င်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်
အလုပ်သမား အကာအကွယ်ပေးရေးဥပဒေ၊
အလုပ်သမားဥပဒေ၊ ပညာရေးဆိုင်ရာအတွက် ပြဌာန်းထားသော ဥပဒေ၊ လျော်ကြေးငွေနှင့်
ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ လူမှု ဖူလုံရေးဥပဒေတို့တွင်
နိုင်ငံခြားသားအလုပ်သမားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း
ပြဌာန်းထားသည်။
၁၉၉၈ ခုနှစ်တွင် ပြဌာန်းထားသော အလုပ်သမား အကာအကွယ်ပေးရေး ဥပဒေတွင်
အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖေါ်ပြထားသည်။
အပိုဒ် (၅) အလုပ်ရှင်ဆိုသည်မှာ
အလုပ်သမားကို လက်ခံ၍ အလုပ်ပေးထားပြီး လုပ်အားခ ရှင်းပေးသူကို ဆိုလိုသည်။
ထို့ပြင် အလုပ်ရှင်၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူ လူတ
ဦးတယောက်သည်လည်းကောင်း၊ အလုပ်အား ပုဒ်ပြတ်ယူလုပ်သည့် ပုဒ်ပြတ်အလုပ်ရှင်
သည်လည်းကောင်း အလုပ်ရှင်စာရင်းတွင် အကျုံးဝင်သည်။
အလုပ်သမားဆိုသည်မှာ အလုပ်ရှင်ထံတွင် အခကြေးငွေယူ၍ အလုပ် လုပ်သူကို ဆိုလို သည်။
အလုပ်သဘောတူချက် အလုပ်ရှင်နှင့် အလုပ်သမားကြားတွင်
အခကြေးငွေ မည်ရွေ့မည် မျှဖြင့် လုပ်မည်ကို သဘောတူညီ၍၊
စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ၊ နှစ်ဦးနှစ်ဘက်
သဘောတူညီထားချက်ကို ဆိုလိုသည်။
အလုပ်လုပ်သည့်ရက် ဆိုသည်မှာ အလုပ်သမားအတွက် သတ်မှတ်ထားသော အလုပ် လုပ်ရမည့်ရက်များကို ဆိုလိုသည်။
လုပ်အားခ ဆိုသည်မှာ အလုပ်ရှင်က အလုပ်သမားအား
နာရီဖြင့်ဖြစ်စေ၊ နေ့စဉ်ဖြစ်စေ၊ အပတ်စဉ်ဖြစ်စေ၊ လစဉ်ဖြစ်စေ သို့မဟုတ်
အချိန်ကာလတခုအတွင်း အလုပ်သမား၏ အလုပ် လုပ်နိုင်သည့် အတိုင်းအတာပေါ်မူတည်၍
ရှင်းပေးသည့် အခကြေးငွေကို ဆိုလိုခြင်း ဖြစ်သည်။
အလုပ်ပိတ်ရက် ဆိုသည်မှာ အပတ်စဉ်၊ ရိုးရာဓလေ့အရ အခါကြီး ရက်ကြီးများနှင့် နှစ်စဉ် အလုပ်နားရက်အတွက် သတ်မှတ်ထားသည့် ရက်များကို ဆိုလိုသည်။
အချိန်ပို အတွက်ပေးရသည့် လုပ်အားခ ဆိုသည်မှာ အလုပ်ချိန်၏
ပြင်ပအချိန်တွင် အလုပ် သမား၏ အချိန်ပို လုပ်ဆောင်ထားသည့် လုပ်အားခကို
အလုပ်ရှင်က ပေးရခြင်း ဖြစ်သည်။
လျော်ကြေးငွေ ဆိုသည်မှာ အလုပ်ရှင်မှ အလုပ်သမားအား အလုပ်မှ
ရပ်စဲလိုက်သည့်အခါ တွင်ဖြစ်စေ၊ အခြားသော ပြဿနာများ ပေါ်ပေါက်လာသည့်
အခါများတွင် ပေးရသည့် အခ ကြေးငွေကို ဆိုလိုသည်။
အပိုဒ် (၁၀) ငွေနှင့်သက်ဆိုင်သည့် အလုပ်များတွင် အလုပ်လုပ်နေသူ သို့မဟုတ်
ပျက်စီး ဆုံးရှုံးလွယ်သော ပစ္စည်းများတွင် အလုပ်လုပ်နေသူများထံမှ
အလုပ်ရှင်များအနေဖြင့် ကြို တင်ငွေကောက်ခံနိုင်ပြီး အခြားသော
လုပ်ငန်းများတွင်မူ အလုပ်ရရှိရေးအတွက် အာမခံငွေ နှင့်
ပျက်စီးဆုံးရှုံးမှုအတွက် ကြိုတင်ငွေကောက်ခံခြင်း ပြု၍မရပါ။
အပိုဒ် (၂၄) အလုပ်သားစိတ်ဆန္ဒသဘော မပါဘဲ အလုပ်ရှင်သည် အလုပ်သမားအား အတင်းအကြပ် အချိန်ပို အလုပ် စေခိုင်း၍ မရပါ။
အပိုဒ် (၂၈) အလုပ်ရှင်သည် အပတ်စဉ် (သို့မဟုတ်) အလုပ်လုပ်သည့် ရက် ၆ ရှိတိုင်း အ လုပ်သမားအား (၁) ရက် နားခွင့်ပေးရမည်။
အပိုဒ် (၃၀) လုပ်သက် (၁) နှစ်ရှိ အလုပ်သမားတဦးသည် နှစ်စဉ် နားရက်အဖြစ် အလုပ် လုပ်သည့် ရက်တွင်းမှ (၆) ရက် နားခွင့်ရှိသည်။
အပိုဒ် (၃၂) ဖျားနာနေပါကလည်း အလုပ်သမားအနေဖြင့် ဆရာဝန်၏ ထောက်ခံချက်ဖြင့် (၃) ရက်ထက်ကျော်လွန်၍ အနားယူခွင့် ရှိသည်။
အပိုဒ် (၃၈) အမျိုးသမီးအလုပ်သမားများအား သတ္တုမိုင်း၊ မြေအောက်၊ ရေအောက်၊
တောင် တွင်း ၀င်ရောက်၍ လုပ်ကိုင်ရသည့် အလုပ်များ၊ ဥမင်လိုက်ခေါင်းများ၊
မီးတောင်များ၊ မြေပြင်အထက် ၁၀ ကိုက် ထက်မြင့်သော အလုပ်များ၊
ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ထုတ်လုပ်သည့်နေရာများ၊ ယင်းပစ္စည်းများကို
ပို့ဆောင်သည့်လုပ်ငန်းများ၊ မီးလောင်စေ တတ်သည့် နေရာများတွင်
အလုပ်စေခိုင်းခြင်းကို တားမြစ်သည်။
အပိုဒ် (၃၉) ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးအလုပ်သမားအား ည ၁၀.၀၀ နာရီမှ
နံနက် ၀၆.၀၀ အတွင်း အလုပ်စေခိုင်းခြင်းကို တားမြစ်သည်။ စက်သံဆူညံနေသည့်
နေရာ များ၊ ပစ္စည်းများကို သယ်ပိုးရသည့် လုပ်ငန်းများ၊ အလေးအပင်များကို
မရသည့်လုပ်ငန်း များ၊ အလေးအပင်များကို ဆွဲရသည့် လုပ်ငန်းများ သို့မဟုတ် ၁၅
ကီလိုထက် လေးသော ပစ္စည်းများကို တွန်းရသော လုပ်ငန်းများတွင်
အလုပ်လုပ်ခြင်းကို တားမြစ်သည်။
အပိုဒ် (၄၁) ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးသည် ရက် (၉၀) ထက် မနည်းပဲ သား သမီးမွေးဖွားရန် အတွက် အလုပ်မှ အနားယူခွင့်ရှိသည်။
အပိုဒ် (၄၄) အသက် ၁၅ နှစ်အောက်ရှိသော ကလေးကို အလုပ်မခိုင်းစေရပါ။
အပိုဒ် (၄၅) အသက် (၁၈) နှစ်အောက် ကလေးအား အလုပ်စေခိုင်းသူကို တွေ့ရှိပါက အလုပ်သမား စစ်ဆေးရေး အရှိထံတွင် တိုင်ကြားနိုင်သည်။
အပိုဒ် (၄၉) အရည်ကျိုသည့်လုပ်ငန်းများ၊ မီးပူတိုက်သည့်လုပ်ငန်းများ၊
နန်းစွဲသည့်လုပ် ငန်းများ၊ အပူနှင့် အလုပ်လုပ်သည့်
အလုပ်များ၊အအေးတိုက်များ၊ ကြောက်လန့််သွားစေမည့် လုပ်ငန်းများ၊
ဓါတုပစ္စည်းနှင့် ပတ်သက်သည့်အလုပ်များ၊ အဆိပ်ပစ္စည်းများ၊ ပေါက်ကွဲစေ တတ်သည့်
ပစ္စည်းများ၊ မီးလောင်လွယ်သည့်ပစ္စည်းများ၊ အလေးအပင် မသည့် ကရိန်များ၊
ဝန်ချီစက်များ၊ ရေအောက် ဥမင်လိုက်ခေါင်များ၊ မီးတောင်၊ ရေဒီယိုသတ္တိကြွမှုကို
ဖြစ်စေနိုင် သည့် လုပ်ငန်းခွင်များတွင် အသက် (၁၈) နှစ်အောက် ကလေးများ
အလုပ်ငှားရမ်း ခိုင်းစေ ခြင်းကို တားမြစ်သည်။
အပိုဒ် (၅၀) အသက် (၁၈) နှစ်အောက် ကလေးအလုပ်သမားများအား သားသတ်သည့် အ
လုပ်ခွင်များ၊ လောင်းကစားဝိုင်းများ၊ ကပွဲရုံများ၊ အက၀ိုင်းများ၊
အဖျော်ယမကာဆိုင်များ၊ ထိုင်းနိုင်ငံတောင်ပိုင်း မူဆလင်ဘာသာဝင် ကလေးငယ်များ
ကလေ့ရှိသည့် အကများတွင် ငှားရမ်းအသုံးပြုခြင်း၊ စေခိုင်းခြင်းကို
တားမြစ်သည်။
အပိုဒ် (၅၄) လုပ်အားခ၊ အချိန်ပိုခ ငွေရှင်းရာတွင် ထိုင်းဘတ်ငွေဖြင့်သာ ရှင်းပေးရမည်။
အပိုဒ် (၅၅) လုပ်အားခငွေ ရှင်းရာတွင် အလုပ်လုပ်နေသည့် အလုပ်ရုံ နေရာတွင်သာ ရှင်း ပေးရမည်။
အပိုဒ် (၆၁) အချိန်ပိုကြေးငွေ ပေးရာတွင် သာမန်လုပ်ရက်တွင် တနာရီရသည့်ငွေ၏ တဆခွဲ ခန့်ကို ပေးရမည်ဖြစ်သည်။(မြန်မာအလုပ်သမားများသိရှိနားလည်စေရန်ရည်ရွယ်သည်) ဝေမင်း

No comments:
Post a Comment