ကျွန်တော်တို့သည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းအများစွာ ကျွန်ခံပြီး ထိုင်းလူမီူးတွေအနိုင်ကျင့်ခံ
အလုပ်လုပ်ခဲ့ပြီး အခွန်လွတ်ဈေး အနီးယာဉ်ကားဝင်း ထားဝယ်မြို့တွင်ဈေးဆိုင်ခန်းဝယ်ပြီး ထမင်းဆိုင်ရောင်စားပါတယ်။ဆိုင်ခန်းတစ်ခန်းကို ၆၅သိန်းနဲ့ဝယ်ပြီးလုပ်စားနေပါတယ်။ဆိုင်ခန်းမြေပိုင်ရင်က ဌာနဆိုင်ရာမြေ(အထွေထွေခရိုင်ဦးစီးဌာနပိုင်မြေ)သည့်မြေပေါ်တွင်ဆိုင်ခန်းတွေကိုအရောင်းဝယ်လုပ်နေကြတာ
ကြာပါပြီ။ဌာနဆိုင်ရာကမြေပြန်သိမ်းပြီးဆိုင်ခန်းကိုအဌါးပြန်လုပ်မည်လို့သိရပါတယ်။ကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီးလုပ်တယ်လို့သိရပါတယ်။လက်ရှိပိုင်ဆိုင်ထားသောဆိုင်ခန်းပိုင်ရှင်တွေကိုလဲ နစ်နာကျေးဟူ၍ပြန်မပေးဘူးလို့ကြားသိရပါတယ်။ကျွန်တော်တို့တွင်နှစ်ပေါင်းအများစွာ ထိုင်းနိုင်ငံတွင် အလုပ်ခဲ့သမျှ စစ်အစိုးရခောတ်အလွန် အသွင်ကူးပြောင်းကာလတွင် ဘဝပျက်ခဲ့ရပါပြီ။ဒီငွေ၆၅သိန်းဆိုသောငွေသည်။ကျွန်တော်တို့ ဘဝတွင်တော့ထိုင်းနိုင်ငံတွင် ပြန်ပြီး ကျွန်ပြန် ခံရပါတော့မည်။၆၅သိန်းဆိုသောငွေသည်။ကျွန်တော်တို့တွင် အတိုးနဲ့ချေးပြီး ဝယ်ခဲ့တာပါ။ဌာနာဆိုင်ရာလူကြီးများသိအောင်တော့
တစ်ဆင့် တစ်ဆင့်ပြောပေးကြပါ။ အခွန်လွတ်ဈေး အနီးယာဉ်ကားဝင်း
တွင်ဈေးဆိုင်ပေါင်း အခန်း၈၀ လောက်ရှိပါတယ်။ဆောက်လုပ်ခွင်ရသောကုမဏီတွင် လူကြီလဲ ရှယ်ရာပါဝင်နေတယ်လို့ကြားသိရပါတယ်။လူတစ်စုကောင်းဖို့ရေလူအများစု ဘဝပျက်ပေးရပါတယ်။အခွန်လွတ်ဈေး အနီးယာဉ်ကားဝင်းတွင်အလုပ်ကိုင်နေသောမီသားစုတွေလဲ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါပြီ။
(မေလ်းသို. ပေးပို.လာသည့် ရင်ဖွင့်သံစာလေးဖြစ်ပါတယ်)