ထိုင်းနိင်ငံ ရောက်မြန်မာအလုပ်သမားများအခြေနေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ
အလုပ်သမားတွေညည်းညူနေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာ တရက်ကို
လုပ်ခ200မှ250ထိရကြပေမဲ့ ကိုယ့်စားရိတ်ကိုစား ကိုယ်ဘာသာကိုယ်နေကြရပြီး
လခစားဆိုတာမရှိသလောက်ပါဘဲ။အလုပ်ခွင်မှာတော့ရေဘဲတိုက်ပါတယ်။ယာယီပတ်စ်ပို့စ်ကိုင်ဆောင်ထားတဲ့အလုပ်သမားတစ်ယောက်ကိုမေးကြည့်တော့
ဒီမှာအလုပ်လုပ်တာတစ်ရက်ကို 220ဘဲရတယ် ကိုယ့်စားရိတ်ကိုယ်စားပေါ့
ပတ်စ်ပို့လုပ်တာက10500ဘတ်လောက်ကျတယ်။လက်ရှိပတ်စ်ပို့လုပ်တာ 6500ပေါ့
အလုပ်သမားကဒ်တွေလုပ်တာ
မပါပါဘူး။တချို့ကလုပ်လို့ရပေမဲ့မလုပ်နိုင်ကြဘူး။ဒီမှာက တစ်လကို
1500လောက်ပိုတယ်ဆိုတာ တော်တော်ရှားတယ်။ပတ်စ်ပို့စ်ကုမ္မဏီတွေက ယူတာများတယ်
မြန်မာအာဏာပိုင်တွေကဈေးနူန်းညိနိုင်းပေးရင်ကောင်းမယ်။ကျနော်တို့မြန်မာတွေ
အရမ်းသနားဖို့ကောင်းတယ်။
နောက်တစ်ယောက်ကတော့ အကိုရေပိုက်ဆံမပို့နိုင်ပေမဲ့ ဒီမှာနေရတာ
ဘာကြေးညာကြေးမရှိဘူး မီးကင်းကြေးမရှိဘူး ပြည့်စုံတယ်
လူနေမှုအဆင့်အတန်းမှီတယ်။ဗမာပြည်မှာလုပ်စားရတာထက်နေရေးစားရေး
ပညာရေးအားလုံးအဆင်ပြေတော့မပြန်ဖြစ်တော့ဘူး။ပြန်ဖို့လဲမလွယ်ပါဘူး
ပိုက်ဆံကိုနှစ်နဲ့ချီစုရဦးမယ်။အခုတက်မဲ့ဝန်ကြီးချူပ်အသစ်ကပြောတာတော့
ရွေ့ပြောင်းအလုပ်သမားတွေ အောက်ခြေတရက်ကို
300ဘတ်အနည်းဆုံးရမယ်လို့ပြောတာဘဲ။လွယ်တော့မလွယ်ပါဘူးဗျာ။ဒီယာယီပတ်စပို့စ်ဟာ7လပိုင်း1ရက်နေ့ကစပြီး
သက်တမ်6းနှစ်ပေးတာပါ။ဒါကို ထိုင်းကုမ္မဏီတွေက
ခြောက်နှစ်အတွက်ပိုက်ဆံပိုကောက်ဖို့ပြင်ဆင်နေကြပါတယ်။အာဏာပိုင်တွေက
ဘယ်လိုလုပ်မလဲဆိုတာတော့စောင့်ကြည့်ချင်ပါသေးတယ်။တချို့ထိုင်းတွေဟာ
မသိနားမလည်တဲ့မြန်မာတွေကို
ပါးပါးနဲ့သွေးထွက်အောင်လှီးနေကြတယ်။အရင်ကဘာမှမရှိတဲ့ထိုင်းတွေဟာယာယီပတ်စ်ပို့စ်ပေါ်လာမှ
တိုက်ဆောက်ကားစီးနေကြပါတယ်။မြန်မာအလုပ်သမားတွေကတော့
ကြိုထုတ်တဲ့ပိုက်ဆံကိုကျေအောင်မနည်းရုန်းကန်နေကြရပါတယ်။မြန်မာနိုင်ငံကြီးမြန်မြန်တိုးတက်ပြောင်းလဲပြီါ်မြန်မာပြည်သူပြည်သားတွေပြန်လာဖို့ဘဲ
မျှော်လင့်ပါတယ်..............
အကြိုက်များသော Posts
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
တာပိန်ရေအားလျှပ်စစ်စက်ရုံမှာ လေအေးပေးစနစ်များ ပြုပြင်ပြီးပြန်လာတဲ့ မော်တော်ယာဉ်ကို သြဂုတ်လ ၂ ရက်နေ့မှ ကေအိုင်အေတပ်ဖွဲ့ ပစ်ခတ်ခဲ့တဲ့အတွက...
-
မြန်မာ့တပ်မတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ (Passport Visa) ဗီဇာ သက်တမ်း တိုး သူများအတွက် အကုန်အကျသက်သာသွားပြီဖြစ်ပါကြောင်း ယနေ. မှ စတင်ပြီး ထ...
-
ဆောင်းပါးရှင် Kyi Wah Htun ( ဒီဆောင်းပါးလေးဟာ ဆောင်းပါးရှင်ကြည်ဝါ ရဲ.ပထမဆုံးရေးတဲ့ဆောင်းပါးဖြစ်ပေမဲ့ အရေးအသားနှင့်မြန်မာမိန်ကလေးများ...
-
ခုတလော လူလိမ်တွေ များတယ်...သတိပြုကြဖို. လူလိမ် ။ ။ ဟလို အကို ကျနော် ------မြို.ကို ငွေ 28000 လွဲချင်လို. ရမလား ငွေပို.သူ ။...
-
မြန်မာတပ်မတော် သံချပ်ကာတပ် အမျိုးစား-၅၉ဒီ များကို ၂၀၀၃ ခုနှစ်တွင်း တွင် ပထမသုတ် ၁၈၀ လက်ခံရရှိပြီး ဒုတိယအသုတ် ၁၅၀ ကို ၂၀၀၄ မေလ အတွင...
-
ပိုလန်နိုင်ငံမှ ဇက်အမ်ဘူးမား-လာဘီဒီ (ZM Bumar-Labedy) က နောက်ဆုံးပေါ် တိုက်ပွဲဝင်တင့်ကား ပီတီ-၉၁ပီ ကို မိမိ၏ပြည်ပပို့ကုန်အဖြစ် ရေင်း...
No comments:
Post a Comment