ပါမစ်ဖြင့် ဆိုင်ရာ နိုင်ငံအလိုက်သံရုံးများမှာ CI ( Certificate of Identification  ) လျှောက်ထားပြီး ပြန်နိုင်မည်ဖြစ်သည်ဟု သိရပါတယ် ။ ယခင်ဖော်ပြထားတဲ့ အတိုင်းထက် ပိုလာတာက လက်ဗွေနှိပ်ပြီး ယာယီပါမစ် ထုတ်ပြီးမှသာ အဆင့်အားလုံးဆောင်ရွက်ရမည်ဖြစ်ပါတယ်။

မလေးရှားလူဝင်မှု့ကြီးကြပ်ရေး ဌာန နဲ့ သတ်မှတ်ထားတဲ့ ကုမဏီ ၊ ထိုကုမဏီင်္များရဲ့ ရွေးချယ်မည့် နေရာများမှာ မည်သူမဆို လက်ဗွေ နှိပ်မှတ်ပုံတင်ရန် ဖြစ်ပါတယ် ။

ဒုတိယ ကုန်ကျမည့် စရိတ်စက အ၀၀ ကို ၆.၇.၂၀၁၁ ထုတ်မည့်  မလေးရှား ထုတ် စတား သတင်းစာတွေမှာ သိရှိရမှာဖြစ်ပါတယ် ။ယခင် ၁ ရက်နေ့ ဟု ပြောကြားခဲ့သော်လည်း ယနေ့အထိ မည်သည့်ကုမဏီ ၊ အဖွဲ့အစည်း ၊ ကမှတိကျသော  ဈေးနှုန်း ထုတ်ပြန်နိုင်မည်မဟုတ်ပါ ။

ထိုနေ့မှာပဲ လုပ်ကိုင်ခွင့်ရမည့် ကုမဏီများကို ကြော်ငြာသွားမည်ဖြစ်ပြီး ထိုကုမဏီများမှ လူမှု့အဖွဲ့စည်များ သတ်မှတ်နေရာများ စသည်ဖြင့် တဆင့် ခွဲထုတ် လုပ်ဆောင်သွားရမည်ဖြစ်ပါတယ် ။

လျှောက်ထားတဲ့ သူများအနေ နှင့်ရော အိုဗာစတေး သမားများအားလုံး အတွက် ယခု စီမံချက်သည်

Friday, June 24, 2011

ကိုရီးယား အလုပ်သမားဥပဒေ


၁. ကိုရီးယားအလုပ်သမားဥပဒေ
အလုပ်သမားအခွင့်အရေးအား အခြေခံဥပဒေဖြင့် အကာအကွယ် ပေးထားသည်။



အလုပ်သမားမရသင့်သည့် အခံအခွင့်အရေးများအား ဥပဒေဖြင့်သတ်မှတ်ပေးထားသည်။



အလုပ်သမားတိုင်းသညအလုပ်သမား အခွင့်အရေး၃-ရပ်အား တောင်းဆိုပိုင်ခွင့်ရှိသည်။
    အလုပ်သမားအခွင့်အရေး ၃ရပ်မှာ ၁) လွပ်လပ်စွာ စုရုံး ပိုင်ခွင့်၊
                                              ၂) လွပ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်၊
                                              ၃) လွပ်လပ်စွာ အဖွဲ့အစည်းဖြင့် လှုပ်ရှားပိုင်ခွင့်၊

 
၂၀၁၁ခုနှစ် အခြေခံ လစာ

#ဥပဒေအရ အလုပ်ချိန် တနေ့၈နာရီ
 (အလုပ်ရှင်က အလုပ်သမားရဲ့ သဘောတူညီချက် ရယူပြီးမှ အချိန်ပို အလုပ်ခိုင်းနိုင်သည်)
ဥပဒေအရ တနာရီ အလုပ်လုပ်ခ ၄၃၂၀ ၀မ်
              တရက်လုပ်ခ ၃၄ ၅၆၀ ၀မ်               (ပိုပေးလို့ ရသော်လည်း သတ်မှန်နှုန်းအောက် လျှော့ပေးလို့ မရပါ)



# တနေ့ အလုပ်ချိန် ၈နာရီ(ထမင်စားချိန်၁နာရီကို ထည့်မတွက်ရ)
တပတ်ကို နာရီ ၄၀လုပ်ရင်(စနေအလုပ်မလုပ်)                         တလ လစာ ၉၀၂ ၈၈၀ ၀မ်

# တနေ့ အလုပ်ချိန် ၈နာရီ(ထမင်စားချိန်၁နာရီကို ထည့်မတွက်ရ)

တပတ်ကို နာရီ ၄၄လုပ်ရင်(စနေနေ့တွင် ၄နာရီ လုပ်)                တလ လစာ ၉၇၆ ၃၂၀ ၀မ်

# အချိန်ပို လုပ်ခ= တနာရီလုပ်ခ×1.5ဆ= ၄၃၂၀×၁.၅=   ၆၄၈၀ ၀မ်
# အထူးလုပ်ခ= တနာရီလုပ်ခ× ၂ဆ= ၄၃၂၀× ၂= ၈၆၄၀ ၀မ်

တပတ်နာရီ ၄၀လုပ်သူဟာ စနေနေ့တွင် အလုပ်လုပ်ရပါက အချိန်ပိုလုပ်ခနှုန်းဖြင့် တွက်ယူနိုင်သည်။
တပတ်နာရီ ၄၄နာရီလုပ်သူဟာ စနေနေ့တွင် ၄နာရီအထက် အလုပ်လုပ်ချိန်ကို အချိန်ပိုလုပ်ခနှုန်းဖြင့်
တွက်ယူပါ။

စက်ရုံမှာ တရားဝင်သတ်မှတ်ထားတဲ့ ပိတ်ရက်(အများအားဖြင့် တနင်္ဂနွေ)၊ အစိုးရသတ်မှတ်ရုံးပိတ်ရက်(အနီရောင်ရက်)၊ နွေရာသီပိတ်ရက်များတွင် အလုပ်လုပ်ရပါက အထူးလုပ်ခနှုန်းဖြင့် တွက်ယူပါ။
အထူးလုပ်ခဖြင့်တွက်ပါက တရက် ၈နာရီ×၈၆၄၀ ၀မ်= ၆၉ ၁၂၀ ၀မ် (ပိတ်ရက်တရက်အတွက် လုပ်ခ)

Sunday, May 1, 2011

ရွှေ့ပြောင်းအလုပ်သမားများ မေးလေ့မေးထ ရှိသော အလုပ်သမားဥပဒေ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ အပိုင်း(၁)

ကိုရီးယားရောက်မြန်မာနိုင်ငံသားညီအကိုမောင်နှမများအနေဖြင့်ညီမျှ
သောတရားဥပဒေ၏အရိပ်အာဝါသအောက်တွင်လုံခြုံစွာအလုပ်
လုပ်ကိုင်နေထိုင်နိုင်ကြပြီးမိမိတို့၏အခွင့်အရေးများအားတရား
ဥပဒေနှင့်အညီရဲရဲဝင့်ဝင့်ရယူရရှိခံစားနိုင်ကြစေရန်အလို့ငှာဖေါ်ပြအပ်ပါသည်၊၊
(ဘားမားအက်ရှင်ကိုရီးယားမှ ဘာသာပြန်ဆိုသည့် အလုပ်သမားဥပဒေစာအုပ်မှကူးယူ ဖေါ်ပြအပ်ပါသည်။)

၁၊ လုပ်ငန်းခွင်အတွင်း မကြာခဏ ရိုက်နှက်ခြင်းပြုလျှင် ။
မေး။ ။ ကျနော်အလုပ်လုပ်နေသော လုပ်ငန်းခွင်တွင် ကိုရီးယားသို့ ရောက်ရှိသည်မှာ မကြာသေးသော ရွှေ့ပြောင်းအလုပ်သမားများလည်း ရှိပါသည်။ သို့သော် စကား နားမလည်၊ အလုပ်မကျွမ်းကျင်သောကြောင့်ပင် ဖြစ်မည်ထင်သည် မကြာခဏ အမှားများလေ့ရှိသည်။ ထိုသို့ အမှားဖြစ်သည့်အခါတိုင်းတွင် ကိုရီးယားလူမျိုး အုပ်ချုပ်သူများမှ ရိုက်နှက်ခြင်းပြုလေ့ရှိသည်။ ပခုံး၊ ကျော၊ လက်၊ နေရာများကို ရိုက်နှက်တတ်သလို၊ ခြေထောက်ဖြင့် ကန် သည်များလည်းရှိသည်။ ထိုပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။

ဖြေ။ ။ကိုရီးယားနိုင်ငံ၏ အလုပ်သမားဥပဒေတွင် “ အလုပ်ရှင်သည် ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ချုပ်နှောင်ခြင်း၊ စသည်တို့ကို မပြုလုပ်ရ” ဟုဖေါ်ပြထားပြီး၊ “အ ခြားသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို အနှောက်အယှက်ပေး ချုပ်ချယ်ခြင်း မပြုနိုင်” ဟုပါရှိသည်။ ၄င်းပြင် “မည်သို့ မည်သည့်အကြောင်း ကြောင့်ဖြစ်စေ အလုပ်သမားအား ရိုက်နှက်ခြင်းမပြုရပေ။ ထိုအချက်များကို ဖောက်ဖျက် ကျူးလွန်ပါက ပြင်းထန်စွာ ပြစ်ဒဏ်ကျခံစေရမည်ဖြစ်သည်။ သို့သော် မိမိ၏ လုပ်ငန်းခွင်တွင် အခြေအနေမှာ ထိုသို့သောအခြေအနေဖြစ်နေပါက လုပ်ငန်းရှင်အား ထိုသို့မပြုလုပ်ရန် တိုင်ကြားပြောဆိုလျှင် အလွယ်တကူအရေးယူခြင်း၊ ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ကြပေ။ ထိုအခါမျိုးတွင် နီးစပ်သော ရွှေ့ပြောင်း အလုပ်သမားအတိုင်ပင်ခံရုံး၊ သို့မဟုတ် အလုပ်သမားဝန်ကြီးဌာန၏

Sunday, April 24, 2011

တိုင်းရင်းသာလူမျိုးများ

ပြည်ထောင်စု မြန်မာနိုင်ငံတော်၌နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇ၀င်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား

မိုင်းပွန်စော်ဘွား စ၀်စံထွန်း

မိုင်းပွန်စော်ဘွား စ၀်စံထွန်း
စ၀်စံထွန်း
မွေးသက္ကရာဇ် ၁၂၆၉-ခုနှစ်၊ နယုန်လပြည့်ကျော် ၅-ရက်၊ သောကြာနေ့
အမည်ရင်း စ၀်စံထွန်း
နိုင်ငံ မြန်မာ
မိဘအမည် စော်ဘွားကြီးစပ်ခွန်ထီး + နန်းစိန်ဥ
ကိုးကွယ်မှု ဗုဒ္ဓဘာသာ
အလုပ်အကိုင် အတိုင်ပင်ခံဝန်ကြီး
မွေးဖွားရာဒေသ မိုင်းပွန်မြို့ (ရှမ်းပြည်တောင်ပိုင်း)
ထင်ရှားကျော်ကြားမှု အာဇာနည် ပုဂ္ဂိုလ်
မိုင်းပွန်စော်ဘွား စ၀်စံထွန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း (၁၂၆၉-၁၃၀၉) ကား ရှမ်းပြည်တောင်ပိုင်း။ မိုင်းပွန်မြို့ အဖစော်ဘွားကြီးစပ်ခွန်ထီး။ အမိနန်းစိန်ဥတို့မှ သက္ကရာဇ် ၁၂၆၉-ခုနှစ်။ နယုန်လ ပြည့်ကျော် ၅-ရက်။ သောကြာနေ့တွင် ဖွားမြင်ပါသည်၊

Contents

[hide]

ပညာရေး

၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။
မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ပြီး

Thursday, April 21, 2011

ကထိန် ခင်းခြင်းအကြောင်း လေ့လာကြည့်မယ်

ကထိန်

ကထိန်တော် အတွက် ပဒေသာပင်

ကထိန်

ကထိန်ဆိုသော ဝေါဟာရသည် ကထိန ပါဠိပုဒ်မှ ဆင်းသက်လာသည်။ မြန်မာ့စာပေများတွင်

ဆင်ဖြူတော်အကြောင်း သိကောင်းစရာ

ဆင်ဖြူတော်

ဆင်ဖြူတော်နှင့် မင်းခမ်းမင်းနား
ဆင်ဖြူတော်ဆိုသည်မှာ ဆင်အရောင်သည် အဖြူရောင်ရှိသော ဆင်မျိုးကို ခေါ်သည်။ ဆင်ဖြူသည် ရှားပါး

ဂေဟဗေဒ

ဂေဟဗေဒ

ဂေဟဗေဒအား သိပ္ပံပညာတရပ်အဖြစ် ထူထောင်ခဲ့သည့် Eugenius Warming(၁၈၄၁-၁၉၂၄)
ဂေဟဗေဒ (ဂရိဘာသာ oîkos, "ဂေဟာ"; -λογία, -logia, ဘာသာဗေဒ၊ အင်္ဂလိပ် - ecology) သည် သက်ရှိများ ဖြန့်ကျက်တည်ရှိပုံ

Wednesday, April 20, 2011

နိုင်ငံခြားသားအလုပ်သမားများအကူအညီတောင်းနိုင်သည့်အဆက်အသွယ်များ

နိုင်ငံခြားသားအလုပ်သမားများ အကူအညီလိုအပ်ပါက ဆက်သွယ်တောင်းခံနိုင် သည့် အဖွဲ့အစည်းများ

နိုင်ငံခြားသားအလုပ်သမားများအနေဖြင့်
ထိုင်းနိုင်ငံအတွင်း ခရီးသွားလာနေစဉ်ဖြစ်စေ၊ အ လုပ်လုပ်နေစဉ်အတွင်း
ဘေးအန္တရာယ် တခုခုနှင့်ကြုံတွေ့ရပါက အောက်တွင် ဖေါ်ပြထား သည့်
အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်များနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း (NGOs)
များထံသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။

ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အခါများတွင် အကူအညီတောင်းခံနိုင်သည့် အဖွဲ့ အစည်းများ

နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း

နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ
မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း



၁- ထိုင်းနိုင်ငံအတွင်း မွေးဖွားသူတိုင်းသည်
မွေးဖွားစာရင်း လက်ခံရယူနိုင်ခွင့်ရှိပြီး အကယ် ၍ သေဆုံးသွားပါကလည်း
သေဆုံးစာရင်းကို

နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်

င်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်

အလုပ်သမား အကာအကွယ်ပေးရေးဥပဒေ၊
အလုပ်သမားဥပဒေ၊ ပညာရေးဆိုင်ရာအတွက် ပြဌာန်းထားသော ဥပဒေ၊ လျော်ကြေးငွေနှင့်
ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ လူမှု ဖူလုံရေးဥပဒေတို့တွင်

နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးသုတေသန အစီရင်ခံစာ အကျဉ်းချုပ်

နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးသုတေသန အစီရင်ခံစာ အကျဉ်းချုပ်
စာရေးသူ……….. ဖွန်ချိုင်းသန်သိဝိထယားဖိထတ်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံခြားသားအလုပ်သမားများ၏ ရင်သွေးများ မည်ရွေ့မည်မျှ အစိုးရကျောင်းများ တွင်တရားဝင် ပညာသင်ကြားနိုင်ခြင်းနှင့် ပတ်သက်၍ သုတေသနစာတမ်း တစ်ခုကို ၆ လကြာအချိန်ယူ၍ သုတေသန ပြုလုပ်ထားပါသည်။ ၎င်းစာအုပ်တွင် နိုင်ငံခြားသား အလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားရာတွင် တွေ့ကြုံနေ ရသည့်အခက်အခဲ၊ ပညာ သင်ကြားမှုကို ထောက်ခံအားပေး ပံ့ပိုးကူညီသူများ၊ ကလေးများ ကျောင်းများသို့သွားရောက် ပညာ မသင်ကြားနိုင်သည့် အခက်အခဲ၊ အတား အဆီးများကိုလည်း တွေ့ရှိရမည် ဖြစ်သည်။

ယ္ခု ပြုစုလိုက်သော သုတေသနစာတမ်းသည် အနာဂတ်ကာလတွင် အစိုးရကိုယ်တိုင်ဖြစ် စေ၊ လူမှုအဖွဲ့အစည်းတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ ဖြစ်စေ နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးများမည်သည့်အတွက် ကြောင့် ကျောင်းများတွင် ပညာမသင်ကြားနိုင်သည့် အခြေခံအကြောင်းများကို သိရှိစေရန် ရည်ရွယ်ပြီး ပြုစုရခြင်း ဖြစ်သည်။

သုတေသနစာတမ်းအတွက် သွားရောက်၍ စစ်တမ်းကောက်ယူရာတွင် အသက်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ