.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Wednesday, May 21, 2014

စိတ်ရောဂါသည် မိန်းကလေး၏ အရှက် နှင့်အသက်ကို ၀ိုင်းဝန်ကာကွယ်ကြပါစို.

ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ

ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး
အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှိရနိုင်ပါတယ်
ဒါကြောင့် ကြိုတင်ကာကွယ်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ဒီကလေးမလေးဟာ ထားဝယ်မြို.တွင်းမှာ နေထိုင်တယ်လို.သိရပြီး မိဘဆွေမျိုးမရှိဘူးလို. သိရပါတယ်။
လူမှု.ရေးအဖွဲ.များ အနေနဲ.လည်းဝိုင်းဝန်းပြီး ကူညီပေးကြပါလို.. တိုက်တွန်းလိုပါတယ် ။
ထားဝယ် မြို.သူထားဝယ် မြို.သားများထဲမှာ ဒီကလေးမလေးအကြောင်း သိရှိသူ ရှိပါက ထပ်မံဖြည့်စွက်ပေးစေလိုပါတယ်။

ဘယ်လိုကူညီသင့်တယ် ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတာကို အကြံပြုပေးကြပါ
အဝေးရောက် မြို.ခံ ထားဝယ်သားများ နဲ. ထားဝယ်မြို.ရှိ မိတ်ဆွေများ အားလုံးအတူတူ လက်တွဲပြီးကူညီဆောင်ရွက်ပေးကြပါ။


ပေးပို.လာသော ကိုဇော်ဇော်အားကျေးဇူးတင်ရှိပါတယ်


မင်းလွမ်းနောင် (ပန်းတနော်)

Saturday, January 5, 2013

2013 ရဲ. လိမ်နည်း တစ်မျိုး


ခုတလော လူလိမ်တွေ များတယ်...သတိပြုကြဖို.

လူလိမ် ။ ။ ဟလို အကို ကျနော် ------မြို.ကို ငွေ 28000 လွဲချင်လို. ရမလား

ငွေပို.သူ ။ ။ ရပါတယ် .... လာယူမဲ့သူ နာမည်ပြော လိပ်စာပြောလေ

လူလိမ် ။ ။ ရတယ် အကို သူ.ဟာသူလာယူမှာပါ ဗိုက်ကြီးသည်တစ်ယောက်ပါ
မီးဖွားစရိတ် အရေးတကြီးလိုနေလို. ဒီနေ. ချက်ချင်း ပို.ချင်တယ်အကို ရလား


ငွေပို.သူ ။ ။ ရတယ် လေ ဘဏ်အကောင့် ============ ကို လွှဲလာခဲ့လေ ...ဘန်ကောက်ဘဏ် ..နာမည်က============= ပါ

လူလိမ် ။ ။ ဟုတ်ကဲ့ အကို ခုပဲ လွှဲလိုက်မယ်........

ငွေပို.သူ ၊ ။ ဖုန်းကိုတော့ မက်ဆေ့ဝင်လာတာလဲဟ ....
(အမှန်က ငွေပို.သူ ဖုန်းနံပါတ် ကို ဘဏ်နဲ.ချိတ်ဆက်ထားခြင်းမရှိ)

လူလိမ် ..ဖုန်ပြန်ဆက်လာ ပြန်တယ်..

လူလိမ် ။။။ အကိုရောက်ပြီလား ...ခုချက်ချင်း လွဲပေးနော် အကို အရန်းအရေးကြီးလို.ပါ

ငွေပို.သူ ။ ။ ခဏလေးစောင့် ခုပဲ ဘဏ်သွားကြည့်ပေးမယ် .....

(ဘဏ်စာရင်းထဲတွင် ငွေလက်ကျန်မှလွဲပြီး ဘာငွေမှ မရောက်ခဲ့)

ငွေပို.သူ ဖုန်းပြန်ဆက်ရာ

ငွေပို.သူ ။ ။ ဟေ့ .. မင်းလွှဲလိုက်တဲ့ငွေ မရောက်ပါလား....

လူလိမ် ။ ။ ဟာ အကိုကလဲ ကျနော့်လက်ထဲမှာ အကိုဆီလွှဲထားတဲ့ စာရွက် ရှိနေတာပဲ ..အကိုဖုန်းကို မက်ဆေ့မ၀င်ဘူးလား

ငွေပို.သူ ။ ။ ၀င်တယ်လေ ..... ငါ့ဖုန်းနဲ. ဘဏ်နဲ. ချိတ်မှ မချိတ်ထားတာ ...ဘာကြောင့်ဝင်သလဲ ဆိုတာ ခုမှ သိတော့တယ်... မင်းဘယ်မှာနေလဲ ပြော ...အခု ငါမင်းကိုလာရှာမယ်....

လူလိမ်။ ။ ဖုန်းပိတ်ချလိုက်လေပြီ ........

ငွေပို.သူ ။ ။ တောက် ဒေါင်းဇား လူလိမ် လူညာ ....အေဘေး ....

(မှတ်ချက်) ။ ။ ဘဏ်နဲ. ဖုန်းနဲ.ချိတ်ထားသူများ အထူးသတိပြုကြရန်ပါ .......မက်ဆေ့ဝင်လာတိုင်း မယုံကြလေနှင့် .....၀င်လာသည့်မက်ဆေ့ကိုကြည့်ပါ ဆယ်လုံး နံပါတ် ဖြင့် ပေါ်နေပါက သေချာပါသည် မက်ဆေ့ အတုကြီးပင်ဖြစ်လေ၏ ။ အကောင်းဆုံးမှာ မည်သို.ပဲ လွှဲပါစေ ဘဏ်စာရင်းတွင် သွားရောက်ကြည့်ရှု.ခြင်းသည် အသေချာဆုံးပင်ဖြစ်လေသည်။

(မနေ.က သူငယ်ချင်း ပွဲစား တစ်ယောက် ကြုံတွေရသည့် တကယ့် ဖြစ်ရပ်လေးအား ပြန်လည်ဝေမျှလိုက်ပါတယ် ...)

ခုတလော လူလိမ်တွေ များတယ်...သတိပြုကြဖို.

လူလိမ် ။ ။ ဟလို အကို ကျနော် ------မြို.ကို ငွေ 28000 လွဲချင်လို. ရမလား

ငွေပို.သူ ။ ။ ရပါတယ် .... လာယူမဲ့သူ နာမည်ပြော လိပ်စာပြောလေ

လူလိမ် ။ ။ ရတယ် အကို သူ.ဟာသူလာယူမှာပါ ဗိုက်ကြီးသည်တစ်ယောက်ပါ
မီးဖွားစရိတ် အရေးတကြီးလိုနေလို. ဒီနေ. ချက်ချင်း ပို.ချင်တယ်အကို ရလား


ငွေပို.သူ ။ ။ ရတယ် လေ ဘဏ်အကောင့် ============ ကို လွှဲလာခဲ့လေ ...ဘန်ကောက်ဘဏ် ..နာမည်က============= ပါ

လူလိမ် ။ ။ ဟုတ်ကဲ့ အကို ခုပဲ လွှဲလိုက်မယ်........

ငွေပို.သူ ၊ ။ ဖုန်းကိုတော့ မက်ဆေ့ဝင်လာတာလဲဟ ....
(အမှန်က ငွေပို.သူ ဖုန်းနံပါတ် ကို ဘဏ်နဲ.ချိတ်ဆက်ထားခြင်းမရှိ)

လူလိမ် ..ဖုန်ပြန်ဆက်လာ ပြန်တယ်..

လူလိမ် ။။။ အကိုရောက်ပြီလား ...ခုချက်ချင်း လွဲပေးနော် အကို အရန်းအရေးကြီးလို.ပါ

ငွေပို.သူ ။ ။ ခဏလေးစောင့် ခုပဲ ဘဏ်သွားကြည့်ပေးမယ် .....

(ဘဏ်စာရင်းထဲတွင် ငွေလက်ကျန်မှလွဲပြီး ဘာငွေမှ မရောက်ခဲ့)

ငွေပို.သူ ဖုန်းပြန်ဆက်ရာ

ငွေပို.သူ ။ ။ ဟေ့ .. မင်းလွှဲလိုက်တဲ့ငွေ မရောက်ပါလား....

လူလိမ် ။ ။ ဟာ အကိုကလဲ ကျနော့်လက်ထဲမှာ အကိုဆီလွှဲထားတဲ့ စာရွက် ရှိနေတာပဲ ..အကိုဖုန်းကို မက်ဆေ့မ၀င်ဘူးလား

ငွေပို.သူ ။ ။ ၀င်တယ်လေ ..... ငါ့ဖုန်းနဲ. ဘဏ်နဲ. ချိတ်မှ မချိတ်ထားတာ ...ဘာကြောင့်ဝင်သလဲ ဆိုတာ ခုမှ သိတော့တယ်... မင်းဘယ်မှာနေလဲ ပြော ...အခု ငါမင်းကိုလာရှာမယ်....

လူလိမ်။ ။ ဖုန်းပိတ်ချလိုက်လေပြီ ........

ငွေပို.သူ ။ ။ တောက် ဒေါင်းဇား လူလိမ် လူညာ ....အေဘေး ....

(မှတ်ချက်) ။ ။ ဘဏ်နဲ. ဖုန်းနဲ.ချိတ်ထားသူများ အထူးသတိပြုကြရန်ပါ .......မက်ဆေ့ဝင်လာတိုင်း မယုံကြလေနှင့် .....၀င်လာသည့်မက်ဆေ့ကိုကြည့်ပါ ဆယ်လုံး နံပါတ် ဖြင့် ပေါ်နေပါက သေချာပါသည် မက်ဆေ့ အတုကြီးပင်ဖြစ်လေ၏ ။ အကောင်းဆုံးမှာ မည်သို.ပဲ လွှဲပါစေ ဘဏ်စာရင်းတွင် သွားရောက်ကြည့်ရှု.ခြင်းသည် အသေချာဆုံးပင်ဖြစ်လေသည်။

(မနေ.က သူငယ်ချင်း ပွဲစား တစ်ယောက် ကြုံတွေရသည့် တကယ့် ဖြစ်ရပ်လေးအား ပြန်လည်ဝေမျှလိုက်ပါတယ် ...)
 
မင်းလွမ်းနောင်(ပန်းတနော်)

Thursday, January 3, 2013

မြ၀တီကုန်သွယ်ရေးဇုန်မှ ဒေါ်တိကျ




                   နိုင်ငံတော်သမ္မတလမ်းညွှန်ချက်နှင့်အညီ စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်သွယ်မှုမြှင့် တင်ရေးအတွက် တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေးအတွက် စီမံချက်ချမှတ် အားသွန်ခွန်စိုက် အကောင်အထည်ဖေါ်ဆောင်ရွက်နေချိန်တွင် မြ၀တီကုန်သွယ်ရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ သည် တရားမ၀င်ကုန်သွယ်မှုပြုနေသည့် ကုန်သည်များအား ကုန်သွယ်မှုလမ်းကြောင်းအမှန်ပေါ်သို့ တက်ရောက် စေရေးအတွက် လိုအပ်သောလုပ်ထုံးလုပ်နည်းစနစ်များအား  အသိပညာပေးခြင်း၊ အခက်အခဲများအား ကူညီပံ့ပိုး ဖြေရှင်းကာ အားတက်သရော ကူညီဆောင်ရွက်ပေးလျှက် ရှိပါသည်။
                   သို့ရာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအနက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာရီသိန်းသည် ကုန်သွယ်မှုလမ်းကြောင်းအမှန်ပေါ် တက်ရောက်ရန်ကြိုးစားလာသည့် လုပ်ထုံးလုပ်နည်း နားမလည်သည့် ကုန်သည်များအပေါ် သူသည် အတိအကျအလုပ်လုပ်နေကြောင်း၊ လူကြီးနှင့် ပေါင်းလို့ရတိုင်း သူ့အပေါ် လာကြောရမည်မထင်စေချင်ကြောင်း ဟိန်းဟောက်ခြိမ်းခြောက်ကာ လက်ဆောင် လာဘ်မထိုးသည့် ကုန်သည်များနှင့် ကုမ္ပဏီအေးဂျင့်များအပေါ် လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်ရာတွင် အချိန်ဆွဲခြင်း၊ သူလုပ်ပိုင်ခွင့် ထက်ကျော်လွန်စွာ ပညာပြခြင်းများ ပြုလုပ်နေပါသည်။
                   ( ၂.၁.၁၃ )ရက်နေ့ နေ့လည်ပိုင်းတွင် သွင်းကုန်လိုင်စင်လျှောက်ထားမည့် ကုမ္ပဏီတစ်ခုမှ အေးဂျင့်သည် ရုံးဝင်စာတင်ခြင်း၊ သွင်းကုန်တင်သွင်းရန် ပို့ကုန်တန်ဖိုးပြည့်စုံလုံလောက်မှုရှိမရှိ စစ်ဆေးမှုခံယူခြင်း၊ ဦးစီးအရာရှိလိုအပ်သောစစ်ဆေးစီစစ်မှုများခံယူပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာရီသိန်းထံ လုပ်ငန်း အဆင့် ရောက်ရှိဆောင်ရွက်ရာတွင် တင်သွင်းမည့်ကုန်ပစ္စည်းအပေါ် အကောက်ခွန်ဌာနမှ စစ်ဆေးသတ်မှတ် ရမည့် Customs HS Code အား မှန်ကန်ရဲ့လား၊ ခဏစောင့်ဦး၊ Customs HS Code အား ပြန်လည်တိုက်ဆိုင် စစ်ဆေးရမည်ဟုဆိုကာ ၃လက္မခန့်အထူ Customs HS Code စာအုပ်ဖြင့် တိုက်ဆိုင်စစ်ဆေးသင့်သော်လည်း သူမထံတွင်မရှိသည့် Customs HS Code စာအုပ်အစား စာရွက်စာတမ်း လှန်လှောရှာဖွေသယောင်ပြုကာ အချိန်ဆွဲခြင်း၊ သွင်းကုန်လိုင်စင်ထုတ်ယူရေးအတွက် သတ်မှတ်ငွေပေးဆောင်ရန် ဘဏ်ပိတ်ချိန်နီးကပ်နေသဖြင့် အလျင်လိုနေသော အေးဂျင့်အပေါ် မလိုအပ်ဘဲ ခုမှလာလောမနေနဲ့၊ အလျင်လိုလျှင် စောစောစီးစီးလုပ်ကြပါလား၊ သူ့တာဝန်အရ စစ်ဆေးပြီး ပြည့်စုံမှရမှာပေါ့၊ အချိန်မမှီလျှင် မနက်မှဆောင်ကြ၊ ငါကနင့်ကုန်ပစ္စည်းတောင် ဘာမှန်းမစစ်ရသေးဘူး လောဘို့တော့တတ်တယ်ဟု ပြောကာ နောက်မှရောက်လာသည့် လူကြီးနှင့် မျက်မှန်းတမ်း ရင်းနှီးသည့် ကုန်သည်တစ်ယောက်ငွေသွင်းချလံအား ကျော်ပြီးလက်မှတ်ရေးထိုးပေးလိုက်ပါသည်။ နားဝင်ပီယံ မရှိသည့် အရေမရအဖတ်မရစကားဆိုကာ လုပ်ငန်းနှောင့်နှေးကြန့်ကြာအောင် တမင်အချိန်ဆွဲခြင်းများပြုလုပ်ပါသည်။ သူမရုံးခန်း အတွင်းရှိဝန်ထမ်းများသည် အလုပ်လုပ်ရမပျော်ကြောင်း၊ သတ်မှတ်တာဝန်ထမ်းဆောင်ကာလ ပြည့်လျှင် မြန်မြန် ပြန်ချင်ကြောင်း ငြီးတွားရသည်အထိ ဖြစ်ပျက်နေပါသည်။
                   သူမအထက်အရာရှိများထံ အခက်အခဲအားတင်ပြလျှင် ချက်ခြင်းဖြေရှင်းပေးပါသည်။ သို့သော် သူမဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်အတွက် အထက်အရာရှိမှ သူမအားခေါ်ယူကာ ချက်ခြင်းဆောင်ရွက်ပေးရန် ညွှန်ကြားလျှင် ဆူဆူအောင့်အောင့်နှင့် လုပ်ငန်းဆောင်ရွက်ပေးပါသည်။
                   သူမသည် မြ၀တီကုန်သွယ်ရေးဇုန်တွင် နှစ်ကာလကြာမြင့်စွာကတည်းက တာဝန်ထမ်းဆောင်ခဲ့ ဘူးသူ ဖြစ်ပြီး မည်သည့်ကုန်သည်ထံမှ မည်သို့သော လာဘ်လာဘ ရယူရမည်ကို ကျွမ်းဝင်စွာ သိရှိထားသူလည်း ဖြစ်ပါသည်။
                   နိုင်ငံတော်မှ ပြောင်းလဲကျင့်သုံးနေသော မူဝါဒ လမ်းညွှန်ချက်များအား အကောင်အထည်ဖေါ်ရန် အနှောက်အယှက်ပေးနေသည့် ၀န်ထမ်းဆိုးများအား ထိရောက်စွာ အရေးယူသင့်ကြောင်း အများအကျိုးမျှော် တင်ပြ လိုက်ရပါသည်။
                   ကောင်းစေသူ

Wednesday, January 2, 2013

တရားဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ မူဝါဒနှင့် ဥပဒေ ကွဲလွဲမှုကြောင့် နစ်နာမှုများ






                   နိုင်ငံတော်မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် မူဝါဒချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိနေချိန်တွင်           ( ၃၀.၁၂.၁၂ ) ရက်နေ့က မြ၀တီကုန်သွယ်ရေးဇုန်ကျင်းပသည့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားဝင် ကုန်သွယ်မှုပြုလုပ်ရေး အလုပ်ရုံဆွေးနွေးပွဲတင်ပြချက်များအရ အောက်ခြေအဆင့်ဝန်ထမ်းများလုပ်ဆောင်ချက် များသည် တရားဝင်ကုန်သွယ်မှုပြုနေသော ကုန်သည်များအတွက် နစ်နာမှုများဖြစ်ပေါ်နေရကြောင်းသုံးသပ်တင်ပြ လိုက်ပါသည်။
                   နိုင်ငံတော်ချမှတ်ထားသော ကုန်သွယ်မှုလုပ်နည်းစနစ်အရ မြ၀တီကုန်သွယ်ရေးဇုန်မှတဆင့် တရားဝင်ကုန်သွယ်မှုပြုသည့် ကုန်သည်အနေဖြင့် သတ်မှတ်ညွှန်ကြားချက်အရ ကျပ်ငွေဖြင့် အခွန်ငွေအကြေ ပေးဆောင်ကာ တရားဝင်ယာဉ်စစ်ဆေးမှုခံယူပြီး မြ၀တီမှ ရန်ကုန်သို့ ထွက်ခွါလာသည့် စက်သုံးဆီတင် မော်တော် ယာဉ် ( ၂ ) စီးသည် ( ၂၂.၁၂.၁၂ ) ရက်နေ့တွင် ညောင်ခါးရှည်ရှိ Mobile Team စစ်ဆေးမှုခံယူပြီး ခရီး ဆက်လက်ထွက်ခွါရာ ဝေါမြို့ ရထားလမ်းကူးနေရာအရောက်တွင် တင်ပြပါ Mobile Team မှ ကားဖြင့်လိုက်လာပြီး ကျပ်လိုင်စင်ဖြင့်သွားမရကြောင်း ပြောဆိုတားဆီးခြင်းခံရပါသည်။
                   ကုန်သည်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်အား ကျော်လွန်ကျပ်ငွေ သို့မဟုတ် နိုင်ငံခြား ငွေဖြင့် မိမိသဘောဆန္ဒအလျောက် အခွန်ပေးဆောင်ချင်တိုင်း ပေးဆောင်မရပါ။ မြ၀တီကုန်သွယ်ရေးဇုန်မှ သတ်မှတ်သည့် နည်းလမ်းဖြင့်သာ အခွန်ပေးဆောင်ရပါသည်။ သို့ပါသော်လည်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနလက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတစ်ခုတည်းတွင်ပင် မြ၀တီကုန်သွယ်ရေးဇုန်မှ ကျပ်ငွေဖြင့်အခွန်ပေးဆောင်ခွင့်ပြုသော်လည်း Mobile Team တွင် ကျပ်ငွေဖြင့် အခွန်ဆောင်ခြင်းကြောင့် ခွင့်မပြု နိုင်ကြောင်းတားဆီးခြင်းသည် နားလည်ရခက်ခဲသည့် ဌာနတွင်း ၀ိဝါဒကွဲလွဲမှုဖြစ်နေသဖြင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းအမှန်ပေါ်သို့ တက်ရောက်ရန်ကြိုးစားနေသည့် ကုန်သည်များအတွက် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအမျိုးမျိုးသော ကွဲပြားခြားနားသည့် ညွန်ကြားချက်များအပေါ် ယုံကြည်စိတ်ချစွာ တရားဝင်ကုန်သွယ်မှုပြုနိုင်ရေး အတွက် အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေပါသည်။
                   ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုပြုကြခြင်းအတူတူ အရပ်ဒေသကိုလိုက်ကာ မူဝါဒအမျိုးမျိုးကွဲပြားနေမှုအဖြစ် Sea Trade တွင်မပေးဆောင်ရသည့် ပြည်တွင်းအခွန် ၁.၅ ရာခိုင်နှုန်းအား မြ၀တီ ကုန်သွယ်ရေးဇုန်မှ သွင်းကုန်လုပ်ငန်းဆောင်ရွက်ရာတွင် ကြိုတင်ပေးဆောင်ကြရပါသည်။
                   မြ၀တီကုန်သွယ်ရေးဇုန်မှ သတ်မှတ်အခွန်ထမ်းဆောင်ပြီး တရာဝင်ယာဉ်အစစ်ဆေးခံကာ ခရီး ဆက်လာသည့် ကုန်တင်ယာဉ်များအား ဒေါနတောင်ခြေ (မြ၀တီဘက်အခြမ်း) ရှိ တံတားကျိုးဂိတ်တွင် အကြောင်းမရှိအကြောင်းရှာ စစ်ဆေးခြင်း၊ အခကြေး ( တောင်းသမျှ ) ငွေပေးဆောင်ပြီးမှ ယာဉ်ဖြတ်သန်း ခွင့်ပြုခြင်းများ ပြုလုပ်နေသောကြောင့် အခွန်ထမ်းကုန်သည်များအပေါ် အခွန်ပေါ်အတုပ်ဆင့်နေခြင်းနှင့် တိုင်းပြည်နယ်မြေအေးချမ်း သာယာနေပြီဖြစ်သောကြောင့် ၄င်းဂိတ်အား ရုပ်သိမ်းပေးပါရန် ( ၁၇.၁၁.၁၂ ) ရက်နေ့တွင် မြ၀တီကုန်သွယ်ရေးဇုန်ကျင်းပသည့် Mobile Team စစ်ဆေးမည့်လုပ်ငန်းစဉ် ရှင်းလင်းသည့် အစည်းအဝေးကျင်းပစဉ် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များထံ ကုန်သည်အများမှ တင်ပြခဲ့သော်လည်း ယခုအချိန်အထိ ရုပ်သိမ်းပေးခြင်းမရှိသေးသဖြင့် တရားဝင် ကုန်သည်များသည် အခွန်ပေါ် အခွန် ဆင့်ပြီးရင်းဆင့်ကာ အပိုငွေကြေးပေးဆောင်နေကြရပါသည် ။
ကုန်သည်များ အနေဖြင့် တိုင်းပြည်နယ်မြေ အေးချမ်းသာယာနေပါလျှက်နှင့် အလားတူ ကော့ကရိတ်မြို့ ၀င်ဂိတ်သည် ည ( ၆ ) နာရီမှ နံနက် ( ၆ ) နာရီအထိလည်းကောင်း၊ ဂျိုင်းတံတားဂိတ်သည် ည ( ၈ ) နာရီ မှ နံနက်   ( ၆ ) နာရီအထိလည်းကောင်း ဖားအံ သံလွင်တံတားဂိတ်သည် ည ( ၁၀ ) နာရီခွဲမှ နံနက်( ၃ ) နာရီ အထိ လည်းကောင်း ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန် လွယ်ကူချောမွေ့စေရေးအတွက် အဟန့်အတား တစ်ရပ်ဖြစ်နေပါသည်။
                   ကုန်တင်ယာဉ်များအတွက် တံတားကြေးအနေဖြင့် ဖားအံသံလွင်တံတားသည် သင့်လျော်သော နှုန်းထားဖြင့်ကောက်ခံသော်လည်း မြ၀တီကုန်သွယ်ရေးဇုန်မှ ထွက်ခွါပြီးနောက် သင်္ကန်းညီနောင်ရှိ ထိုင်းနိုင်ငံမှ ဆောက်လုပ်ပေးထားသည့် သင်္ကန်းညီနောင်တံတားကြေး၊ လမ်းမပြုပြင်ဘဲ မတရားကောက်ခံနေသည့်လမ်းကြေး၊ ကိုယ်ပိုင်ခြံဝင်းအတွင်း အိပ်စက်ရပ်နားသော်လည်း ဓါးပြတိုက်သကဲ့သို့တောင်းခံသည့် ညအိပ်ခွန်၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးတာဝန် ထမ်းဆောင်ခြင်းမရှိသော်လည်း မထသကြေးကောက်ခံခြင်း၊ ကော့ကရိတ်ဂိတ် စစ်ဆေးရေး တာဝန်ရှိသူများမှအပ ဓါးပြတိုက်သကဲ့သို့ စိတ်ထင်သလို ငွေကြေးကောက်ခံနေသည့် ကတ္တား၊ နယ်မြေအေးချမ်းနေသော်လည်း ကုန်တင်ယာဉ်တိုင်းသူခိုးထင် နှစ်ထပ်မောင်းတံခါးဆင်ကာ ငွေကြေးရယူလိုသည့် ဂျိုင်းတံတား တပ်မတော်သားများရဲ့ ဖွင့်ချင်သလို မဖွင့်ချင်သလို မောင်းတက်ဂိတ်များသည်  နိုင်ငံတော်မှကြိုဆိုသည့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရောက်ရှိလာရေး ရည်မှန်းချက်အား ကြီးစွာသော အနှောက်အယှက်ဖြစ်နေ ရပါသည်။
                   တရားဝင်ကုန်သွယ်မှုဖြစ်စေရန် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကြပ်မတ်စစ်ဆေးလျှက် သတ်မှတ် ကုန်တင်ဆောင်လာသည့် မော်တော်ယာဉ်များအား Mobile Team မှ ထပ်ဆင့်စစ်ဆေးဆောင်ရွက်ပြီးပါလျှက်နှင့် အင်းတကော်အဖွဲ့စုံဂိတ်မှ မော်တော်ယာဉ်များမှ အခကြေးငွေတောင်းခံနေသည်မှာလည်း တရားဝင်ကုန်သွယ်သူများ အနေဖြင့် အခွန်၊ အတုပ် နှင့် အကောက်ကြေးမျိုးစုံ ပေးဆောင်နေရသည်မှာ တရားမျှတမှုမရှိပါ။
မိမိကြိုးပမ်းရှာဖွေ ထားသည့် အကျိုးစီးပွားထဲမှ မည်သူမျှ အလကားမပေးချင်ပါ။ သို့သော် အခွင့်အာဏာ အမျိုးမျိုးသုံး တောင်းသည့်ငွေအား မပေးလျှင် ခရီးကြန့်ကြာအောင် ပညာပြခြင်းများသည် နိုင်ငံတော် သမ္မတကြီးလမ်းညွှန်ချက်နှင့်ကိုက်ညီမှုမရှိလင့်ကစား ကုန်သည်များမှ အမှန်တကယ်ပေးဆောင်နေရပါသည်။
ယင်းကဲ့သို့သော မသမာမှု ဖြစ်စဉ်များအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးနိုင်ပါရန် ကုန်သည်များ ကိုယ်စား အကူအညီတောင်းခံတင်ပြအပ်ပါသည်။

အောင်နေကြည်အောင်

Monday, April 30, 2012

မျောက်လက်သေနတ်အပ်တော့မှာလား


ကန့် ဘလူမြို့ နယ်မှ အစ္စလမ်ဘာသာဝင် လ/ထ လ၀ကမှူး
ခင်မောင်သန်းမောင်တောမြို့ နယ်သို့ ပြောင်းရွေ့ ရန် စာထွက်
နေပါသည်။ ပြောင်းရွေ့ မည့်ကိစ္စကို တားမြစ်ပေးပါရန်သက်
ဆိုင်ရာသို့ တောင်းဆိုအပ်ပါသည်။


 http://www.facebook.com/permalink.php?story_fbid=318232988246278&id=100001787388697

Sunday, April 15, 2012

ဖူးခက်ရှိမြန်မာအလုပ်သမားများအားရေသန်.မဟုတ်သည့်ရေများအတင်းအကြပ်ရောင်းချနေ

                                           စူပါချီပ်သောက်ရေသန်
ထိုးနိုင်ငံတောင်ပိုင်းဖူကစ်မြီု့ စူပါချီပ် ကုမ္မဏီတွင်သောက်ရေသန့် ဟူ၍ အဝီစီတွင်းမှရေကို ရေသန့် ကိရီယာဖြင့်လုပ်၍သောက်ရေသန်
ဟု၊မြန်မာအလုပ်သမားနေထိုင်သောတန်းလျှားတွင်ရောင်းချနေပါသည်။အပြင်မှဝယ်သောက်လျှင်လည်း
ပိုက်ဆံဖြတ်သည်။(တွေလျှင်)မဝယ်ကြပါ။သောက်ရေသန့် ထုပ်လုပ်သောနေရာကိုကျန်းမာရေးဝန်ကြီးဠာ
တွေသုံးလတစ်ကြိမ်ဝင်ရောက်စစ်ဆေးတယ်လိုကြားသိရပါတယ်။မြန်မာအလုပ်သမားတွေကိုရောင်းတဲ့
သောက်ရေသန့် ကို (စူပါချီပ်သောက်ရေသန် )ကျန်းမာရေးဝန်ကြီးဠာနတွေဝင်ရောက်စစ်ဆေးတာမတွေရပါ
အကယ်၍သောက်ရေသန့် ဆိုလျှင်ကုမ္မဏီအတွင်းမှာလည်းရောင်းရမှာပေါ့၊မြန်မာအလုပ်သမားတွေကိုတမီူီးကုမ္မဏီအတွင်းမှာရောင်းတာကအပြင်မှလာပိုသောသောက်ရေသန့် ဖြင့်ပါသည်။မြန်မာအလုပ်သမား၃၁၀၀
ကျော်ကိုရောင်းတဲ့သောက်ရေသန့် ကတမီူးဆိုတော့ သောက်ရေသန့် မဟုတ်မှန်းသိသာနေပါသည်။ဒီလို
မီူးလုပ်ဆောင်ချက်တွေကိုကျန်းမာရေးဝန်ကြီးဠာနသိအောင်တင်ပြနိုင်ရင်ကောင်းမယ်။စူပါချိပ် ကုမ္မဏီ
မှာထိုင်းလူမီူး၄၀၀၀လောက်ရှိပါသည်။မားသားထရီစာ စိတ်ဓာတ်တစ်ယောက်လောက်ရှိရင်ကောင်းမယ်
လို့ တွေးမီပါတယ်ဗျ။
လူးကြီးမင်းတို့ ခင်ဗျား ထိုင်နိုင်ငံ အတွင်းမြန်မာသံရုံး နှင့် ILO ရုံးအီးမေလ်များကိုရှာပိုပေးကြပါခင်ဗျားကျေးဇူးတင်ပါတယ်။

မောင်ဟန်ဝင်း

Wednesday, April 11, 2012

ထိုင်းနိုင်ငံမှ ဆူနာမိ သတင်းနှင့် ဆူနာမိဘေးမှ ရှောင်နေကြသည့်မြင်ကွင်းဓါတ်ပုံများ








ထိုင်း နိုင်ငံ ဖူးခက်နဲ. ဖန်င တွေမှာ ဆူနာမိ သတင်းပေးချက်တွေ အရေးပေါ်ထုတ်ပြန်ထားပါတယ်...နီးစပ်ရာ မြန်မာအလုပ်သမားများကို သတိပေးကြပါရန်...။
· · · about an hour ago near Yangon

    • Min Thantzin ပေးဖို့ မပြောနဲ့ ဖုန်းလိုင်းက....ခိုးရာ..လိုက်ပြေး..သွားတယ်.မှတ်မယ်...ခေါ်လို့ ကို မရဖူး...ကို ဝေမင်း...
      about an hour ago · · 1
    • Way Min အခု ဖူးခက်မှာမဟုတ်လား အခြေအနေဘာထူးလဲ ရဟတ်ယာဉ်တွေတော့ အဲ့ဘက်ကို ပျံသွားတာတွေ.လိုက်တယ်....
    • Way Min ကို တို.နားလဲ ထိမယ်....
    • Min Thantzin ကမ်းခြေက...အရောင်းစင်တာ..တွေ နဲ့..တည်ခိုးခန်းက..လူတွေကို..လုံခြုံနဲ့..နေရာ..ပြောင်းခိုင်း နေတယ်....မြို့ ထဲက....အရောင်းစင်တာ..တွေလည်း...ပိတ်ခိုင်း..ထားတယ်...လာမယ့် လေးနာရီ..အတွင်း..ဆူနာမီ..စောင့်ကြည့် ..ရမယ်..တဲ့ ..ဗျာ့....
      59 minutes ago · · 1
    • Way Min ဟုတ်တယ် ကိုယ်တို.ဘက်မှာလဲ ဆိုင်ကယ်တွေကားတွေ ယာဉ်ကြောမပိတ်ရအောင် လုပ်နေတာတွေ.တယ်...လူတွေကတော့ ဆုနာမိ လွတ်မဲ့နေရာကို ရှောင်းဖို. ပြောနေကြတယ်
      58 minutes ago · · 1
    • Min Thantzin ကိုကြီး ရေ..ပါတောင် ကမ်းခြေမှာ...ပင်လယ်ရေ....ကမ်းကနေ တစ်ကီလို လျှော့..ကျ...နေပြီ..တဲ့ ....ဗျာ့....
      24 minutes ago · · 1

Monday, April 9, 2012

ဒီ post ကို ကိုမင်းထက်ပို့ ပေးလိုက်တာပါ။ တဆင့်ဝေဌလိုက်ပါတယ်။
မလေးရှားမှ မြန်မာအမျိုးသမီးမိန်းကလေးများ ကို အိမ်ဖော်အဖြစ်ကမ်းလှမ်း
ခြင်းကိစ္စအား ...
အပြင်းအထန် ကန့် ကွက်ပါသည် ။
မလေးရှားနာဂျက်ကနေ မြန်မာအမျိုသမီးများကိုအိမ်ဖော်အဖြစ်ခေါ်ဖို့ လုပ်နေပါပြီး။
အရင်တုန်းကလည်းအင်ဒိုနီရှားအမျိုးသမီတွေအိမ်ဖော်အဖြစ်ခေါ်ခဲ့ပါသေးတယ်။
မလေးရှားနှိုင်ငံသားတို့ ၏လိင်ကိစ္စအင်တင်ဓမ္မမှလုပ်မူ။အင်တင်ဓမ္မအချိန်အပြည့်ခိုင်းစေမူ
နှိုက်စက်ညဉ်းစည်းမူစသည်စသည်အမူများထောင်ပေါင်းမျာစွာပေါပေါက်ခဲ့သည်။
ယင်ကြောင့်အင်ဒိုနီရှားအစိုးရကသူတို့ အင်ဒိုနီရှားအမျိုသမီးများကိုမလေးရှားကို အိမ်ဖို့ အဖြစ်လုံးဝလုံးဝမလွက်တော့ပေ။မြန်မာအမျိုးသမီးတို့ လည်းဘဲအိမ်ဖို့ အဖြစ်မသွားသင့်
မြင်သည်။ share လုပ်ပေးကြပါ။


မောင်းရိုးသား

Thursday, March 29, 2012

နေပြည်တော်မှ ၀န်ထမ်းတစ်ဦးမှ ပေးစာ


(ဒီရေ ဘလော့ဂ်မှကူးယူဖော်ပြသည်)

(ဓာတ်ပုံ - မက်ဆင်ဂျာ ဖေ့စ်ဘုတ်မှ)
အခု နေပြည်တော်မှာ ကျပ် ၂ သိန်းတန် ဖုန်းတွေ ချပေးနေပါပြီ။ ဦးစီးဌာနတွေ အနေနဲ့ ဝန်ထမ်း အရေအတွက် ရှိသလောက် အဲဒီ ၂ သိန်းတန် ဖုန်းကို ဝယ်ယူ ရမယ်လို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေနဲ့ မြန်မာ့ ဆက်သွယ်ရေး က အတင်းအကြပ် လုပ်နေပါတယ်။

ဥပမာ ဝန်ထမ်း ၁၀၀ ရှိတဲ့ ဌာနက ဝန်ထမ်းတွေ ဆီက ငွေကောက်ပြီး ဖုန်းဖိုး သွားသွင်းတဲ့ အခါ လူ ၈၀ လောက်ပဲ ဖုန်း ယူတယ် ဆိုရင် မရဘူး လူ ၁၀၀ စာ စလုံး ယူရမယ်။ ခင်ဗျားတို့ ဌာနက လူစာရင်းကို သမ္မတ ရုံးကို ပို့ထားတယ်။ လူ ၁၀၀ စာမပြည့်ရင် မရဘူး အရေးယူ ခံရမယ် စသည်ဖြင့် ပြောပါတယ်။

အဲဒါကြောင့် ဦးစီးဌာနတွေ အနေနဲ့ မိမိတို့ ဌာန ရန်ပုံငွေထဲက ငွေစိုက်ပြီး ဆက်သွယ်ရေးက ဖုန်းကို ဝယ်ပေးထား၊ နောက်တော့မှ ဝန်ထမ်းတွေ ဆီက လပေးနဲ့ တစ်လ (၂၀၀၀၀) နှုံးလောက်နဲ့၊ ငွေပြန်ဖြတ်လုပ်နေရပါတယ်။

တစ်လ ၄ သောင်း ၅ သောင်းလောက်သာရတဲ့ အောက်ခြေ ဝန်ထမ်းတွေ အတွက် တယ်လီဖုန်း တစ်လုံး ၂ သိန်းဆိုတာ များနေပါတယ်။ ပြီးတော့ ဖုန်းလက်ရှိ၊ ရှိနေတဲ့ အရာရှိတွေ ကလည်း ဖုန်း မယူချင်ကြပါဘူး။ အားလုံးက ၅၀၀၀ တန်ဖုံးကိုပဲမျှော်လင့်နေပါတယ်။

အခုဟာ က မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ်တာပါ။ တယ်လီဖုန်းတွေ သိန်း ၄၀ ၊ ၅၀ လောက် အမြတ်နဲ့ ရောင်းရတုန်းက ဝန်ထမ်း အငယ်တွေကို လှည့်တောင် မကြည့်ပါဘူး၊ အခု ၂ သိန်းတန်ဖုန်းတွေ ရောင်းမရတော့ ဝန်ထမ်း တွေကို အတင်း ယူခိုင်းပါတယ်။ ကုမ္မဏီနဲ့ ပေါင်းပြီး လုပ်တယ် ဆိုတာ ထင်ရှားပါတယ်။

မခံမရပ်နိုင်လွန်းလို့ ရေးလိုက်တာပါ အများ သိအောင် ကြော်ငြာပေးပါပါ။ အဲဒီတော့မှ သူတို့ မတရား လုပ်နေတာတွေ ရပ်ပါလိမ့်မယ်။ မဟုတ်ရင် နည်းမျိုးစုံနဲ့ ဝန်ထမ်းတွေဆီက ပိုက်ဆံကို ညစ်ပတ်ယူနေဦးမှာ။

စာဖတ်သူ ဖတ်လို့ ကောင်းအောင် ကြိုက်သလို စာကို ပြင်ဆင်ပြီး တင်ပေးပါ။ ကျွန်တော်က မခံမရပ်နိုင်လွန်းလို့ စာရေးလိုက်တာပါ။ လူဖတ်လို့ ကောင်းအောင် စာမရေး တတ်ပါဘူး။

နေပြည်တော်မှ ၀န်ထမ်း တဦး

Tuesday, March 20, 2012

ထိုင်းနိင်ငံ ရောက်မြန်မာအလုပ်သမားများအခြေနေ

kolynn  ရဲ.ရင်ဖွင့်သံလေးပါ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ အလုပ်သမားတွေညည်းညူနေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာ တရက်ကို လုပ်ခ200မှ250ထိရကြပေမဲ့ ကိုယ့်စားရိတ်ကိုစား ကိုယ်ဘာသာကိုယ်နေကြရပြီး လခစားဆိုတာမရှိသလောက်ပါဘဲ။အလုပ်ခွင်မှာတော့ရေဘဲတိုက်ပါတယ်။ယာယီပတ်စ်ပို့စ်ကိုင်ဆောင်ထားတဲ့အလုပ်သမားတစ်ယောက်ကိုမေးကြည့်တော့  ဒီမှာအလုပ်လုပ်တာတစ်ရက်ကို 220ဘဲရတယ် ကိုယ့်စားရိတ်ကိုယ်စားပေါ့ ပတ်စ်ပို့လုပ်တာက10500ဘတ်လောက်ကျတယ်။လက်ရှိပတ်စ်ပို့လုပ်တာ 6500ပေါ့ အလုပ်သမားကဒ်တွေလုပ်တာ မပါပါဘူး။တချို့ကလုပ်လို့ရပေမဲ့မလုပ်နိုင်ကြဘူး။ဒီမှာက တစ်လကို 1500လောက်ပိုတယ်ဆိုတာ တော်တော်ရှားတယ်။ပတ်စ်ပို့စ်ကုမ္မဏီတွေက ယူတာများတယ် မြန်မာအာဏာပိုင်တွေကဈေးနူန်းညိနိုင်းပေးရင်ကောင်းမယ်။ကျနော်တို့မြန်မာတွေ အရမ်းသနားဖို့ကောင်းတယ်။
နောက်တစ်ယောက်ကတော့   အကိုရေပိုက်ဆံမပို့နိုင်ပေမဲ့ ဒီမှာနေရတာ ဘာကြေးညာကြေးမရှိဘူး မီးကင်းကြေးမရှိဘူး ပြည့်စုံတယ် လူနေမှုအဆင့်အတန်းမှီတယ်။ဗမာပြည်မှာလုပ်စားရတာထက်နေရေးစားရေး ပညာရေးအားလုံးအဆင်ပြေတော့မပြန်ဖြစ်တော့ဘူး။ပြန်ဖို့လဲမလွယ်ပါဘူး ပိုက်ဆံကိုနှစ်နဲ့ချီစုရဦးမယ်။အခုတက်မဲ့ဝန်ကြီးချူပ်အသစ်ကပြောတာတော့ ရွေ့ပြောင်းအလုပ်သမားတွေ အောက်ခြေတရက်ကို 300ဘတ်အနည်းဆုံးရမယ်လို့ပြောတာဘဲ။လွယ်တော့မလွယ်ပါဘူးဗျာ။ဒီယာယီပတ်စပို့စ်ဟာ7လပိုင်း1ရက်နေ့ကစပြီး သက်တမ်6းနှစ်ပေးတာပါ။ဒါကို ထိုင်းကုမ္မဏီတွေက ခြောက်နှစ်အတွက်ပိုက်ဆံပိုကောက်ဖို့ပြင်ဆင်နေကြပါတယ်။အာဏာပိုင်တွေက ဘယ်လိုလုပ်မလဲဆိုတာတော့စောင့်ကြည့်ချင်ပါသေးတယ်။တချို့ထိုင်းတွေဟာ မသိနားမလည်တဲ့မြန်မာတွေကို ပါးပါးနဲ့သွေးထွက်အောင်လှီးနေကြတယ်။အရင်ကဘာမှမရှိတဲ့ထိုင်းတွေဟာယာယီပတ်စ်ပို့စ်ပေါ်လာမှ တိုက်ဆောက်ကားစီးနေကြပါတယ်။မြန်မာအလုပ်သမားတွေကတော့ ကြိုထုတ်တဲ့ပိုက်ဆံကိုကျေအောင်မနည်းရုန်းကန်နေကြရပါတယ်။မြန်မာနိုင်ငံကြီးမြန်မြန်တိုးတက်ပြောင်းလဲပြီါ်မြန်မာပြည်သူပြည်သားတွေပြန်လာဖို့ဘဲ မျှော်လင့်ပါတယ်..............

Monday, February 20, 2012

မဲဆောက်က မြန်မာလုပ်ငန်းများအတွက် သတိပြုရန် (ပေးစာ)


မဲဆောက်သားလေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂
မဲဆောက်မြို့ ဈေးကြီးအတွင်း ၁၆၊ ၂၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲများပူးပေါင်းအဖွဲများသည် အဖွဲ့လိုက်စုပြီး ဈေး ကိုဝိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား လက်မှတ်မရှိသူ ၂၀၀ ကျော်ခန့်အဖမ်းအစီးခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးစဉ် လက်မှတ်ရှိပြီး ဈေး ရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။
နောက်ဆုံးကြားသိရတာကတော့ ဈေးရောင်းတဲ့သူတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို လုပြီးလုပ်ဆောင်တယ်ဆိုတဲ့ ပုဒ်မနဲ့ပါ (ဒီဥပဒေနဲ့ဆိုရင် ထောင် ၆ လ ကျခံရပါတယ်) ယခု ဖမ်းခံရတဲ့သူတွေကို တရားစွဲဆိုဖို့လုပ်ဆောင်နေပြီလို့လည်း ကြားသိရပါတယ်။
မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓာတ်ပုံဆိုင်များအထိ ရှိပါ တယ်။ ဒီဆိုင်တွေအားလုံးကို လာမယ့် မတ်လဆန်းတာနဲ့ စပြီး ပိုက်စိုက်တိုက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းတာ ၀န်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ်ဆွေဆိုင်များကို သတိပေးပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ) လိုင်စင်ရှိသော်လည်း မရကြောင်း မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့လုပ်ရမယ့် အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင် ထိုင်းနိုင်ငံသားတစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် ၀င်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ ရမည်ဖြစ်ပါသည်။ ထိုသို့ပေးဆောင်ရမည်ဆိုလျှင် ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀) ခန့်ရှိကြောင်းသိရသည်။ ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပတ်စ်ပို့ရှိရန်လည်းလိုအပ်ကြောင်းသိရသည်။ မတ်လအတွင်း လက်မှတ်မဲ့များ၊ မြန်မာပိုင်ဆိုင်များ၊ လုပ် ငန်းများကို တိတိကျကျကိုင်တွယ်ဖို့ လုပ်ဆောင်နေပါပြီလို့လည်း သိရပါတယ်။
မူရင်း -http://maesotnews007.blogspot.com/

Saturday, January 28, 2012

ကပစ (၉)၊ ပန်းတောင်း၊ ကျောက်ဖြူမှ စစ်သည်များ နစ်နာနေရခြင်းအကြောင်း



ကျနော်တို့တပ်တွင် ၂၀၀၈ ခု ဇွန်လမှ စ၍ တပ်သားအဆင့်မှ တပ်ကြပ်အထိ တလလျှင် ၃၀၀၀ ကျပ်၊ တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အထိ တလလျှင် ၅၀၀၀ ကျပ်၊ ပြည်မြို့ အင်းဝဘဏ်တွင် တပ်ရင်းမှူး အမိန့်အရ မစုမနေရ ငွေစုခဲ့ရပါသည်။ ဦးပိုင်ကုမ္ပဏီတွင် ထည့်ရန်ဟု သိရပါသည်။ ယခုအခါ ဦးပိုင်ကုမ္ပဏီတွင်လည်း ထိုစုငွေများကို လက်မခံတော့ကြောင်း သိရပါသည်။ ငွေလို၍ မိမိ၏စုငွေကို ထုတ်ယူလိုလျှင်လည်း စုငွေကို ထုတ်ယူခွင့်မပေးပါ။ တပ်ပြောင်းသည့်အခါနှင့် သက်ဆိုင်သူ ရဲဘော် သေဆုံးလျှင်မှသာ ထုတ်ပေးပြီး မိသားစုအား အပြည့်အ၀ ထုတ်မပေးပါ။ တပ်ရင်း ငွေစာရင်းဌာနတွင် ဒု-အရာခံဗိုလ် ဘုန်းကျော်နှင့် ညှိလျှင် စုငွေကို ထုတ်၍ ရနိုင်ပြီး ငွေတသောင်း ထုတ်ယူရန် ၎င်းနှင့် အဖွဲ့ကို နှစ်ထောင်ကျပ် ပေးရပါသည်။ ဘဏ်သို့သွားရန် မလိုဘဲ ၎င်းတို့က ထုတ်ပေးပါသည်။ ဤသို့ ခေါင်းပုံဖြတ် ခံနေရခြင်းကြောင့် ဆင်းရဲကျပ်တည်းလှသည့် စစ်သည်များမှာ အလွန်နစ်နာနေရပါသဖြင့် အထက် လူကြီးများ သိရှိဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။

စစ်သည်များ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ